သူရိယအလင်းဂျာနယ်တိုက်ပိုင် ပစ္စည်းများ သိမ်းဆည်းခံရမှု ဦးမိုးဟိန်း သတင်းစာရှင်းလင်း
အပတ်စဉ်ထုတ် သူရိယအလင်း ဂျာနယ်တိုက်ကို လူ ၁၅ဦးက အောက်တိုဘာ ၁၈ရက်နေ့ညသန်းခေါင်အချိန်တွင် ရောက်ရှိလာပြီး ဂျာနယ်တိုက်ရှိ ကွန်ပျူတာ Hard-Disk ၁၄လုံးနှင့် နောက်ဆုံးထုတ် ဂျာနယ်များကို ယူဆောင်သွားခဲ့သည်ဟု ဂျာနယ်တိုက်ပိုင်ရှင် ဦးမိုးဟိန်းက ပြောဆိုခဲ့သည်။
ထုတ်ဝေသူ ဦးယုနိုင်နှင့် အငြင်းပွားမှုဖြစ်နေဆဲဟု ဦးမိုးဟိန်းက ပြောဆိုခဲ့ပြီး ယမန်နေ့ည၌ ဖြစ်ပျက်ခဲ့မှုသည် ဂျာနယ်တိုက်သို့ ဝင်ရောက်စီးနင်းခြင်းဟု ယူဆကြောင်း၊ အဆိုပါ ၁၅ဦးမှာ စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်၏ သား မောင်သူရိန်ဝင်းမြင့်နှင့် ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ
ရဲအရေးပိုင်သောကိစ္စကို အမှုဖွင့်တိုင်တန်းထားခြင်းမရှိဘ
သူရိယအလင်းဂျာနယ်မှာ ၁၂စောင်တိတိ ထုတ်ဝေထားပြီး လာမည့် အောက်တိုဘာ ၂၂ရက်နေ့ရက်စွဲဖြင့် ထုတ်ဝေမည့် နောက်ဆုံးထုတ်၌ အလှမယ် မိုးစက်ဝိုင်နှင့် ဖိုးလပြည့်၊ စီးပွားရေးလုပ်ငန်းရှင်များကို စွပ်စွဲတိုက်ခိုက်ထားသည့် ထင်မြင်ချက်များကို ဖော်ပြထားသည်။
ဂျာနယ်ပိုင်ရှင် ဦးမိုးဟိန်းမှာ ၁၉၈၈ခုနှစ် ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့ဖူးသူဖြစ်ပြီး ဗကသတွင် ဝင်ပါခဲ့ဖူးသူဖြစ်သည်။ ကိုမိုးဟိန်းသည် ၂ဝဝ၁ခုနှစ်နောက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့ပြီးနောက် အမေရိကန်သို့ ပြောင်းရွှေ့အခြေချခဲ့သူဖြစ်သည်။
ဦးမိုးဟိန်းသည် နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ဖူးသ
အေးချမ်းမွန် Credit To >Kamayut Media
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.