0

လွန်ခဲ့တဲ့(၂)ရက်ခန့်က ကျွန်တော့ facebook ပေါ်မှာ မိတ်ဆွေကြီး ကိုအော်ပီကျယ် ရဲ့ နာဂစ်မုန်တိုင်းထက်အင်အားကြီးတဲ့ Cyclone Phailin အိန္ဒိယနိုင်ငံမှာ ၀င်ရောက် သွားတော့ လူဆယ်ဂဏန်းသာ သေခဲ့တယ်။ နာဂစ်ကတော့ သိန်းကျော်သေတယ်။ ဘာကွာလို့လည်း လို့မေးတာကိုအကြောင်းပြုပြီး ကျွန်တော်ရှင်းလင်းပြတာကို လူငယ်တစ်ဦးက comment ၀င်ရေးပါတယ်။

သူ့ရဲ့အရေးဟာ စကားလုံးတွေ မပြင်းထန်ပေမယ့် နာဂစ်မှာ ဒီလိုရေလှိုင်းတွေ တက်တတ်တာကို ကျွန်တော်က သိရဲ့လား၊ ၁၉၇၂-၇၃ လောက် ဘင်္ဂလားဒေ့ရှ်မှာ ဆိုင်ကလုန်းဝင်တော့ ဒီလိုရေလှိုင်းတွေကြောင့် လူတွေ သိန်းချီသေတာရော သိကြရဲ့ လား စသဖြင့် အလွန်အထင်သေးစွာနဲ့ ရေးသားထားတာကိုတွေ့ရတော့ ကျွန်တော် အလွန်စိတ်ထိခိုက်သွားရပါတယ်။

စာလုံးတွေက မပြင်းထန်ပေမယ့် ရေးသားချက် အကြောင်းအရာက ပြင်းထန် လွန်းပါ တယ်။ ဘာပြုလို့လည်းဆိုတော့ ကျွန်တော်ဟာ WMO Expert on Storm Surge ဖြစ်ပြီး နိုင်ငံတကာကို Instuctor လုပ်နေသူတစ်ဦးဖြစ်လို့ပါဘဲ။ ၁၉၈၂ ခုနှစ် ကတည်းက Empirical Formula on Storm Surge Forecasting တစ်ခု ကို မြန်မာနိုင်ငံအတွက် ပထမဆုံး ဖေါ်ထုတ်ထားခဲ့သူလည်း ဖြစ်နေပါတယ်။ ဒါကို အခုမှပြောပြတာပါ။

ဒီမှာ ကျွန်တော်ဟာ ငယ်တုံးကလို ဒေါနဲ့မောနဲ့ စော်ကားရကောင်းလား ဆိုပြီး မဖြစ်ခဲ့ပါဘူး။ အသက်အရွယ်အရ ပြောတဲ့သူဟာ လူငယ်တစ်ဦးဖြစ်ပေမယ်။ သူသိသင့်တာကိုတော့ ပြောပြရဦးမှာဘဲဆိုပြီး comment ပေးသူရဲ့ profile ကို ကြည့်တော့လည်း ပြည့်ပြည်စုံစုံ မသိရဘူး။

ဒီမှာ ကျွန်တော်ဟာ ဖြစ်နေရတဲ့ဘ၀ကို ၀မ်းနည်းသွားမိပါတယ်။ ဒီနိုင်ငံမှာ အတတ်ပညာတစ်ခုကို ကြိုးစားပမ်းစားနဲ့ ၀ီရိယထုတ်လုပ်ခဲ့ပေမယ့် အသိအမှတ်ပြု ခံရဖို့ဝေးစွ။ လစ်လျူရှုခံရတဲ့အပြင် အပြစ်ရှာတောင် ခံနေရသေးတဲ့ အခြေအနေတွေ ကို သံဝေဂတွေရသွားခဲ့ပါတယ်။ ၀ဋ်ကြွေးတစ်ခုလို့လည်း မြင်သွားခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့အတွက်ဆုတောင်းဆိုတဲ့ Post တစ်ခုကို သတိလက်လွတ် တင်ခဲ့မိပါတယ်။ သတိလက်လွတ်လို့ ကျွန်တော်ပြောရတာက ပုဂလိက ခံစား ချက်တွေ ကို Public လုပ်လိုက် မိလို့ပါ။

ဒီမှာ ဦးမောင်မောင်မြင့်ဆိုတဲ့ မိတ်ဆွေတစ်ဦးက ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့အမြင် သူ့အတွေ့အကြုံကို post လုပ်ပေးလာပါတယ်။ နာဂစ်နဲ့ပတ်သက်လို့ရော သဘာဝဘေးကာကွယ်ရေးအတွက်မှာရော အားလုံးအတွက် အကျိုးရှိနှိုင်တာ မို့ အောက်ပါ link မှာ ဖတ်ရှုနှိုင်ကြ ပါတယ်။
Maung Maung Myint • 77 mutual friends
https://www.facebook.com/.../posts/10200538546658348...

အေးချမ်းမွန် Credit To >Tun Lwin https://www.facebook.com/excellencemedia

Post a Comment

 
Top