ဖြစ်ခဲ့တဲ့ရာဇဝတ်မှုတွေ ကို လေ့လာကြည့်ရင် အရက်ကြောင့် မူးယစ်ဆေးဝါးကြောင့် ဖြစ်တဲ့မှု ခင်းတွေများတယ်ဆိုတာ အားလုံးသိပြီးသား ဖြစ်ပါတယ်။ ဒါကလည်း အရက်ဆိုင်တွေကို ဖောဖောသီသီဖွင့်ပေးခဲ့တဲ့ ရလဒ်ကြောင့်ဖြစ်ပါတယ်။ လူငယ်တွေလည်း အရက်တွေစွဲကုန်ပြီး နည်းနည်းလေးဖြစ်တာနဲ့ ခုတ်မယ်၊ ထိုးမယ်၊ သတ်မယ်ဆိုတာတွေ ဖြစ်လာကြပါတယ်။ နယ်မှာနေတဲ့ သူငယ်ချင်းတွေ၊ အသိမိတ်ဆွေတွေက ‘‘ငါတို့မြို့လေးကို ပြန်လာခဲ့ပါဦး။ မင်းရှိတုန်းကလို မဟုတ်ဘူး။ အရမ်းတိုးတက်နေတာ။ အခုဆိုရင် စည်ဘီယာပါရနေပြီ’’လို့ ဖုန်းဆက်ပါတယ်။ ကျွန်တော်ရောက်သွားတဲ့အခါမှာလည်း သူတို့ပြောတဲ့အတိုင်း တိုးတက်နေပါတယ်။ အရက်ဆိုင်၊ ဘီယာဆိုင်တွေ တိုးတက်လာတာများပြီး စာကြည့်တိုက်တွေ အနေနဲ့ မနည်းကျားကန်ထားရတာ စိတ်မကောင်းပါဘူး။ နေရာတိုင်းမှာ အရက်၊ ဘီယာတွေ လိုသလိုရတာ ကျေးရွာတွေ၊ မြို့ငယ်လေးတွေအနေနဲ့ တိုးတက်တာမဟုတ်ဘဲ ဆုတ်ယုတ်ဖို့အတွက် လမ်းစဖြစ်ပါတယ်။
လမ်းပန်း ဆက်သွယ်ရေး တွေကောင်းပြီး ကားတွေဥဒဟို သွားလာနေကြတဲ့အခါ လမ်းဆုံ တွေမှာလည်း အရက်၊ ဘီယာ ဆိုင်တွေချည်းဖြစ်နေပါတယ်။ ကျွန်တော်နေခဲ့တဲ့ မြို့လေးဆိုရင် ၂၀၀၀ ပြည့်နှစ်လောက်အထိ ညဘက်ဧည့်သည်လာရင် တည်း ခိုဖို့နေရာ အခက်အခဲရှိသလို ည ၈ နာရီကျော်သွားရင် ညစာကျွေး ဖို့လည်း အခက်အခဲရှိပါတယ်။ အခုတော့ ဧည့်သည်ဘယ်အချိန် လာလာ စားဖို့အခက်အခဲမရှိ သလို သောက်ဖို့ဆိုတာကတော့ မပြောပါနဲ့တော့။ ကျေးလက် တောရွာတွေမှာ အရက်၊ ဘီယာ ဆိုင်တွေများလာပြီး စည်ဘီယာ မှာလို့ရတာကို တိုးတက်တယ်လို့ ပြောနေမယ်ဆိုရင် ကျွန်တော်တို့ လူငယ်တွေရဲ့ အနာဂတ်ရှေ့ရေး ဒီထက်ပိုပြောရရင် နိုင်ငံရဲ့အနာ ဂတ်ဆိုတာ ရင်လေးစရာတွေဖြစ် ကုန်ပြီလားလို့ တွေးမိပါတယ်။
