မြန်မာပြည်ဈေးကွက်ထဲမှာ ဖြန့်ဖြူရောင်းချနေတဲ့ Henan Dekang ဆေးကုမ္ပဏီထုတ် ဆေးဝါး တစ်မျိုးဟာ ဆေးဝါးအတုဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အသိပေးကြေညာ လိုက်ပါတယ်။
ဈေးကွက်ရှိဆေးဝါးတွေကို ပုံမှန်စစ်ဆေးဆောင်ရွက်ခဲ့ရာမှာ ဆေးဘူးပေါ်မှာ ဖော်ပြချက်အရ Henan Dekang Pharmaceutical Co., Ltd ထုတ် Griseofulvin Tablets 125mg ဆေးဝါးဟာ မြန်မာနိုင်ငံမှာ ဆေးဝါးမှတ်ပုံတင်မရှိတဲ့ ဆေးဝါးအတုဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။
ဆေးဝါးအတုနဲ့ စံမညီဆေးဝါးတွေကို မှီဝဲတဲ့ရောဂါဝေဒနာရှင်တွေဟာ စရိတ်ကုန်ကျတဲ့ အပြင် ရောဂါပျောက်ကင်းတာလုံးဝမရှိတဲ့အကြောင်းနဲ့ ဆေးဝါးအတုနဲ့ စံမညီဆေးဝါးတွေတင်သွင်း ဖြန့်ဖြူးရောင်းချရင် အမျိုးသား ဆေးဝါး ဥပဒေပုဒ်မ(၁၈)အရ ပြစ်မှုကျူးလွန်သူကို တရားစွဲဆို အရေးယူမယ်လို့လည်း အသိပေးနှိုးဆော်ထားပါတယ်။
http://burmese.dvb.no/archives/179061
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.