0

Tuesday, June 28, 2016
ဘင်္ဂလားပင်လယ်အော် ရှိ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်း အဆင့် ဖြစ်လာနိုင်ခြင်းကြောင့် စောင့်ကြည့်အဆင့် သတ်မှတ် ထားကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်ကပြောသည်။
ဘင်္ဂလားပင်လယ်အော် အ နောက်အလယ်ပိုင်းတွင် ဇွန်လ ၂၆ ရက်စတင်ကာ လေဖိအား နည်းရပ်ဝန်းဖြစ်ခဲ့ပြီး ဇွန်လ ၂၈ ရက်တိုင်းတာချက်များအရ ပိုမို အားကောင်းလာကာ မုန်တိုင်းဖြစ်လာနိုင်ကြောင်း ဒေါက်တာထွန်းလွင်က ရှင်းပြသည်။
‘‘လေဖိအားနည်းရပ်ဝန်းက တော့ ပိုမိုအားကောင်းလာတယ်။ မုန်တိုင်းဖြစ်လာဖို့ အလားအလာ ကလည်းရှိနေတာကြောင့် စောင့် ကြည့် (Close Watch) အဆင့် သတ်မှတ်နိုင်ပါတယ်’’ဟု ပြော သည်။
ယင်းလေဖိအားနည်းရပ် ၀န်းသည် မုန်တိုင်းဖြစ်လာပါက ဘင်္ဂလားပင်လယ်အော်တွင် ၂၀၁၆ အတွင်း နှစ်လုံးမြောက်ဖြစ် လာမည့် မုန်တိုင်းဖြစ်သည်။ ၂၀၁၆အတွင်း ပထမဆုံး မုန်တိုင်း ဖြစ်သော ရွန်နူမုန်တိုင်းသည် ရခိုင် ကမ်းရိုးတန်းအနီးမှ ဖြတ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း မြို့သို့ မေလ ၂၁ ရက်က ၀င် ရောက်ခဲ့သည်။ ယင်းမုန်တိုင်း ကြောင့် မြန်မာနိုင်ငံတွင်လည်း နေရာကွက်၍မိုးကြီးခဲ့ပြီး ရေဘေး အန္တရာယ်ရင်ဆိုင်ခဲ့ရသည်။လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ပဲခူးတိုင်း၊ ရန်ကုန် တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တို့၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားသည်။ ဇွန်လ ၂၇ ရက်ကလည်း အထက်ပါ ဒေသ များ နေရာကွက်၍ မိုးကြီးခဲ့ပြီး ရခိုင်ပြည်နယ် စစ်တွေနှင့် မာန် အောင်မြို့၊ ဧရာဝတီတိုင်းဒေသ ကြီး ဟိုင်းကြီးကျွန်းနှင့် လပွတ္တာ မြို့၊ ကချင်ပြည်နယ် ပူတာအိုမြို့၊ တနင်္သာရီတိုင်းဒေသကြီး ကော့ သောင်းမြို့၊ ရှမ်းပြည်နယ် မိုးမိတ် မြို့၊ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မ လင်းမြို့နှင့် မွန်ပြည်နယ် သိမ်ဇ ရပ်မြို့တို့တွင် နေရာကွက်၍ မိုး ကြီးခဲ့ကြောင်း မိုး/ဇလက သတင်း ထုတ်ပြန်သည်။
Credit :မြဝတီ
Yangon Media Group

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top