နှစ်ပေါင်းများစွာ ဖျက်ဆီးခံ လိုက်ရတဲ့ လူငယ်တွေရဲ့ အနာ ဂတ်ကို ချက်ချင်းပြန်ပြီး အဖတ် ဆည်ဖို့ဆိုတာ တော်တော်မလွယ် တဲ့ကိစ္စပါ။ ဒီလိုမလွယ်တာကို လက်ပိုက်ကြည့်နေကြမယ်ဆိုရင် ပိုဆိုးလာပါလိမ့်မယ်။ အရက်ကို အချိန်မရွေး၊ နေရာမရွေး ဝယ်လို့ ရသလို အရွယ်မရွေး သောက်လို့ ရနေကြတဲ့အခါ အရက်သောက် တတ်တဲ့သူ ပိုများလာတာ တွေ့ရ ပါတယ်။ ဘယ်အကြောင်းကိစ္စပဲ ဖြစ်ဖြစ် အရက်မပါရင် မပြီးပါ ဘူး။ ရွာတွေမှာဆိုရင် ဟိုတုန်းက မင်္ဂလာဆောင်၊ အလှူတွေမှာ ရွာ ဓလေ့ ရေနွေးကြမ်း၊ လက်ဖက်၊ ကွမ်းတို့နဲ့ ဧည့်ခံပါတယ်။ အခု ခေတ်မှာ အရက်နဲ့ ဧည့်ခံပါတယ်။ မင်္ဂလာဆောင်၊ အလှူဆိုတာ မင်္ဂလာ ယူနေတဲ့အလုပ်တွေပါ။ လူတိုင်း အလေးအနက်ထားပြီးကျင်းပကြတဲ့ပွဲဖြစ်ပါတယ်။ ဒီလိုပွဲတွေမှာတောင် အရက်ကနေရာယူလာတာ နှစ်ပေါင်းအတော်ကြာနေပါပြီ။ ဘာသာရေးနဲ့ ဆက်စပ်တဲ့ပွဲ၊ မင်္ဂလာယူတဲ့ပွဲတွေမှာ အရက်ဆိုတာ မပါသင့်တဲ့အရာတစ်ခုကနေ အခုဆို မပါမဖြစ်ပါလာပြီး အရက်မပါရင်ဘဲ လုပ်တဲ့ကိုင်တဲ့သူ မရှိဘူးလို့ ဆိုပြန်ပါတယ်။
ဟိုတုန်းက အရက်သောက် ရင် လူသိမှာစိုးလို့ ခိုးပြီးသောက် ကြရတယ်။ အခုခေတ်က လူမသိ သိအောင် သောက်ကြတယ်။ လူ မြင်ကွင်းမှာ အရက်သောက်တာ ကောင်းတယ်လို့ ထင်နေကြတယ်။လမ်းဘေးမှာ အရက်သောက်တယ်။ ဓမ္မာရုံရှေ့လိုနေရာမှာ အရက်သောက်တယ်။ သူများအိမ်ရှေ့မှာ အရက် သောက်တယ်။ ပြီးရင် ဆူညံနေ အောင် စကားပြောမယ်။ ခါး အောက်ပိုင်းတွေထည့်ပြော မယ်။ အသံကုန်ဟစ်ပြီး သီချင်း ဆိုကြမယ်။ ဒီဒုက္ခတွေကို မြို့ပေါ် ရပ်ကွက်တိုင်းမှာနေတဲ့သူတွေ တော်တော်များများ ခံစားနေကြရ ပါတယ်။ သူတို့တွေ ဝိုင်းဖွဲ့အရက် သောက်နေပြီး ဆူညံနေတဲ့အချိန် က ည ၁၁ နာရီကျော် ၁၂ နာရီ ဖြစ်ပါတယ်။ အနီးအနားမှာနေတဲ့ သူတွေကလည်း အတတ်နိုင်ဆုံး နားလည်မှုပေးထားကြပါတယ်။ ည ၁၁ နာရီလောက်အထိ ဘာမှ မပြောကြပါဘူး။ ဒါပေမဲ့ အရက် သောက်တဲ့သူတွေက သူများရဲ့ အိမ်ရှေ့မှာလည်း လာသောက် တယ်။ ဆဲသံတွေ၊ ခါးအောက် ပိုင်းအသံတွေနဲ့ အော်ကြီးဟစ် ကျယ်ပြောကြ၊ အသံကုန်ဟစ်ပြီး သီချင်းဆိုကြတာကို မလုပ်ဖို့ မေတ္တာရပ်ခံတဲ့အခါ မကျေနပ် ချင်ကြဘူး။ ကိုယ့်အိမ်ရှေ့မှာ လည်း အရက်လာသောက်သေး တယ်။ ဆူညံတာလည်း ခံရသေး တယ်။ ညဥ့်နက်နေလို့ တော်ဖို့ ပြောတော့ မကျေနပ်ဘူး။ ရန်ရှာ ချင်တယ်ဆိုတော့ မခက်ပါလား။ အိမ်နီးနားချင်းတွေ ဆိုတော့လည်း ရပ်ကွက်ရုံးတို့၊ ရဲစခန်းတို့ကို တိုင် လည်းမတိုင်ချင်တဲ့အခါ အိမ်ရှင် တွေက ထွက်တားကြပါတယ်။ အဲဒီမှာ တချို့ကလည်း အေးအေး ဆေးဆေးနဲ့ ပြန်ပြောတဲ့သူရှိသလို မကျေမနပ်နဲ့ ထသွားတဲ့သူတွေ လည်း ရှိပါတယ်။
