0

မျိုးချစ်စိတ် တစ်ခုတည်းနဲ့ နိုင်ငံရေး ဆုံးဖြတ်ချက်ချသူတွေ များနေတယ်ဆိုတာ ဗြိတိန်ဆန္ဒ ခံယူပွဲအပြီး ဥရောပ သမဂ္ဂထဲက ဗြိတိန်ထွက်ခြင်း အနိုင်ရပြီးနောက်မှာ သိသာပါတယ်။
ဥရောပက ထွက်ရင် ငါတို့ဘာများဖြစ်မှာလဲ ဆိုပြီး Google မှာ ဝင်ရှာတဲ့ ဗြိတိန်ဦးရေ သုံးဆလောက် မြင့်တက်လာတယ်လို့ Washington Post သတင်းစာက ရေးသားထားပါတယ်။
ဗြိတိန် ဥရောပ သမဂ္ဂက ထွက်ဖို့ ဦးဆောင်လှုံ့ဆော်သူတွေက အောင်ပွဲတွေ ခံနေကြပေမယ့် သူတို့ကို ထောက်ခံသူတွေက ဘာလို့ ထွက်ရမှန်းတောင် သိပုံမပေါ်ဘူးလို့ နိုင်ငံတကာ သတင်းစာတွေက လှောင်ပြီး ရေးသားနေကြပါတယ်။
သမိုင်းဝင် လူထုဆန္ဒခံယူပွဲ ပြီးသွားတဲ့နောက်မှာ ဗြိတိန် ဥရောပ သမဂ္ဂက ထွက်ခြင်းဟာ သက်ရောက်မှုတွေ အများကြီး ရှိလာပါတယ်။
တချို့သော Brexit ခေါ် ဗြိတိန် ခွဲထွက်ရေး မဲပေးခဲ့သူတွေဟာလည်း ခုတော့ နောင်တရတဲ့ အသံနဲ့ ပြောနေကြတာတွေ ရှိပါတယ်။
“ထွက်မယ်ဆိုပြီး မဲပေးခဲ့ပေမယ့် နောက်တစ်နေ့ မနက် ကျွန်မ အိပ်ရာက နိုးလာတဲ့အချိန်မှာ အဲဒီအရှိန်ဟာ ကျွန်မကို လာထိခိုက်ပါတယ်”လို့ အမျိုးသမီးတစ်ဦးက သတင်းရုပ်သံ ITV ကို ပြောခဲ့ပါသေးတယ်။
“နောက်တစ်ခေါက်သာ မဲပေးခွင့်ရမယ်ဆိုရင် EU ထဲမှာပဲ နေမယ်လို့ မဲပေးခဲ့မှာပါ”လို့ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
စီးပွားရေးအရ ရုတ်တရက် ကမောက်ကမတွေ ဖြစ်ကုန်တာမို့ တကယ်တမ်း ထွက်ကြမယ်ဆိုရင် ဘာတွေဖြစ်မှာလဲဆိုပြီး ဗြိတိန်တွေ စိုးရိမ်ကုန်ကြတာ ဖြစ်ပါတယ်။
ဗြိတိန်တဝှမ်းက ပြည်သူ ၅၂ ရာခိုင်နှုန်းခန့်က EU ထဲက ထွက်မယ်လို့ မဲပေးခဲ့ကြပြီး၊ ကျန် ၄၈ ရာခိုင်နှုန်းပတ်ဝန်းကျင်က ဆက်နေမယ်လို့ မဲပေးခဲ့ကြပါတယ်။
Ref : UPI

The Voice

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top