0


Byဂန္ထ၀င်ညှပ်ကြီး

ခိုတောင်အရေးကို တွေးရင် ×××အမိန့်ချပုံတွေမြင်တိုင်း×× ရင်ထဲမကောင်းလို့×××တစ်ည လုံးလေအိပ်မပျော်နိုင်တယ်××× ကိုယ့်ပြည်ထဲမလေ×××အလုပ် ကမလွယ်လို့×××တခြားသွား ကျွန်ခံတာပေါ့ကွယ်×××သယံ ဇာတပုံထဲမှာ×××မွဲလို့နေရှာ တော့လည်း×××နေရပ်စွန့်ခွာ ×××ကျွန်ခေတ်ပြန်ရောက်နေသ လိုကွယ်×××ခုတော့လည်းလေ ×××ဘ၀ပျက်အသက်ပေး××× တို့ဘ၀ရင်နာလို့မဆုံးတယ်×××

ဘယ်နိုင်ငံဘယ်ရောက် ရောက်×××မြန်မာကဆို သိပ်နှိမ်တယ်ကွယ်×××လွမ်းဖွယ်လွမ်း ဖွယ်×××ဒီလိုဖြစ်တာ အဘတို့ ကြောင့်ကွယ်×××ခုတော့လည်း လေ×××အချောင်စတေးခံရ လေပြီကွယ်×××အဘရယ် အဘရယ်×××ပြည်သူများခမျာတော့ ဘ၀ပျက်နေပေါ့ကွယ်×××။

အင်း...ခေါင်မလုံသော အိမ်သူအိမ်သားများသဘာဝဘေး ဒဏ်ပိုခံရ၏။ ဖခင်ညံ့သော မိသားစုများပတ်ဝန်းကျင်က နှိပ်ကွပ်ကြ ၏။ ခေါင်းဆောင်ညံ့သော ပြည် သူများကို နိုင်ငံတကာက စော်ကားရဲ၏။ ထိုင်းနိုင်ငံဆိုတာက လည်း မြန်မာပြည်က ကြက်တွန် လျှင် ထိုင်းနိုင်ငံက လန့်နိုးလောက် သည့် အိမ်နီးချင်းတွေဖြစ်နေတော့ တစ်နိုင်ငံအကြောင်း တစ်နိုင်ငံအူမချေးခါးကအစ အကုန်သိပုံရ၏။ ကိုယ့်နိုင်ငံထဲ ကိုပါကြီးလို၊ဒေါ်ခင်ဝင်းလို ကချင်ဆရာမနှစ်ဦး လို တိုင်းသိပြည်သိကမ္ဘာသိကိစ္စတွေမှုန်ဝါးနေတဲ့ တိုင်းပြည်၊ ပြည်သူ များမကြာခဏကိုယ့်ကိုယ်ကိုယ် သတ်သေနေတဲ့ တိုင်းပြည်၊ အဲဒီ လို တိုင်းပြည်က တစ်ယောက်စ နှစ်ယောက်စလောက်သေဒဏ် ပေးလိုက်ရုံဖြင့် ပြဿနာသိပ်မရှိ ဟု တွေးမိခဲ့တာလည်း ဖြစ်နိုင်ပါ ၏။ မြန်မာနိုင်ငံဆိုတာကလည်း နိုင်ငံတကာနှင့် ပတ်သက်လာ လျှင် မေတ္တာလွန်ကဲစေတနာကြဲ တာတွေ လက်တွေ့သိခဲ့မြင်ခဲ့ပုံရ ၏။ မြန်မာနိုင်ငံအတွင်းမှ မိုးကုတ် မြို့က ရေပူဆရာတော်ကျောင်းဝင်းတွင်း သစ်ပုံကိစ္စအမှုမပြီးသေးသော်လည်း ယာဉ်ပေါင်းများစွာ၊ လူပေါင်းများစွာ ဖမ်းဆီးမိတဲ့ တရုတ် သစ်ခိုးသမားများကျတော့ ထောင်ဒဏ် တစ်သက်တစ်ကျွန်းကို နာရီနှစ်ရာ့လေးဆယ်တောင်မပြည့်ဘဲ ရှစ်ရက်ဖြင့် လွှတ်ပေးခဲ့သော သာဓကများသိထားပုံရ၏။ တစ်နေ့တစ်နေ့ရောင်းစားခံရ၊ ပင်လယ်ထဲပစ်ချခံရ၊ သေနတ်ဖြင့် ပစ် သတ်ခံရသူ မြောက်မြားစွာအတွက် ဘာသံမှ မကြားရလေတော့ ဒီနှစ် ယောက်လောက်နဲ့တော့ ကွမ်း စားဆေးသောက်ကျပျောက်သ လောက်ပဲရှိမှာပါဟု တွေးမိပုံရ၏။တောသူတောင်သား၊ ဆင်း ရဲသားသည်၊ ဖားကောက်မျှစ်နုတ်၊ သစ်ဝါးခုတ်စရာ၊ ဘာမျှမ ရှိ၍၊ လယ်ယာစွန့်လျက်၊ ပြည်ပ ထွက်၏။ ပြည်တွင်းမှာ ငတ်၊ သုံး စရာပြတ်၍၊ ပြည်ပထွက်ခွာ၊ ရုန်း ရရှာလည်း၊ ဒုက္ခနွံတွင်း၊ နစ်ခြင်း မလှ၊ နစ်နေရသည်၊ တိုင်းပြည် ခေါင်းဆောင်တာဝန်တည်းဟု ဆိုရတော့မလို ရှေးစာဆိုဂန္ထ၀င် ဆြာညှပ်အား ပြန်လွမ်းမိပါ၏။

