ရန်ကုန် - ဇွန် ၂၇
ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့ဘက်စုံဖွံ့ဖြိုးရေး လုပ်ငန်းအစီအစဉ်တွေကိုဒီကနေ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ နဲ့ ပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များတွေ့ဆုံပွဲမှာ တရားဝင်ပြောကြားခဲ့တယ်လို့ မင်္ဂလာဒုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းကပြောပါတယ်။

ရန်ကုန်မြို့ ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းအစီစဉ်တွေထဲမှာ ကျူးကျော်ကိစ္စတွေကို ဖြေရှင်းရေးအပါအ၀င် ကျူးကျော်များထပ်မံမဖြစ်လာစေရေးအတွက် ဥပဒေအရဆောင်ရွက်ရေးကိစ္စ ၊ ဦးသိန်းစိန် အစိုးရလက်ထက်က ၀န်ကြီးဌာနအလိုက်က အဆောက်အဦးတွေကို သက်သာဈေးနှုန်းနဲ့ငှားရမ်းထားတာတွေကို ပြန်လည်ရယူရေးကိစ္စတွေကိုပြောခဲ့တယ်လို့သိရပါတယ်။
ရန်ကုန်မြို့မှာ လျှပ်စစ်ဓာတ်အားသုံးစွဲမှု စနစ်တကျဖြစ်စေရေး နဲ့ ရန်ကုန်မြို့တွင်း အများပြည်သူသုံး ဘတ်စ်ကားလိုင်းတွေကို နိုင်ငံတကာမှာ အသုံးပြုနေတဲ့ နည်းပညာတွေအတိုင်းလုပ်ဆောင်သွားဖို့ ပြောကြားခဲ့တယ်လို့ တွေ့ဆုံပွဲကိုတက်ရောက်ခဲ့တဲ့ ဦးအောင်လှိုင်ဝင်းကပြောပါတယ်။

ဦးအောင်လှိုင်ဝင်းက “ဒီလုပ်ငန်းတွေကိုက ရက်တစ်ရာအစီအစဉ်ပြီးရင် ခြောက်လ စီမံကိန်း ၊ တစ်နှစ်စီမံကိန်းသတ်မှတ်အကောင်အထည်ဖော်မယ်လို့သိရတယ် “ လို့ ပြောပါတယ်။
ရန်ကုန်မြို့ရဲ့ မှုခင်းဖြစ်ပွားတာများတဲ့ လှိုင်သာယာ နဲ့ အခြားမြို့နယ်တွေမှာ ရဲဝန်ထမ်းလိုအပ်ချက်တွေရှိ နေတာတွေကိုလဲ ဖြည့်ဆည်းဆောင်ရွက်သွားမှာဖြစ်တယ်။ ရန်ကုန်မြို့တော်စည်ပင်က ဆောက်လုပ်ခွင့်ချထားပေးတာထက်ပိုပြီးဆောက်လုပ်ထားတဲ့ ဟိုတယ်တွေ အဆောက်အဦးတွေကိုလဲ စစ်ဆေးသွားမယ်လို့ ထည့်သွင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
Author/ဖိုးစိုးသူ
Photo/ဦး ဖြိုးမင်းသိန်းဖေ့ဘုတ်စ်ဘွတ်
Photo/ဦး ဖြိုးမင်းသိန်းဖေ့ဘုတ်စ်ဘွတ်
Post a Comment