0


ဗျို့-အယ်ဒီတာ
ဘယ့်နှယ်လဲ၊ နေကောင်း ကျန်းမာရှိကြရဲ့လားဗျ။ ဟောဒီ ငဘစီလည်း   အယ်ဒီတာမင်းတို့ဆီ စာမရေးတာ အတော်ကြာလှပါ ပေါ့။ စိမ်းကားတယ်လို့တော့ မ ဟုတ်ပေါင်ဗျာ။သိတဲ့အတိုင်း ရွှေ ပြည်ကြီးမှာက နိုင်ငံရေးကလည်း ခပ်အေးအေးကို ခင်ဗျ။ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က တစ် ပြည်လုံးအတိုင်းအတာနဲ့ ရွေး ကောက်ပွဲအနိုင်ရပြီးကတည်းက အေးသွားတာကလား။
 အယ်ဒီတာမင်းများလည်း သိမှာပဲ။ လက်ရှိကာလအပြော အဆို အရေးအသားဆင်ခြင်ရ မယ်လို့ တချို့က ဆိုသကိုးဗျ။ မ တော်ကိုယ်ရေးလိုက် သားလိုက် တဲ့ စာတစ်ကြောင်းက အာဏာ လွှဲပြောင်းရေးကိစ္စ သွားထိခိုက် ရင် ဘယ့်နှယ်လုပ်မလဲ။ ဟိုတစ် ရက်က သတင်းဌာနကြီးတစ်ခုခ မျာ တစ်ခါက ဘ၀ရှင်မင်းတရား ကို အရေးယူသင့်လား၊ မယူသင့် ဘူးလား လေလှိုင်းကြားက ဆွေး နွေးဖလှယ်မယ့် ကိစ္စထလုပ်တာ။ အလိုဗျာ။ ပွက်လောကိုရိုက်လို့။ ကန့်ကွက်ကြ၊ ထိုးနှက်ကြ၊ ဝေဖန်ကြနဲ့။
အယ်ဒီတာမင်းများလည်း ကြားလိုက်မှာပေါ့လေ။ အနှီအသံ လွှင့်ဌာနဟာ ဘာသဘောနဲ့ သို့ ကလိုခေါင်းစဉ်အောက်မှာ ဆွေး နွေးချင်ရတာလဲ။ သဟာတမင် ဆူပူချင်လို့လား ဘာလားနဲ့။ ဝေ ဖန်သူတွေအလိုအရ ဒီအချိန်ဟာ  အရင်အစိုးရလက်ထဲကနေ ရွေး ကောက်ပွဲအနိုင်ရ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ကို အာဏာလွှဲ ရေး အကူးအပြောင်းကာလတဲ့ ခင်ဗျ။ ဆိုတော့ကာ ဒီအချိန်မှာ ရှေးသရောအခါ ရွှေပြည်ကြီးမှာ လက်ညှိုးညွှန်ရာ ရေဖြစ်စေခဲ့သူ များရဲ့ လက်ညှိုးကို ထုံးတို့သင့်၊ မတို့သင့်ဆွေးနွေးခြင်းဟာ အနှီ လက်ညှိုးပိုင်ရှင်များရဲ့ ရွှေစိတ် တော်ကို ဆွသလိုဖြစ်သွား မခက် လားပေါ့။ စိတ်ဆွလိုက်လို့ ဟိုက စိတ်တွေကြွလာပြီး ထင်ရာတွေ လုပ်မှအခက် ဖြစ်မတဲ့။ကျုပ်တို့ ရွှေပြည်ကြီးမယ် တချို့တွေက အဲသလိုတွေးပြီး စိုး ရိမ်တာတွေလည်း ရှိသဗျ။ သူရို့ အပြစ်မဟုတ်ပါဘူးဗျာ။ အယ်ဒီ တာမင်းများလည်း အသိပဲဟာ။ ဘစီတို့က အာဏာရှင်လက် အောက်မှာ နှစ် ၆၀ လောက် နေခဲ့ ရတာမဟုတ်လား။ ဒီတော့ကာ ကိုယ်ပြောလိုက်တဲ့ စကား၊ကိုယ် တွေးလိုက်တဲ့အတွေးက အာဏာ ရှင်တွေနဲ့များ ငြိစွန်းမလား ဘာ လား ချိန်ညှိတဲ့အကျင့်က မွေးရာ ပါ ဗီဇလိုဖြစ်နေတာကလား။