အင်း...ရင်နာစရာတော့ ကောင်းလှ၏။ သေဒဏ်ကျခံနှစ် ယောက်အရေး သွေးမအေးနေကြတုန်း ဖားကန့်မှာ လူတွေအစု လိုက်အပြုံလိုက်၊ ကြက်နာကျသ လို တဖြုတ်ဖြုတ်နှင့် သေနေရ၏။ ပထမအကြိမ်မြေစာပုံပြိုကျ၍ လူ တစ်ရာကျော်သေ၏။ ဒုတိယအ ကြိမ်ထပ်မံပြိုကျ၍ ဆယ်ရောက် ကျော်သေရ၏။ ယခုတတိယအ ကြိမ်ပြိုကျမှုတွင် လူငါးဆယ်ခန့် သေသည်ဟု ဆို၏။ ဟိုမှာက သေ မိန့်ချခြင်းသာ ဖြစ်၏။ မသေသေး၊ အယူခံဝင်ခွင့်ရှိ၏။ ဒီမှာက သေ မိန့်မချရဘဲ အလိုလိုသေနေရခြင်းသာ ဖြစ်ပါ၏။ ထပ်မံ၍လည်း သေ နိုင်သေး၏။ အလားတူဖြစ်ရပ်မျိုး ဒီဇင်ဘာ ၂၀ ရက်က တရုတ်နိုင်ငံ တွင် ဖြစ်ခဲ့သေး၏။ တရုတ်နိုင်ငံ ရှန်ဇန်းမြို့တွင် မြေစာပုံပြိုကျ၍ လူပေါင်း ခုနစ်ဆယ်ခန့်ပျောက် ဆုံး၊ သေဆုံးခဲ့သည်ဟု ဆို၏။ ထို ဖြစ်စဉ်အတွက် မြေစာပုံရှင်း လင်းရေးတာဝန်ရှိသည်ဟု ဆိုကာကွန်မင်းခရိုင်မြို့ပြအုပ်ချုပ်စီမံခန့် ခွဲရေး ဗျူရိုမှ ညွှန်ကြားရေးမှူး ဟောင်းတစ်ဦး တိုက်ပေါ်မှ ခုန်ချ ၍ ကိုယ့်ကိုယ်ကိုယ်သတ်သေသွား ၏။ တာဝန်ယူမှု တာဝန်သိမှုတို့ အတွက် ဂုဏ်သိက္ခာအတွက် အ သက်ဇီဝကို ပေးဆပ်သွား၏။ လူ လုပ်ကပ်ဘေးဖြစ်ပါသဖြင့် လူ သား၌ တာဝန်မကင်းကြောင်း သက်သေပြသွား၏။ အင်း...အခု တော့ ဆင်းရဲမှုပပျောက်ရေးထက် ဆင်းရဲသားပပျောက်ရေးက ဖား ကန့်တွင် ပီပြင်လွန်း၏။ ကျောက် တူးသမားလေးရယ်×××ထမင်း စားကျောက်အတွက် အသက်အ သေမခံနဲ့ကွယ်×××ဘ၀ကံ ကြမ္မာဒုက္ခမျိုးစုံဟာ×××အောက် ခြေလူအတွက်×××အသင့်စောင့်လို့နေတယ်×××အခြေအနေမ ပေးလို့ အသေခံပြီးတော့××× ကျောက်တူးရတာ အထင်တော့ မသေးပါနဲ့×××တစ်ချိန်ကျ××× ရွှေထီးဆောင်းဖို့ရယ်×××တို့ရဲ့ အိပ်မက်ပါပဲ×××။

