0
BBC နဲ့ အင်တာဗျူး ကိစ္စဟာ တကယ့်ကို ကြိုးတန်းလမ်းလျှောက်ပဲ .. မေးတဲ့ interviewer ရော ဖြေရတဲ့ လူအတွက်ပါ တော်တော်လေး အန္တရာယ်ကြီးပါတယ်
မေးတဲ့လူကလည်း မြန်မာပြည်က လက်ရှိ အခြေအနေတွေက ethic cleasing လုပ်တဲ့ အဆင့်ကိုရောက်နေပြီလို့ တချို့ကပြောကြတယ်..အဲ့ဒါကို လက်ခံလားလို့ မေးတာပါ... ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်ရှိ ဖြစ်နေတဲ့ ပရိပက္ခတွေက ethic cleasing ဖြစ်နေတယ်ဆိုတာ ဟုတ်ပါတယ်လို့ပြောရင် ကျွန်တော်အနေနဲ့တော့ အဲ့ဒါကို လုံးဝ ကန့်ကွက်ပါတယ် အဲ့ဒီစကားက လက်ရှိ လူနည်းစု မွတ်စလင် အသိုင်းအ၀ိုင်းကို ဖေးမကူညီနေကြတဲ့ မွတ်စလင် မဟုတ်တဲ့ မြန်မာ့လူမူ့အသိုင်းအ၀ိုင်းတစ်ခုလုံးကို စော်ကားရာလည်း ရောက်ပါလိမ့်မယ်

သမိုင်းမှာ ဖြစ်ခဲ့သမျှ Genocide တို့ ethic cleansing ဆိုတဲ့ ကိစ္စမှာ အာဏာပိုင် အစိုးရက လစ်လျူရူမူအပြင် လူများစုဆိုသူများကပါ တကြိတ်တည်း တဥာဏ်တည်း တစုတစည်းတည်း တဆန္ဒထဲ လုပ်ခဲ့ကြတာမျိုးပါ လက်ရှိ မြန်မာနိုင်မှာဖြစ်နေတဲ့ violence တွေအကုန်လုံးက sectarian violence အဆင့်မှာပဲ ရှိတယ်လို့ ကျွန်တော် ယူဆပါတယ် ethic cleasing လုပ်ချင်တဲ့ လူတွေ ရှိကောင်းရှိပါလိမ့်မယ် ဒါပေမယ့် ဒါဟာ မြန်မာပြည်သူလူထု တစ်ခုလုံးရဲ့ ဆန္ဒလည်း မဟုတ်ပါဘူး အသိဥာဏ် နိမ့်ပါး လူတစ်စု အဖွဲ့အစည်းတစ်ခုရဲ့ ဆန္ဒပဲ ဖြစ်ပါတယ် နောက်ပြီးစဉ်းစားရမယ့်အချက်က ရိုဟင်ဂျာတွေကိုသီးသန့် ethic cleasing လုပ်ချင်တယ်ဆိုရင် မိထ္တီလာတို့ လားရှိုးတို့ဘက်က မွတ်စလင် လူနည်းစုတွေ နောက်ဆုံး စစ်တွေ သံတွဲဘက်မှာ ဖြစ်သွားတဲ့ ကမန်ရွာတွေကို အကြမ်းဖက်မူတွေ ဖြစ်လာစရာမရှိပါဘူး မိထ္တီလာနဲ့ လားရှိုးကိစ္စမှာဆိုရင် ထွက်ပြေးလာကြတဲ့ အစ္စလာမ်ဘာသာဝင်တွေကို ခိုလှုံခွင့်ပေးပြီး စောင့်ရှောက်ခဲ့တဲ့ ဘုန်းတော်ကြီးတွေရှိခဲ့တာကို ဆင်ခြင်စေလိုပါတယ် ဒါဟာ အကောင်းထဲက အဆိုးပါ....