ပြီးခဲ့တဲ့ အပတ်က အိမ်ရှေ့ မှာခင်းထားတဲ့ ကွန်ကရစ်အခင်း မှာ ထိုင်းပြီးအရက်သောက်နေကြ တယ်။ သိနေတဲ့သူတွေဆိုတော့ ဘာမှမပြောပါဘူး။ သောက်နေ တဲ့ကလေးတွေကလည်း အေး အေးဆေးဆေး စကားလေး တ ပြောပြောနဲ့ သောက်နေကြပါ တယ်။ အဲဒီအချိန်မှာ အမျိုးသမီး ငယ်တစ်ယောက်ရောက်လာပြီး အရက် ၀င်သောက်ပါတယ်။ တစ်ခွက်၊ နှစ်ခွက်လောက်လည်း သောက်ပြီးရော အတူတူသောက် နေတဲ့ ယောက်ျားလေးတွေရဲ့ အ သံကတိုးပြီး အဲဒီမိန်းကလေး အ သံက ကျယ်လောင်လာပါတယ်။ အချိန်က ည ၁၁ နာရီကျော် လူ ခြေတိတ်ချိန်၊ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ ကိုယ်ပြောချင်တာ တွေ လျှောက်ပြော၊ မိန်းကလေး တစ်ယောက်ရဲ့ နှုတ်က ထွက်ရ မယ့် စကားမဟုတ်။ ခါးအောက် ပိုင်းကမတက်၊ တခြားညီအစ်ကို မောင်နှမတွေကြား သွေးထိုးတဲ့ စကားတွေပြောနေတော့ ကြားရ တာ သိပ်အဆင်မပြေဖြစ်လာပြီး အောက်ထပ်မှာလည်း လူမမာ ဘကြီးတစ်ယောက်ကလည်းရှိနေ ဆိုတော့ အသံတိုးတိုးပြောဖို့ သ တိပေးလိုက်မိပါတယ်။
အဲဒီလို သတိပေးတာကို မိန်းကလေးက ငြိမ်သွားပေမယ့် လူငယ်တစ်ဦးက တစ်စခန်း ထပါ လေရော။ အရက်သောက်တာ ဘာဖြစ်လဲ၊ ဘယ်သူ့ကို စော်ကား နေလို့လဲ၊ ဘယ်သူ့ကိုဂရုစိုက်ရမ လဲဆိုတာတွေ အပ်ကြောင်းထပ် နေပါတယ်။ ကိုယ်လုပ်တဲ့ လုပ် ရပ်က မှန်လား၊မှားလားဆိုတာ ခွဲ ခြားပြီး မသိတဲ့သူနဲ့ အချေအတင် ပြောမနေတော့ဘဲ သည်းခံပြီး အိပ်လိုက်ပါတယ်။ အဲဒီလိုသာ ကိုယ့်လုပ်ရပ်မှန်မမှန် မသိတာ၊ မစင်ကျွေးကြည့်ပါလား။ စား မလားလို့....။
ကိုယ့်အိမ်ရှေ့မှာ အရက် လာသောက်၊ ဆူဆူညံညံ လုပ်၊ ပြဿနာမဖြစ်ချင်လို့ သည်းခံနေ ကြရတဲ့ မြို့နေလူထု ဘယ် လောက်များနေပြီလဲ...။ အဲဒီလို သည်းမခံနိုင်လို့ တားမြစ်တဲ့အခါ တားတဲ့သူကို ၀ိုင်းရိုက်တဲ့ဖြစ်စဉ် တစ်ခု တောင်ဒဂုံမြို့နယ်မှာ ဒီလ ၁၉ ရက်နေ့က ဖြစ်ခဲ့တာကို ဇွန် လ ၂၃ ရက်နေ့ထုတ် The Daily Eleven နေ့စဉ်သတင်းစာမှာ ဖတ် လိုက်ရပါတယ်။
