Home
»
ပြည်တွင်းသတင်း
» မီးရထားလမ်းများ အဆင့်မြှင့်တင်ပြုပြင်ဆောင်ရွက်ရန် ဒေါ်လာ သန်း ၅ဝဝ ချေးငွေယူရန်စီစဉ်
ရန်ကုန် အောက်တိုဘာ ၂၆မြန်မာနိုင်ငံ၏ အမျိုးသားဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်အရ ရထားပို့ဆောင် ရေးဝန်ကြီးဌာနအောက်ရှိ မြန်မာ့မီးရထားလုပ်ငန်းမှ ရထားလမ်းများအဆင့်မြှင့် တင်ပြုပြင်ဆောင်ရွက်ရန်အတွက် ဂျပန်နိုင်ငံ JICA ထံမှ အတိုးနှုန်းအနည်းဆုံး ဖြင့် ချေးငွေအမေရိကန်ဒေါ်လာ သန်း ၅ဝဝ ရယူရန်စီစဉ်ထားရှိကြောင်း မြန်မာ့မီးရထားလုပ်ငန်းမှ သိရသည်။
အတိုးနှုန်းအနည်းဆုံးဖြင့် ရရှိချေးငွေများအား လက်ရှိမြန်မာ့မီးရထား လုပ်ငန်းမှ အဆင့်မြှင့်တင်ပြုပြင်ဆောင်ရွက်ရန်အတွက် ရန်ကုန်-မန္တလေးရထား လမ်း ခရီးစဉ်တစ်လျှောက်၌ရှိနေသော ရန်ကုန်-တောင်ငူ၊ တောင်ငူ-ရမည်းသင်း၊ ရမည်းသင်း-မန္တလေးအစရှိသည့် ရထားလမ်းခရီးစဉ်လမ်းကြောင်းများပေါ်ရှိ ရထားလမ်းများအား အဆင့်မြှင့်တင် ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်သည်။
http://www.moi.gov.mm/npe:zg/news/27/10/2013/id-7160
အေးချမ်းမွန် Credit To >သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း https://www.facebook.com/excellencemedia
Post a Comment