ဒီလိုအခြေအနေမျိုးမှာ ethic cleasing ဟုတ်ပါတယ်လို့ ပြောရင် အကြီးကြီးလွဲပါလိမ့်မယ်.. လက်ရှိအစိုးရအပေါ်လည်း မလိုလားအပ်တဲ့ ဖိအားတွေ ဖြစ်လာမယ့်အပြင် လတ်တလောမှ အနည်းငယ် ကြည်လင်စ ပြုလာတဲ့ နှစ်ဖက် အတိုက်အခံ မြန်မာ့နိုင်ငံရေး ခေါင်းဆောင်တွေ ကြားမှာလည်း မလိုလားအပ်တဲ့ တင်းမာမူတွေရှိလာမှာပါ စကားလုံး ရွေးချယ်မူဟာ အရမ်းအရေးကြီးပါတယ် ဒေါ်အောင်ဆန်းစုကြည်ဟာ မွတ်စလင် အများစု ပစ်မှတ်ထားခံခဲ့ရတယ်ဆိုတာကို လက်ခံပေမယ့် ethic cleasing ဆိုတဲ့ စကားလုံးကိုပဲ deny လုပ်သွားတာပါ ရိုဟင်ဂျာတွေနဲ့ ဖြစ်ခဲ့တဲ့ ကိစ္စမှာ နေရာရွေ့ပြောင်းရမူတွေ လူအသေအပျောက်တွေရှိခဲ့တဲ့အတွက် ethic cleansing လုပ်နေတာလားလို့ ထင်ကြတဲ့လူတွေကိုလည်း အပြစ်မပြောလိုပေမယ့် အဲ့ဒီလောက် အဆင့်တော့ ရောက်မသွားဘူးလို့ ကျွန်တော် ယုံကြည်ပါတယ် နှစ်ဖက် လူ့အဖွဲ့အစည်းမှာ အထိနာမူတွေရှိပေမယ့် လူနည်းစုဖြစ်တဲ့ မွတ်စလင်တွေ ပိုပြီး အထိနာတဲ့ သဘောပဲ ဖြစ်ပါတယ် .. ethic cleasing လုပ်ချင်တဲ့လူတွေ ရှိတယ်ဆိုတာ မှန်ပေမယ့် ethic cleasing အထ မြောက်သွားတယ်ဆိုတာ လက်မခံနိုင်ပါ..

ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့နောက် တစ်ချက် ရှိပါသေးတယ် မြန်မာပြည်ရဲ့ နိုင်ငံရေး စီးပွားရေး လူမူရေးကဏ္ဍတွေမှာ အရေးပါတဲ့ တာဝန်တွေထမ်းဆောင်နေတဲ့ အစ္စလာမ်ဘာသာဝင်တွေ အများအပြား ရှိတယ်ဆိုတဲ့ အချက်ပါ..အဲ့ဒီ ပညာတတ် မွတ်စလင်တွေကို လက်ရှိ မြန်မာပြည် လူမူ့ အသိုင်းအ၀ိုင်းက ဆိုးဆိုးရွားရွား ၀ိုင်းကျဉ်တာမျိုး ပစ်ပယ်တာမျိုး ရှိသလားဆိုတဲ့ အချက်ပါ ဒါလည်း ကျွန်တော်တွေ့မိသလောက်မရှိပါ

အရင် စစ်အစိုးရရဲ့ အမွေဆိုးကို ဆက်ခံရတာကြောင့် လက်ရှိ ပြည်တွင်းက ဒုက္ခသည်စခန်းတွေမှာ မွတ်စလင်တွေ နေထိုင်နေရသလိုပဲ တခြား ဗုဒ္ဓဘာသာနဲ့ တိုင်းရင်းသားလူမျိုးတွေလည်း ကိုယ့်ရပ်ကိုယ့်ရွာကို စွန့်ခွာပြီး ထိုင်းနိုင်ငံဘက်က ဒုက္ခသည်စခန်းတွေမှာ ထုနဲ့ ဒေးပဲလို့ ပြောသွားပါတယ် လက်ရှိ မြန်မာနိုင်ငံအရေးမှာ လူနည်းစု မွတ်စလင်တွေသာလျှင် ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတာ မဟုတ်ဘဲ ဗုဒ္ဓဘာသာဝင်တွေလည်း အကြောင်းအမျိုးမျိုးနဲ့ ဒုက္ခသည်စခန်းရောက်နေရတာရဲ့ အဓိက တရားခံဟာ အရင် စစ်အစိုးရရဲ့ ဆိုးရွားတဲ့ စီမံအုပ်ချုပ်မူတွေကြောင့်လို့ ထောက်ပြသွားတာပါ
ဦးဝီရသူနဲ့ ပတ်သတ်လို့လည်း မေးသွားပါသေးတယ်.. ဒီဘုန်းကြီး ထောင်ထဲက အပြင်ထွက်ကတည်းက မွတ်စလင်မုန်းတီးရေး တရားတွေ ဟောနေတာကို ရှင့်အနေနဲ့ ဘယ်လို သဘောထားသလဲ ဒီလို အမုန်းတရားတွေကို ရှုံ့ချပါသလားလို့ မေးတော့လည်း .. ဘယ်လို အမုန်းတရားမျိုးကိုမဆို ရှုံ့ချကြောင်းနဲ့ ဦးဝီရသူကို ကိုင်တွယ်ဖို့ ကိစ္စက အစိုးရအပေါ်မှာသာ အဓိက တာဝန်ရှိကြောင်း ပြောသွားပါတယ် ..

လက်ရှိ ကျွန်တော့်အမြင်အရတော့ ဒေါ်အောင်ဆန်းစုကြည် ကာကွယ်ရမှာ သူ့ရဲ့ Politician image ကိုပါ Nobel

Post a Comment

 
Top