  သဟာကြောင့် မှတ်ပါရဲ့။ ရွေးကောက်ပွဲကြီး ပြီးကတည်းက ကျုပ်တို့ လူထုဟာ အရင်ထက်ပို ပြီး ငြိမ်နေကြတယ်ဗျာ။ စည်း ကမ်းရှိလာကြတယ်ဗျာ။ ထစ်ခနဲ ရှိ စိတ်လှုပ်ရှားချင်တာတောင်မှ ဒီအချိန်ဟာ တို့များ ရွှေပြည်ကြီး ရဲ့ အနာဂတ်အတွက် ဆတ်ဆတ် ထိမခံတဲ့ အခါကာလဆိုပြီးသကာ လ ထိန်းဟဲ့ သိမ်းဟဲ့လုပ်နေကြရ တာ။
 ကျုပ်တို့လူထုဟာ ဒီနေရာ မှာတော့ အင်မတန်မှ ချီးမွမ်းဖို့ ကောင်းသဗျ။ စည်းကမ်းရှိရှိ ငြိမ် ငြိမ်ဝပ်ဝပ်နဲ့ ရွေးကောက်ပွဲအနိုင် ရ ပါတီလက်ထဲ အုပ်ချုပ်ရေးအာ ဏာမရောက်သေးခင်စပ်ကြား အသာလေး အေးဆေးနေထိုင်ပေး ကြတာတွေ့ရတယ်ခင်ဗျ။
ကဲ...အယ်ဒီတာမင်းများခင် ဗျာ။ ဘစီလည်း ဘာသားနဲ့ထု ထားတာမှတ်လို့ခင်ဗျာ။ အများ က ငြိမ်နေပါတယ်ဆိုမှ ကိုယ်က ဟိုအရင်တုန်းကလို နေရာတကာ နှုတ်သီးကောင်းလျှာပါးလုပ်လို့ ဘယ်ကောင်းပါ့မလဲဗျာ။ပြီးတော့ ဘစီတို့ရေးတာ သားတာတွေက လည်း အနှောင့်မလွတ် အသွားမ လွတ်တွေရယ်။ မပြေးသော်ကန် ရာရှိ ဆိုသဟာလို ကျုပ်တို့ရေး လိုက်တဲ့စာက ခုနင်က လည်ညှိုး ညွှန်ရာ ရေဖြစ်ခဲ့သူကြီးများရဲ့ နားရွက်ကို ရေဆွတ်သလိုဖြစ်ပြီး တစ်ပြည်လုံးကို နောက်ဂီယာပြန် ထိုးထည့်လိုက်မှ အခက်ဖြစ်နေပါ့ မယ်ဗျာ။
ဒါနဲ့ ဘစီတို့လည်း ကြောက် ကြောက်နဲ့ပဲ ဒီတစ်လလုံးဟိုလိုလို ဒီလိုလိုနဲ့ ငြိမ်နေမိတယ် ခင်ဗျ။ ကိုယ့်ကြောင့် တိုင်းပြည်မပျက်စေ ရထုံး နှလုံးမူပြီးတော့ပေါ့လေ။ ဒါကိုပဲ တချို့ဖောက်သည်ကြီးများ က ဘစီတို့တော့ ဒီမိုကရေစီ ရ တော့မယ်ဆိုတာ သွေးပျက်သွား ပြီလို့လည်း တစ်မျိုး၊ တချို့က လည်း ရွှေပြည်ကြီးမှာ ဒီမိုကရေစီ နည်းကျ ရွေးကောက်ပွဲများနဲ့ တက်လာမယ့် အရပ်သားစစ်စစ် အစိုးရ တက်လာမယ်လည်းဆို ရော အရင်လိုလုပ်စားလို့မရတော့ ဘူး တစ်ဖုံ၊ အစုံစုံသော ထင်မြင် ချက်တွေနဲ့ ဘစီတို့ ဘာကြောင့်ငြိမ် နေသလဲဆိုပြီးစပ်စုကြတယ်ဗျ။