မိမိရဲ့အိမ်ရှေ့မှာ အရက် လာသောက်ပြီး ဆူဆူညံညံလုပ် တာကို အိမ်ရှင်ကတားလို့ အိမ် ပေါ်အထိ တက်ရိုက်လို့ ဆေးရုံ ရောက်တဲ့သူရောက်၊ ရဲစခန်း ရောက်တဲ့သူရောက်ကုန်ကြတာ။ တော်သေးတာပေါ့ မသေကြလို့။ မတော်တဆ သေသွားရင် အား လုံးစိတ်ဆင်းရဲကြရဦးမှာ။ သွား ဖမ်းတဲ့ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ် ရာရတယ်လို့ သိရပါတယ်။အနား မှာရှိတဲ့ ကားနှစ်စီးကိုလည်း ရိုက် ချိုးဖျက်ဆီးသွားပြန်ပါတယ်။ တ ကယ်တော့ ဒီပြဿနာရဲ့အစက အရက်ကြောင့်ပါပဲ။ ကိုယ့်အိမ် ရှေ့မှာ အရက်ဝိုင်းဖွဲ့သောက်တာ ဘယ်သူမှ မနှစ်သက်ပါဘူး။ အ ရက်သမားကလွဲရင်ပေါ့။ သူများရဲ့ အိမ်ရှေ့မှာ အရက်ဝိုင်းဖွဲ့ သောက်ပြီး ဆူညံနေတဲ့သူတွေ မိမိတို့ အရက်မသောက်တဲ့အချိန် မျိုးမှာ အဲဒီလိုအရက်လာသောက် ပြီး ဆူညံနေမယ်ဆိုရင် ကျေနပ် နိုင်ပါ့မလား။ ဓားနဲ့တောင်ထွက် ခုတ်မယ်ထင်ပါတယ်။
အများပြည်သူ သွားလာတဲ့ နေရာတွေမှာ အရက်သောက်တာ နဲ့ပတ်သက်လို့ အရေးယူသင့်တဲ့ အကြောင်း ဆောင်းပါးရေးခဲ့ဖူးပါ တယ်။ အရေးယူမှုတွေ သိပ်ပြီး မကြားရသေးပါဘူး။ အခုတော့ ကိုယ့်အိမ်ရှေ့မှာ အရက်သောက် ပြီး ဆူညံလို့ တားမြစ်တာကို ၀ိုင်း ရိုက်တယ်ဆိုတော့ အိမ်ရှင်တွေ လည်း ထွက်မတားကြပါနဲ့။
အလကားနေရင်း အရိုက်ခံနေရမယ်။ ဆေးရုံရောက်မယ်။ပိုက်ဆံတွေကုန်မယ်။ မတော်တဆ သေသွားနိုင်တယ်။ အဲဒီတော့ ရန်ကုန်မြို့မှာ နေကြတဲ့ ပြည်သူတွေအနေနဲ့ ကိုယ့်အိမ်ရှေ့မှာ အရက်ဝိုင်းဖွဲ့သောက်ပြီး ဆူညံနေတာတွေကို ရန်ကုန်တိုင်းရဲ တပ်ဖွဲ့ ဖုန်းနံပါတ်တွေဖြစ်တဲ့ ၀၁-၂၃၁၇၅၂၆၊ ၀၁-၂၃၁၇ ၅၂၇၊ ၀၁-၂၃၂၃၁၉၉တို့ကို ဆက်ပြီး တိုင်လိုက်ပါခင်ဗျာ။
