0


ထီးချိုင့်မြို့နယ် ကမ်းနီ ကျေးရွာရှိ အမိန့်ရအပေါင်ဆိုင်နှစ် ဆိုင်တွင် ရွှေထည်အတုများ လိမ် လည်ပေါင်နှံသူများကို ထီးချိုင့်မြို့ နယ် ရဲတပ်ဖွဲ့စခန်း၌ ဇွန်လ ၂၃ရက်က အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သတင်းရရှိသည်။
ထီးချိုင့်မြို့နယ် ကမ်းနီကျေး ရွာရှိ ကံမြတ်သာအမိန့်ရအပေါင် ဆိုင်တွင် ဇွန်လ ၁၈ ရက်ကအမျိုး သားနှစ်ဦး ဆိုင်ကယ်ဖြင့် ရောက် ရှိလာပြီး ရွှေဆိုင်ဘောက်ချာစာ ရွက်ဖြင့် ရွှေလက်ကောက် ၁၁ ကွင်း (အလေးချိန် ၁၁ ကျပ် သား)ကို ကျပ် ၆၆ သိန်းဖြင့် လိမ် လည်ပေါင်နှံခဲ့ခြင်းဖြစ်သည်။
 ဘားမားဂိုးလ်အမိန့်ရအ ပေါင်ဆိုင်တွင်လည်း ဆိုင်ကယ် တစ်စီးနှင့် အမျိုးသားနှစ်ဦးရောက် ရှိလာပြီး ခိုင်သဇင်ရွှေဆိုင်ဘောက်ချာစာရွက်ဖြင့် ရွှေလက်ကောက်နှစ်ကွင်း(အလေးချိန် နှစ်ကျပ်သား)ကို ကျပ် ၁၃ သိန်းဖြင့် လိမ်လည်ပေါင်နှံခဲ့သည်။

ထီးချိုင့်မြို့ အမှတ် (၃) ရပ် ကွက်ရှိ ဘားမားဂိုးလ်အမိန့်ရအ ပေါင်ဆိုင်တွင် ဇွန်လ ၁၉ ရက်က ငါးမူးသား ရွှေလက်စွပ်နှစ်ကွင်းကို တန်ဖိုးကျပ် ခုနစ်သိန်းဖြင့် လိမ် လည်ပေါင်နှံစဉ် ရွှေထည်ပစ္စည်း အတုများဖြစ်ကြောင်း စစ်ဆေး တွေ့ရသဖြင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့စခန်းသို့ ဆိုင်ပိုင်ရှင်က ဆက်သွယ်အကြောင်းကြားခဲ့သည်။
‘‘အမိန့်ရအပေါင်ဆိုင်တွေ မှာ ရွှေထည်အတုတွေ လိမ်လည် ပေါင်နှံခံရတာ ဆိုင်သုံးဆိုင်ရှိပါ တယ်။ ကမ်းနီကျေးရွာက အမိန့်ရ အပေါင်ဆိုင်နှစ်ဆိုင်မှာ လိမ် လည်ပေါင်နှံပြီး ထီးချိုင့်မြို့ပေါ် က အမိန့်ရအပေါင်ဆိုင်မှာ လိမ် လည်ပေါင်နှံစဉ် ဆိုင်ရှင်က မ သင်္ကာလို့ ရဲကိုဆက်သွယ်တိုင် ကြားတဲ့အတွက် အမျိုးသမီးတစ် ဦးကို ဖမ်းမိထားပါတယ်။ ကျန်တဲ့ သူတွေကိုတော့ စုံစမ်းနေဆဲဖြစ်ပါ တယ်။ ထီးချိုင့်မြို့ပေါ်ကအပေါင် ဆိုင်တွေမှာ လိမ်လည်သူအမျိုး သမီးတစ်ဦးကို ဖမ်းမိတဲ့နောက် ပိုင်းကမ်းနီကျေးရွာ အပေါင်ဆိုင် ပိုင်ရှင်တွေက ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့တာပါ’’ဟု ထီးချိုင့်မြို့ နယ် မြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
ရဲတပ်ဖွဲ့ဝင်များ စစ်ဆေး ချက်အရ ရွှေထည်ပစ္စည်းအတု ဖြင့် လိမ်လည်ပေါင်နှံသည့် ထီး ချိုင့်မြို့ အမှတ်(၁) ရပ်ကွက်နေ  အသက် (၂၇) နှစ်အရွယ် အမျိုး သမီးကို ဖမ်းဆီးရမိခဲ့ပြီး ထီးချိုင့် မြို့နယ် မြို့မရဲစခန်းတွင် အမှုဖွင့် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။
7Day News Journal

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top