0

ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်း ၅ ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁ ရက် (ယနေ့) တွင် ကျင်းပပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကား ပြောကြားခဲ့ကာ ပညာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားခဲ့သည်။
“အခုလို ကျောင်းဆောင်သစ်ကြီး ဖွင့်လှစ်တဲ့အခါ ပိုမိုစည်းကမ်းကောင်း မွန်ပြီး ပိုမို နမူနာယူထိုက်တဲ့ စံနမူနာပြ ကျောင်းကြီးအဖြစ်နဲ့ ဆက်လက် ရှင်သန်ပါစေလို့ကျွန်တော့်အနေနဲ့ ဆန္ဒပြုပါတယ်။ ဒီ့အပြင် ဒီကျောင်း ကြီးဟာ မြန်မာနိုင်ငံအတွက် စံပြကျောင်းကြီး ဖြစ်အောင် ဆရာ၊ ဆရာမ များ ၀ိုင်းဝန်းကြိုးပမ်းပေးပါလို့ ကျွန်တော့် အနေနဲ့ တိုက်တွန်းလိုပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ သည်။
ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း (TTC) သည် နိုင်ငံ၏ မျက်နှာစာတစ်ခုဖြစ်သကဲ့ သို့ ရန်ကုန်မြို့၏ မျက်နှာစာ ကျောင်းကြီး တစ်ခုလည်းဖြစ်ကြောင်း၊ ကျောင်းရှိ ဆရာ၊ မိဘ၊ ကျောင်း သား အားလုံးက သုံးပွင့်ဆိုင် စည်းလုံးညီညွတ်သည့် ကျောင်းတစ်ကျောင်း ဖြစ်သည်ကို ပြသနိုင်ရန်အတွက်လည်း လိုအပ်ပြီး ကျောင်း၏ စည်းကမ်း ကောင်းရန်လည်း လိုအပ်မည်ဖြစ်ကြောင်း ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ထည့်သွင်း ပြောကြားခဲ့သည်။
အဆိုပါ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
The Ladies News
============
http://www.theladiesnewsjournal.com/…/fri-2017-12-01-1…/8409

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top