0


၆၈ နှစ်မြောက်လွတ်လပ်ရေးနေ့နှင့် လွတ်လပ်ရေးရရှိစေရန် စွမ်းဆောင်ပေးခဲ့သော ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုသောအားဖြင့် ဇန်နဝါရီ ၄ ရက်(လွတ်လပ်ရေးနေ့) တွင် ဗိုလ်ချုပ်ပုံပါငွေစက္ကူ သို့မဟုတ် အကြွေစေ့တစ်ခုပြနိုင်ပါက လတ်မှတ်ခပေးစရာမလိုဘဲ မုံရွာ၊ နေပြည်တော်နှင့် ပြင်ဦးလွင်မြို့တို့သို့ အခမဲ့စီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း မုံရွာမြို့အခြေစိုက် ဟိန်းစတားမော်တော်ယာဉ်အသင်းမှ ဂိတ်တာဝန်ရှိသူများကဆိုသည်။
“အဲဒီနေ့တစ်ရက်တည်းပါ။ မုံရွာကနေပဲသွားသွား၊ နေပြည်တော် ဒါမှမဟုတ် ပြင်ဦးလွင်ကပဲလာလာ ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ငွေစက္ကူ ဒါမှမဟုတ် အကြွေစေ့ကို လက်မှတ်ဝယ်တဲ့အချိန်မှာပြနိုင်ရင် အခမဲ့စီးခွင့်ပေးမယ်” ဟု ဟိန်းစတားမော်တော်ယာဉ်အသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်မျိုးဝင်းကပြောကြားသည်။
လက်ရှိအချိန်မှစ၍ ကြိုတင်လက်မှတ်အမှာများရရှိနေပြီဖြစ်ပြီး ဇန်နဝါရီလ၄ရက်နေ့ (လွတ်လပ်ရေးနေ့) တွင် မော်တော်ယာဉ်ရှစ်စီးပြေးဆွဲရန်စီစဉ်ထားကြောင်း၊ ခရီးသည်အရေအတွက်ပေါ်မူတည်၍ မော်တော်ယာဉ်အရေအတွက်ထပ်တိုးပေးမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။
မုံရွာမြို့အခြေစိုက်ဟိန်းစတားမော်တော်ယာဉ်အသင်းသည်မုံရွာမှနေပြည်တော်သို့နေ့စဉ်ခရီးသည်တင်ယာဉ်သုံးစီးထွက်ခွာပြီးပြင်ဦးလွင်သို့နေ့စဉ်ငါးစီးပြေးဆွဲကြောင်းဂိတ်တာဝန်ရှိသူများထံမှသိရသည်။

The Voice Weekly

Post a Comment

 
Top