အင်း...လူတိုင်း လူတိုင်း အိပ်မက်များ၊ ဆန္ဒများရှိကြရမည်မှာ မှန်ပါ၏။ သို့သော် အိပ်မက်လှလှ မက်ပြနိုင်ဖို့ အရေးကျောက်တောင်ချောက်ကမ်းပါးမှာ တက်အိပ်တာမျိုးတော့ ရှောင်ရှားရမည်ဖြစ်၏။ လောက၌ သင့်ထက်အခြေအနေပိုဆိုးသူတစ်ဦး အမြဲရှိသည်ဟူသော စကားပုံတစ်ခုရှိပါ၏။

တိုင်းပြည်အတွင်း ခိုးမှု၊ လု ယက်မှု၊ လူသတ်မှုများ တစ်နေ့တ ခြားများပြားလာ၏။ တရားဥပဒေ စိုးမိုးမှုကလည်း မရောင်ရာဆီ လူး၊ ခေါင်းကိုက်တာကို သွားနုတ် ကုသသလို ဖြစ်နေ၏။ ချစ်သမီး (ခေါ်) ချောစန္ဒီထွန်းအား မအူပင် မြို့နယ်တရားသူကြီးက ဆက် သွယ်ရေးပုဒ်မ-၆၆ (ဃ)ဖြင့် ထောင်ဒဏ်ခြောက်လချမှတ်လိုက်၏။

အခုတော့ ညှပ်တို့ပြည်သူတွေလည်း အွန်လိုင်းဆိုတာ အခန့်မသင့်လျှင် ဓာတ်လိုက်တတ်မှန်းသိခဲ့ရပြီ ဖြစ်၏။ ဆက်သွယ်ရေးပစ္စည်းများ နောက်ဆုံးကျမှ ကိုင်တွယ်ခဲ့ရပေမယ့် ဆက်သွယ်ရေးပုဒ်မများကတော့ ဦးဦးဖျားဖျားခံစားနေကြရ၏။

အင်း...ကြားရနားဝမသက် မသာရှိလှပါ၏။ အပျက်အပျက်နဲ့ ခရိုနီဇာတ်ပျက်ရမယ့် ကိန်းဆိုက် နေပါ၏။