တကယ်တော့ ဘယ်ဟုတ်ပါ့ မလဲဗျာ။ ဘစီတို့က ဘယ်အစိုးရ တက်တက် ရေးစရာရှိရင်ရေးရမှာ ပဲ။ မုန်းလို့ ဖိ၊ ချစ်လို့ ဖော့တာမျိုး ကျုပ်တို့မလုပ်ပေါင်ဗျာ။ လူထုရဲ့ အကျိုးစီးပွားကို မျက်နှာမမူတဲ့ ဘယ်သူ့ကိုမဆို ဝေဖန်ရေးသားဖို့ ရာ လက်မတွန့်ပါဘူးဗျာ။ ဒါပေ သိ အခုချိန်မှာတော့ ဘစီတို့က အသာလေးငြိမ်နေတာ ကောင်းမ လားလို့။ ဘာလို့ဆို ညီအစ်ကို မသိတသိကာလပေကိုး။ တစ် ဖက်နဲ့တစ်ဖက် အကူးအလူး အ ဆက်အသွယ်များနေလို့ အဖြူအ မည်းမသဲကွဲဘူး။ ဒီတော့ကိုယ်ရှိန် သတ်ပြီး ရပ်ကြည့်ရပေသပေါ့။
ဘစီတို့ စာရေးရပ်ထားတဲ့ ကာလအတွင်းမှာ အခုချက်ချင်း ထပြီး ရေးလိုက်ချင်စရာကောင်း လောက်တဲ့ဖြစ်ရပ်တွေ ပေါ်ပါသ ကောဗျာ။ ရေးချင်လိုက်တာမှ လက်ကိုယားလို့။ ဘာတဲ့ဗျာ။ရှိပါ့၊ လွှတ်တော်အမတ်တွေကို နိုင်ငံ ရေးပင်စင်တစ်လုံးတည်းတစ်ခဲ တည်းပေးရမယ်ဆိုလား။  ကြား လိုက်ပါတယ်။ လွှတ်တော်အမတ် တွေ လွှတ်တော်ထဲမှာ နောက်ဆုံး ဘိတ်အိတ်နဲ့လွယ်ဖို့ လုပ်နေကြ တာ။ သူရို့ နိုင်ငံရေးပင်စင်ငွေက လည်း နည်းမှတ်လို့။ သာမန်အစိုး ရ၀န်ထမ်းတစ်ဦး တစ်သက်လုံး အစိုးရအမှုတော်ကို ထမ်းလာ တောင်မှ အငြိမ်းစားယူတဲ့အခါ ရ တဲ့ပင်စင်လစာကမဖြစ်စလောက် ကလေးရယ်။ ဟော...အခုကြည့်၊ လွှတ်တော်အမတ် တစ်ယောက်ရ မယ့် နိုင်ငံရေးပင်စင်ကျ ပမာဏ များလွန်းသတဲ့။ လူပြောစရာ တောင်မှဖြစ်လို့။
ကျုပ်လည်း လွှတ်တော်အ မတ်တွေကိုလေ တွယ်ချင်လိုက် တာ။ အူကိုယားနေတာပဲ။ ဒါပေ တဲ့ မရေးပါဘူးလေ။ သူတို့က အမတ်တွေပဲ။ လုပ်ပေါ့။ လွှတ် တော်ထဲမှာ သူတို့ပဲ အဆိုတင်၊ သူတို့ပဲရတဲ့ အကျိုးကိုခံစား၊ သဟဇာတကို ဖြစ်နေတာပဲ။ ဒီ လွှတ်တော်သက်တမ်းအတွင်းမှာ ပဲ ကျုပ်တို့ ပြည်သူများရဲ့ ကိုယ် စားလှယ်ကြီးများဟာ လစာငွေ တွေလည်း တိုးမြှင့်ခံစားခွင့်ရခဲ့ တယ်။ အခုတစ်ခါလွှတ်တော်ထဲ က ခွာရမယ်ဆိုတော့လည်း နိုင်ငံ ရေး ပင်စင်လစာတစ်လုံးတစ်ဝ တည်းခံစားရဦးတော့မယ်။ ကောင်းပါလေ့ဗျာ။