အဲဒီရဲတပ်ဖွဲ့ဝင်တွေ အချိန်မီရောက်၊ မရောက်ဆိုတာတော့ ကျွန်တော်လည်း တာဝန်မယူနိုင် ဘူးနော်။ တစ်ခါမှ ဆက်မကြည့်ရ သေးလို့ပါ။ မနှစ်က ဒီအချိန် အိမ်ရှေ့မှာ ပြဿနာဖြစ်လို့ နယ်မြေရဲကင်းက ရဲတပ်ဖွဲ့ဝင် တစ်ဦးဆီကို တိုက်ရိုက်ဖုန်းဆက် ဖူးပါတယ်။ ကျွန်တော်လာခဲ့မယ်ဆိုပြီး စောင့်လိုက်တာ ၂ နာရီ ကြာသွားပါတယ်။ တော်သေးတယ်။ ပြဿနာက သူမလာခင် အေးအေးဆေးဆေးဖြစ်သွားလို့၊ ဒါတောင် အနားကလူတွေက ကျွန်တော့်ကို ကျေးဇူးတင်ကြသေးတယ်။ ငါတို့ဖြစ်တဲ့ပြဿနာကို ဖုန်းဆက်ပြီး ခေါ်ပေးဖော်ရလို့ တဲ့....။
အခုလည်း အကြောင်းရှိရင် ကျွန်တော်ပြောတဲ့ ဖုန်းနံပါတ်တွေကို ဆက်လိုက်ပါ။ နီးစပ်ရာရဲစခန်းကနေ ရောက်လာမှာပါ။ အခုက အားလုံး ပြောင်းလဲကုန်ပြီလေ။ ပြည်သူတွေနဲ့ တစ်သားတည်း ဖြစ်နေပါပြီ။ ဟိုတုန်းကလို ဖုန်းဆက်ရင် ဘယ်သူလဲ၊ ဘာကိစ္စလဲ၊ဘယ်မှာလဲ၊ သေချာလား၊ မသေချာရင် ခင်ဗျားကိုအရေးယူမှာ အစရှိတဲ့မေးခွန်းတွေ မမေးတော့ပါဘူး။
ပြည်နယ်/တိုင်းရဲတပ်ဖွဲ့ တွေရဲ့ ဖုန်းနံပါတ်တွေအားလုံးကို လည်း ခေါ်လို့ရအောင် လုပ်ပေး နေတယ်လို့ သိရပါတယ်။ ဒါမှ အရေးပေါ်ကိစ္စတွေ ဖြစ်တဲ့အခါ ကိုယ်နဲ့နီးစပ်တဲ့ ရဲတပ်ဖွဲ့ရဲ့ ဖုန်း နံပါတ်တွေကိုဆက်ပြီး သတင်း ပေးလို့ရသလို အကူအညီတောင်း လို့ရမှာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဝင် ဆိုတာလည်း ပြည်သူထဲက ပေါက်ဖွားလာတဲ့ ပြည်သူ့ရင်သွေးတွေ မဟုတ်လား၊ ပြည်သူတွေရဲ့ အခက်အခဲကို အကူအညီပေး တာ အခုမှမဟုတ်ပါဘူး။ ဟိုတုန်း ကတည်းက ရှိခဲ့တာမဟုတ်လား။ နည်းနည်း သူစိမ်းဆန်နေကြလို့ ပါ။ ရဲက အရာရာပါတယ်လို့ မထင်လိုက်ပါနဲ့။ ရဲလက်စွဲမှာကို က ပြဋ္ဌာန်းထားတာ။ ပြည်သူတွေ အတွက် ဖြစ်ပေါ်လာတဲ့ အရေး ပေါ်ကိစ္စတွေ အလွယ်တကူပြော ရရင် ရန်သူမျိုးငါးပါးကြုံလာရင် ရဲမပါတာမရှိပါဘူး။ ပြည်သူတွေ ဆီကို အမြန်ဆုံးရောက်အောင် သွားကြရပါတယ်။
အရေးအကြောင်းဖြစ်ရင် အလွယ်တကူ ဆက်သွယ်လို့ရတဲ့ ဖုန်းတွေလည်း သိပြီဆိုတော့ ကိုယ့်အိမ်ရှေ့မှာ အရက်ဝိုင်းဖွဲ့ သောက်နေတာ၊ ဆူညံနေတာ၊ ရန်ဖြစ်မယ့်အခြေအနေတွေ ဖြစ် ပေါ်နေရင် ကိုယ်တိုင်ထွက်မတား ဘဲ ဖုန်းသာဆက်ဖြစ်အောင် ဆက်လိုက်ပါခင်ဗျာ။ ဦးရဲကြီးတို့ အမြန်ဆုံး ရောက်လာပါလိမ့်မယ် . . . ။
Post a Comment