0

ရန်ကုန်၊ ဒီဇင်ဘာ 
ရန်ကုန်မြို့ရှိ ဈေးပေါင်း ၁၇၆ ဈေးကို အဆင့်မြှင့်တင်ခြင်းနှင့် ပျံကျဈေးသည် များစနစ်တကျရောင်းချနိုင်မည့် Hawker Center များကို ယခုအစိုးရ သစ်သက်တမ်းတွင် ပြီးစီးအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဈေးများကို အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ရာတွင် တစ်ကြိမ်ပြင်ဆင်လျှင် ဈေးပေါင်း၂ဝနှုန်းဖြင့်ဆောင်ရွက်မည်ဖြစ်ပြီး Hawker Center များဖော်ထုတ်ပေးခြင်းကို သိမ်ကြီး ဈေးပတ်ဝန်းကျင် တွင် ပြု လုပ်ရန် စီစဉ်ထားကြောင်း၊ အလားတူမင်္ဂလာ ဈေးနေရာကို ပြန်လည်အဆင့်မြှင့် တင်ရာတွင်လည်း Hawker Center များ၊ ကားပါကင်များနှင့် စီးပွားရေး အဆောက်အအုံများ ပါဝင်သည့်ဒီဇိုင်းတစ်ခုကို Compe tition လုပ်နိုင်ရန် မြန်မာနိုင်ငံ ဗိသုကာပညာရှင်အသင်း နှင့်စီစဉ်ထားပြီး ယခုနှစ်မကုန်မီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
''မြို့ထဲမှာ လမ်းမဘေးမှာဈေး ရောင်းနေကြတဲ့လူတွေဟာ အမှန်တော့ ဥပဒေရဲ့ပြင်ပမှာ ရောက်နေတာဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့လမ်းမပေါ်တွေမှာ ဒီအတိုင်းဈေးရောင်းခွင့်မရှိပါ။ဒီအခြေအနေတွေပေါ်မှာ ကျွန်တော် တို့ကပြန်လည်သုံးသပ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ ရန်ကုန်မှာဈေးတွေကလည်း လျှံကျလာတယ်။ ပြည်သူလူထုကလည်း လူဦးရေပိုမို ထူထပ်လာတယ်။ ဒီအခြေအနေတွေအတွက် ခလုတ်တိုက်မှဈေး ဝယ်တဲ့ ဓလေ့စရိုက်တစ်ခုကလည်း ဖြစ်လာတယ်။
ဒါကြောင့် လောလောဆယ် လမ်းမဘေးမှာ ဈေးရောင်းနေတဲ့သူတွေကို တရားဝင်ရပ်တည်မှုတစ်ခုလည်းဖြစ်သွားအောင် ညဈေးတန်းလိုပုံစံမျိုးကို တည်ဆောက်ပေး ခဲ့ပါတယ်။ ဒါကျွန်တော်တို့ပြည်သူလူထုကြားမှာ စားဝတ်နေရေးပြေလည်ဖို့အတွက် ပထမအဆင့်ဈေးတန်းလေးတွေ လုပ်ပေးတာဖြစ်ပါတယ်။ နောက်ပိုင်းမှာ Hawker Center တွေ တည် ဆောက်နိုင်ပြီဆိုရင် လမ်းမဘေးကနေပြီးတော့ ဆိုင်တွေထဲကိုဝင်ရမှာဖြစ်ပါတယ်။ လမ်းမဘေးဈေးသည်တွေကို စနစ်တကျဈေးတန်းထဲကို ထည့်ရပါမယ်။ စနစ်တကျဈေးတန်းထဲကိုထည့်ပြီးမှ Hawker Center တွေကို တည်ဆောက် ပြီး တစ်ဆင့်ချင်းပြောင်းလဲတည်ဆောက်ကြရမှာ ဖြစ်ပါတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဒီဇင်ဘာ၈ရက်က မြို့တော်ခန်းမတွင်ကျင်းပသည့် သက်ဝင်လှုပ်ရှား ရန်ကုန်မြို့၏လမ်းမများ ပွဲတော် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ယခုအခါတွင် ရန်ကုန်မြို့တွင်းရှိ လမ်းဘေးဈေးသည်များနှင့်ပတ်သက်ပြီး မြို့နယ်လေးမြို့နယ်မှ ဈေးသည် စုစုပေါင်း၆ဝဝဝကျော်ကို စာရင်းကောက် ယူထားရာ ယင်းထဲမှ လမ်းမကြီး၁၁လမ်းပေါ်မှ စားသောက်ဆိုင်များ၊ သစ်သီးနှင့်ပန်းဆိုင်များကိုဦးစား ပေးရွှေ့ ထားပေးကြောင်း၊ ယခုအခါတွင် ညနေ ၃နာရီမှ ၉နာရီထိ တစ် ကြိမ်နှင့် နံနက် ၆နာရီမှ နံနက် ၁၁ နာရီအထိ တစ်ကြိမ် ဈေးသည်များကို ရောင်းချခွင့်ပေးထားပြီးဖြစ်သည်။
MMA
Yangon Media Group

Post a Comment

 
Top