 ဒီဘက်မှာ လွှတ်တော်အ မတ်တွေက နိုင်ငံရေးပင်စင်လ စာ တစ်စခန်းထနေတုန်း ကျုပ်တို့ အစိုးရအဖွဲ့ရဲ့ အကြီးအကဲဖြစ်တဲ့ နိုင်ငံတော်သမ္မတနဲ့ ပတ်သက်တဲ့ ဥပဒေကလည်း ထွက်လာလိုက် သေး။ ဘာတဲ့။ နိုင်ငံတော်သမ္မတ ဟာ အငြိမ်းစားယူသွားပြီးတဲ့ နောက် သမ္မတာဝန်ထမ်းဆောင် စဉ်က ကိစ္စများကိုနောက်ကြောင်း ပြန်ကာ အရေးယူမခံရစေရဆို လား ဘာလား။ ပြီးတော့လည်း နိုင်ငံတော်သမ္မတဟာ အငြိမ်းစား ယူပြီးတဲ့နောက်မှာ အပြင်ထွက် တဲ့အခါ ဆိုင်ရာအစောင့်အရှောက်များရဲ့ လိုက်ပါစောင့်ရှောက်ခြင်းကိုလည်း ခံစားခွင့်ရှိ မယ်ဆိုလား။ ကဲ။ ဒါလည်း နိပ်သဟလို့ ဆိုရတော့မှာပါပဲခင်ဗျာ။
အယ်ဒီတာမင်းတို့ပဲ စဉ်းစား  ကြည့်ဗျာ။ ဘယ်လောက်နိပ်ထား သလဲဆိုတာ။ လွှတ်တော်အမတ် တွေက နိုင်ငံရေးပင်စင်ငွေရမယ်၊ သမ္မတက အငြိမ်းစားယူပြီး နောက်မှာလည်း အဆောင်အ ယောင်နဲ့နေခွင့်ရဦးမယ်။ ပြီးတော့ သမ္မတမဟုတ်တာ လုပ်ခဲ့ရင် တောင်မှရေပြန်နူံးပြီး တရားစွဲလို့ မရ။ ကျုပ်တို့ ပြည်သူတွေကတော့ သူတို့အစိုးရလုပ်နေတုန်း၊ လွှတ် တော်အမတ်တွေဖြစ်နေတုန်းက လုပ်ခဲ့သမျှကောင်းတာဆို တော်ပါသေး။ ဆိုးဆိုးရွားရွားလုပ်ခဲ့ရင် တော့ကာ ဘယ်သူ့ကိုမှအပြစ်တင် လို့မရ။ ကျုပ်တို့ ပြည်သူတွေသာ ပဲ ‘ဖြစ်သမျှ င၀က်ကကျခံ’ရမယ့်သဘောပဲ။ ကျေးဇူးကြီးကြပါပေ့ဗျာ တို့။
အယ်ဒီတာတို့ရေ...အနှာလို အနှီလိုဟာတွေကို ဘစီတို့ ကြား ခဲ့မြင်ခဲ့ရပေတဲ့ မပြောပါဘူး။ လူ ဆိုတာ အလုပ်ကနားပြီး အေး အေးနေဖို့ဆိုတာ ရိက္ခာလေး လည်း တောင့်တောင့်တင်းတင်း ရှိပါဦးမှ ဖြစ်မှာကိုး။ မတော်လို့ ရိက္ခာပြတ်တယ်ဆိုပြီး နိုင်ငံရေး ဇာတ်ခုံပေါ်မှာ နောက်တစ်ခန်း ကပြရင် ကျုပ်တို့မှာ ဒုတိယမ္ပိ ကိုယ်ကျိုးနည်းရချည်သေးရဲ့။ ဒီတော့ယူကြပါဗျာ၊ လုံလောက် အောင် ယူသွားကြပါဆိုပြီး အ သာလေးနေရတာပဲ။ မနေနိုင်လို့ ထရေးလိုက်ရင်လည်း အခုချိန်မှာ ဘစီတို့ဟာ တမင်ဖွတာလား ဘာ လားနဲ့ အပြောခံထိနေဦးမယ်။ သိ တယ်ဟုတ်။ ဒီအချိန်က ဆွမ်းကြီး လောင်းတဲ့ အချိန်ပါလို့ဆိုနေ။
