ဗန်ကောက် အောက်တိုဘာ ၂၆
အောက်တိုဘာ ၂၄ ရက်က ထိုင်း နိုင်ငံတွင် လုပ်ငန်းရှင်သူဌေးနှင့် ပွဲစားတို့ ပူးပေါင်း၍ ဒေသခံရဲများ ဝင်ရောက် ဖမ်းဆီးခြင်းခံခဲ့ရသည့် ဗန်ကောက်မြို့တောင်ဘက် ကီလို မီတာ ၃ဝဝ ကျော် အကွာ တွင်ရှိသော နာနတ်သီးစက်ရုံမှ မြန်မာအလုပ် သမား ၃၇ ဦးအား ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများအဖွဲ့ (Myanmar Association in Thailand) နှင့် ပူးပေါင်းအဖွဲ့တို့က ကူညီဆောင် ရွက်မှုကြောင့် တစ်နေ့တာအတွင်း ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပတ်စ်ပို့နှင့် အလုပ် လုပ်ခွင့် လက်မှတ်အပြည့်အစုံရှိသော မြန်မာအလုပ်သမား ၃၇ ဦးတို့က လုပ်အားခလစာ အလွန်နည်းပါးသဖြင့် အလုပ်ထွက်လိုကြောင်း ပြောဆိုပြီး မိမိတို့၏ စာရွက်စာတမ်းများကို ပြန်လည်တောင်းခံခဲ့ရာမှ ပြဿနာ စတင်ခဲ့ကြခြင်းဖြစ်သည်။http://www.moi.gov.mm/npe:zg/
အေးချမ်းမွန် Credit To > သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း
Post a Comment