အင်န်အယ်လ်ဒီအမတ်များ၏ Orientation သင်တန်းကို ခရိုနီကြီး ဦးတေဇပိုင် ရွှေစံအိမ်ဟိုတယ်တွင် သင်တန်းပို့ချခွင့်ပြုခဲ့၍ ဦးတေဇနှင့် အစိုးရအဖွဲ့ကြားတစ်စုံတစ်ရာပြဿနာရှိနေသည်ဟု ဆို၏။ ဘာပဲဖြစ်ဖြစ် ဦးတေဇဆိုတာကလည်း ရှေ့မီနောက်မီ နှစ်ဖက်မီပြီး လျင်မြန်ဖျတ်လတ်သူဖြစ်နေတော့ သမ္မတကြီးထံခွင့်ပန်သတဲ့၊ သမ္မတကြီးကလည်း မင်းပိုင်တဲ့ ဟိုတယ် မင်းကြိုက်တာလုပ်လို့ ပြောသတဲ့၊ ပြီးမှ သမ္မတရုံး အတွင်းဝန်နှင့် ဟိုတယ်ခရီးဝန် ကြီးတို့က သင်တန်းနေရာရွှေ့ရန် ပြောဆိုပါသတဲ့၊ အမှန်မှာ ရွေး ကောက်ပွဲနိုင်သူကို အစိုးရက ကူ ညီရမှာဖြစ်ကြောင်းနဲ့ မိမိအနေ ဖြင့် မည်သည့်အရေးယူမှုများဖြစ် စေနေရာပြောင်းမပေးနိုင်ကြောင်း၊ မိမိအား ဖမ်းဆီးလိုလျှင် အင်းလျားလမ်းခြံအမှတ် (H100) တွင်ရှိ ကြောင်း၊ ၀န်ထမ်းများသို့ သူ၏ ရပ်တည်ချက်စာဖြင့် ဖြန့်ဝေမှုတွင်ပါဝင်ကြောင်း ဂျာနယ်တစ်စောင် တွင် ဖတ်လိုက်ရပါ၏။ အင်း...ဒီ အဖြစ်အပျက်မျိုးကား ပဲလှော် ကြားဆားညပ်တာမျိုးမဟုတ်၊ ပေါင်မုန့်ကြားထောပတ်ညပ်ခြင်း သာဖြစ်နိုင်ပါ၏။ ဘာပဲဖြစ်ဖြစ် ရုတ်တရက်အရေးပေါ် သတ္တိရှိမှု ပဲဆိုဆို၊ မူလစိတ်အခံကြောင့်ပဲ ပြောပြော ပြောင်းလဲမှုကိုတော့ အသိအမှတ်ပြုသင့်ကပြုရမည် သာဖြစ်၏။ စည်းရုံးဆွဲဆောင် သိမ်းသွင်းမှုက အင်အားအသုံးပြု မှုအပေါ် အောင်ပွဲခံခြင်းကို ယဉ် ကျေးမှုဟုခေါ်သည်ဟု ကြားဖူး မှတ်ဖူးပါ၏။ စစ်မှန်သော ဒီမိုက ရေစီနိုင်ငံကြီးကို သင်ပိုင်ဆိုင်လု နီးပါပြီ။ သင်၏ လွတ်လပ်သော အခွင့်အရေးများလည်း ရနိုင်ပါပြီ၊ သင့်မှာ ထိန်းသိမ်းရမည့် တာဝန် များလည်းရှိလာပါပြီ၊ သင့်အသံ ကြောင့် သူများအနှောင့်အယှက် မဖြစ်ပါနှင့်၊ သင့်အမှိုက်ကြောင့် ပတ်ဝန်းကျင်မညစ်နွမ်းပါစေနှင့်၊ သင့်အတ္တကြောင့် သူတစ်ပါးဒုက္ခ မဖြစ်ပါစေနှင့်၊ ယခုလောလော ဆယ် သေဒဏ်ပေးခံ မြန်မာနှစ် ယောက်အတွက် လူထုခေါင်း ဆောင်အိမ်ရှေ့ဆန္ဒပြသတဲ့၊ သော့မအပ်သေးခင် အမွေတောင်းနေ သလို.....။ ။

http://www.7daydaily.com/story/54625

Post a Comment

 
Top