ရန်ကုန်၊ အောက်တိုဘာ ၂၁။
ထိုင်းနိုင်ငံမှ နာမည်ကြီး အဆိုတော် ကာရဘောင်
(Carabao) မှ ဆီးဂိမ်းပြိုင်ပွဲအတွက် ဘတ်ငွေ ၁ သန်း
(မြန်မာကျပ် ငွေသိန်း ၃၂၀ ခန့်) လှူဒါန်းကြောင်း
သတင်းစာရှင်းလင်းပွဲတွင် ကာလာဘောင်(Carabao)က
ပြောကြားသည်။
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ကာရဘောင်သည် လာရောက်ဖျော်ဖြေမှုပြုလုပ်ခဲ့ပြီး ဆီးဂိမ်းအတွက် လှူဒါန်း
ရခြင်းဖြစ်ကြောင်း ကာရဘောင်က ပြောကြားသည်။
ကာရဘောင် တီးဝိုင်းအနေဖြင့် ဥရောပနိုင်ငံများအထိ
ဖျော်ဖြေမှုများ ပြုလုပ်ခဲ့ပြီး ဆီးဂိမ်းနှင့် ပတ်သက်၍
မြန်မာနိုင်ငံ ပထမဆုံးအကြိမ်တွင် ဖျော်ဖြေခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ကာရဘောင်တီးဝိုင်းအဖွဲ့၏ ဆီးဂိမ်းကြိုဆိုဂုဏ်ပြုဖျော်
ဖြေပွဲကို ယနေ့ ညနေ ၄ နာရီတွင်း Junction Square တွင်
ကျင်းပခဲ့ပြီး ကာရဘောင် တီးဝိုင်းအဖွဲ့နှင့် နိုင်ငံ ၇ နိုင်ငံမှ
Miss International 2012 မယ်များ၊ ထိုင်းမီဒီယာ (၆၀)ခန့် လာရောက်ခဲ့သည်။
ရေးသားသူ- ဉာဏ်လင်းထက်၊ ဇင်နွေထွန်း
တည်းဖြတ်သူ- အေးငြိမ်းသူ
အေးချမ်းမွန် Credit To > People power
Post a Comment