0


လာမယ့်ပွဲစဉ်မှာ ဘာစီလိုနာနဲ့ ကစားရမှာဖြစ်တာကြောင့် ရီးရဲလ်တို့ ဒီပွဲကို အနိုင်ကစားဖို့ ပြင်ဆင်လာခဲ့ပါတယ်။ တိုက်စစ်မှာ မိုရာတာကို အထောင်ထားကစားသွားခဲ့ပြီးရော်နယ်ဒို၊ ဒီမာရီယာ၊ အစ္စကိုတို့နဲ့ ခြံရံခဲ့သလို ပွဲချိန်(၁၄)မိနစ်မှာပဲ ဒီမာရီယာ အကွက်မြင်မြင် ထိုးပေးတဲ့ ဘောလုံးကို ရော်နယ်ဒို ကန်သွင်းခဲ့ပေမယ့် ဂိုးဘေးက ကပ်ထွက်သွားလို့ ရီးရဲလ်တို့ နစ်နာခဲ့ရပါတယ်။

ဒါအပြင် ပွဲချိန်(၂၄)မိနစ်မှာလည်းရော်နယ်ဒိုရဲ့ ကန်ချက်ကို မာလာဂါဂိုးသမား ကာကွယ်နိုင်ခဲ့ပြီး (၄၆)မိနစ်မှာတော့ ညာတောင်ပံကနေ ဒီမာရီယာ ဖြတ်တင်ဘော ပေးပို့လိုက်ရာမှာ ရော်နယ်ဒို
ခေါင်းတိုက်ခဲ့ပေမယ့် မထိခဲ့ဘဲ ဘောလုံးက မြေထောက်ပြီး ဂိုးထဲကို ၀င်သွားခဲ့တာကြောင့် ရီးရဲလ်တို့ အဖွင့်ဂိုးစရခဲ့ပြီး ဒုတိယအနိုင်ဂိုးကိုတော့ နာကျင်အချိန်ပိုမှာ ရော်နယ်ဒိုက ပင်နယ်တီကနေ သွင်းယူပေးခဲ့တာပါ။

အိုဆာဆူနာနဲ့ ဘာစီလိုနာတို့ရဲ့ ပွဲစဉ်မှာတော့ ဘာစီလိုနာရဲ့ (၈)ပွဲဆက် အနိုင်ရလဒ် အဆုံးသတ်ခဲ့ရသလို လာလီဂါမှာ အကောင်းဆုံးစံချိန်ဖြစ်နေတဲ့ (၆၄)ပွဲဆက် ဂိုးသွင်းနိုင်တဲ့ စံချိန်လည်း ရပ်တန့်သွားခဲ့ရပါတယ်။ ဒီပွဲမှာ ဘာစီလိုနာအတွက် မက်ဆီ ပွဲထွက်ပါဝင်လာခြင်းမရှိဘဲ အရန်စာရင်းမှာသာ ပါဝင်ခဲ့ပြီး ခံစစ်ပိုင်းမှာလည်း အရန်ကစားသမားတွေကို အသုံးပြုခဲ့တာ တွေ့ရပါတယ်။ဘာစီလိုနာ ကစားသမားတွေဟာ ဒီပွဲမှာ ဘောလုံးကျွမ်းကျင်မှုတွေ လှလှပပ ထုတ်ပြန်နိုင်ခဲ့ပေမယ့် ထိရောက်တဲ့ တိုက်စစ်ဆင်မှုမျိုး မလုပ်နိုင်ခဲ့တာကြောင့်လည်း အခုလို ဂိုးမရှိ သရေပွဲကြုံခဲ့ရပြီး အက်သလက်တီကို ရှုံးနိမ့်မှုကို အခွင့်ကောင်းမယူနိုင် ခဲ့ရုံသာမက ရီးရဲလ်ကိုလည်း (၃)မှတ်ပဲ ဖြတ်ထားနိုင်ပါတော့တယ်။

ဒါ့အပြင် အက်စ်ပန်ညိုနဲ့ ကစားခဲ့တဲ့ အက်သလက်တီကိုဟာလည်း (၈)ပွဲဆက် အနိုင်ရပ်တန့်ခဲ့တဲ့အပြင် အခုရာသီမှာ ပထမဆုံး ရှုံးပွဲ ကြုံသွားခဲ့ရပါတယ်။ အက်သလက်တီကိုဟာ တိုက်စစ်ပိုင်းမှာ ဒီယေဂိုကော်စတာ၊ ဒေးဗစ်ဗီလာတို့ကို ပွဲထုတ်လာပေမယ့်
နှစ်ဦးစလုံး ခြေစွမ်းမပြနိုင်သလို အက်စ်ပန်ညို ဂိုးသမား ကာဆီလာကို ခြိမ်းခြောက်နိုင်ခဲ့ခြင်းလည်း မရှိခဲ့ပါဘူး။ ဒီထက်ဆိုးတာက အက်သလက်တီကိုတို့ ပေးလိုက်ရတဲ့ဂိုးဟာ ကော်တိုရစ် ကိုယ့်ဂိုးကိုယ် သွင်းမိတာဖြစ်ပြီး ဖူယန်တက်စ် ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို အက်စ်ပန်ညိုတိုက်စစ်မှူး ဂါစီယာမပိတ်နိုင်ခဲ့ပေမယ့် ကော်တိုရစ်ရဲ့ လက်မောင်းနဲ့ထိပြီး ဂိုးဝင်သွားခဲ့တာဖြစ်ပါတယ်။

လာလီဂါပွဲစဉ်(၉)ရလဒ်များ

ရီးရဲလ်၂-၀ မာလာဂါ

အိုဆာဆူနာဝ-၀ ဘာစီလိုနာ

ဗလင်စီယာ၁-၂ ဆိုစီဒက်

အက်စ်ပန်ညို ၁-၀ အက်သလက်တီကို
http://yoyarlay.com/sport/football/38386-2013-10-20-06-24-04
ဇော်ထွန်း(ရိုးရာလေး)

အေးချမ်းမွန် Credit To >YoYarLayhttps://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

Post a Comment

 
Top