ဟောဗျာ။ အခု ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုမှာ တရားခံ လို့ယူဆစွပ်စွဲခံထားရတဲ့ မြန်မာ လုပ်သားနှစ်ဦးကို ထိုင်းတရားရုံး က သေဒဏ်ချလိုက်တယ်လည်းဆိုရော ရွေးကောက်ပွဲပြီး ကတည်းက ငြိမ်ငြိမ်လေး နေပေးနေကြတဲ့ ရွှေပြည်ကြီးသားတွေဟာ အတော် ခံပြင်းလာကြပုံရသဗျာ။ အခုဆိုရင် တစ်ပြည်လုံးအုန်းအုန်းကျွက်ကျွက်နဲ့ ဆန္ဒတွေပြနေကြတယ်။ ထိုင်းသံရုံးရှေ့မှာလည်း အုံနဲ့ကျင်းနဲ့ ဆန္ဒပြကြသဗျ။တချို့နေရာတွေမှာဆိုရင် ထိုင်းကုန်ပစ္စည်းတွေကို သပိတ်မှောက်သူမှောက်လုပ်နေကြလေရဲ့။
ဒါကတော့ ကိုယ့်နိုင်ငံသား ချင်း လက်သည်းဆိတ် လက်ထိပ် နာကြရပေမှာကိုး။ တကယ်အ ပြစ်ရှိလို့ အရေးယူခံရရင်တော့ တစ်မျိုး။ အပြစ်မရှိဘဲ အရေးယူခံ ရမယ်ဆိုရင်တော့ ကာယကံရှင် နဲ့ သူတို့ရဲ့ မိသားစုဝင်တွေခမျာ အနစ်နာကြီး နာရှာမှာပဲခင်ဗျ။ သဟာကြောင့် အမှုမှန်ပေါ်ပေါက် ဖို့ ၀ိုင်းဝန်းတောင်းဆိုကြတာဟာ လုပ်သ့င်တဲ့ အလုပ်ပါပဲဗျာ။ နို့ပေ  တဲ့ သတိတော့ထား။ အခုဆိုရင် ရောင်တော်ပြန်နဲ့ ရောလွှတ်မယ့် လူတွေလည်း တွေ့နေရသဗျ။ မြန်မာလုပ်သားနှစ်ယောက်အ ပေါ် တရားစီရင်ချက်နဲ့ပတ်သက် ပြီး ကန့်ကွက်တာတွေနဲ့ ရောသမ မွှေပြီး ထိုင်းဆန့်ကျင်ရေး၊မုန်းတီး ရေးတွေအထိပါ တချို့များ ပြော ဆိုလာကြသဗျာ။ ၀ါးရင်းတုတ်နဲ့ နေ့ချင်းပြီး တက်သိမ်းမယ်ဆိုတာ က ပါသေး။
သိတယ်ဟုတ်။ ကျုပ်တို့က လည်း ထစ်ခနဲရှိ အမျိုးသားရေး စိတ်ဓာတ်က တက်ကြွလိုက်ပါဘိ သနဲ့။ အဲသဟာကို အကြောင်းပြ ပြီးသကာလ ရွေးကောက်ပွဲပြီးက တည်းက ငြိမ်ကျသွားတဲ့ မျိုးချစ် ဆိုသူတွေဟာ စင်ပေါ်တစ်ကျော့ ပြန်တက်လာမှာကို စိုးရသဗျ။ ဒါမျိုးတော့ ကိုယ့်လူတွေလည်း မ လိုလားကြဘူး မှုတ်လား။ သတိ ထား၊ သတိထား၊ သတိထား။ အသံတွေကြားနေရလို့ ပြောတာ ပါ။ တစ်မျိုးမထင်နဲ့နော်။ တော် သေးပြီ။   ။
http://www.7daydaily.com/story/54276

Post a Comment

 
Top