ရန်ကုန်၊ ဒီဇင်ဘာ ၂၆-နည်းပညာ တက္ကသိုလ်များအားလုံးတွင်ဘာသာ ရပ်တစ်ခုချင်းစီအလိုက် ကျောင်းခေါ် ကြိမ် ၇၅ ရာခိုင်နှုန်းပြည့်မီမှသာစာမေးပွဲဖြေခွင့်ရရှိမည်ဖြစ်သည်။
အဆင့်မြင့်နည်းပညာတက္ကသိုလ် များအပါအဝင်နည်းပညာတက္ကသိုလ် များအားလုံးတွင် တက်ရောက်နေ သောကျောင်း သား၊ ကျောင်းသူများ အနေဖြင့် ယခင်ကကျောင်းခေါ် ကြိမ်စုစုပေါင်း ၇၅ ရာခိုင်နှုန်းပြည့် မီမှသာ စာမေးပွဲဖြေဆိုခွင့်ရရှိခဲ့ရာ မှယခုပညာသင်နှစ်မှစတင်ပြီး ဘာ သာရပ်တစ်ခုချင်းစီတွင် ကျောင်း ခေါ်ကြိမ် ၇၅ ရာခိုင်နှုန်းပြည့်မီမှ သာစာမေးပွဲဖြေဆိုခွင့်ရရှိ မည်ဖြစ် ကြောင်း နည်းပညာတက္ကသိုလ်များ မှသိရသည်။
''ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ကျောင်းသားတွေအနေနဲ့ မေဂျာကိုပဲ အဓိကထားတတ်တဲ့ပုံစံမျိုးတွေ လျော့ ကျသွားမှာဖြစ်ပါတယ်။ စာမေးပွဲမှာ ဘာသာရပ်အားလုံးကို စစ်ဆေးတာ ဖြစ်တယ်။ ကျောင်းသားတစ်ဦးက တစ်နှစ်လုံးမေဂျာတွေကိုပဲ အဓိက ထားတတ်ကြတော့ ကျန်တဲ့ဘာသာ တွေမှာအားနည်းကုန်တယ်။ ဒါ ကြောင့် ဒီလိုလုပ်လိုက်တာကောင်း တယ်။ သူတို့အတွက် ပါ။ ကျောင်း ခေါ်ချိန်မပြည့်ဘူးဆိုရင် သတိပေးမှု တွေကိုလုပ်မယ်''ဟု မုံရွာနည်းပညာ တက္ကသိုလ်မှ ပါမောက္ခတစ်ဦး က ပြောသည်။
၂၀၁၅-၂၀၁၆ ပညာသင်နှစ် ၏ နည်းပညာတက္ကသိုလ်ကျောင်း ဖွင့်လှစ်မှုကိုဒီဇင်ဘာ ၂ ရက်နေ့က စတင်ဖွင့်လှစ် ခဲ့ပြီး ကျောင်းခေါ် ချိန် များကို ဒီဇင်ဘာလ ရ ရက်နေ့မှ စတင်ပြီးသတ်မှတ်ခဲ့သည်။
''အခုမှ စတင်ဆောင်ရွက်တာ မျိုးတော့မဟုတ်ပါဘူး။ အရင်နှစ် တွေကလည်း ဆောင်ရွက်မှုရှိခဲ့ပါ တယ်။ ဒါပေမဲ့ ဒီနှစ်ကစတင်ပြီး အ လျော့မပေးတော့ဘူး၊ တင်းတင်းကျပ် ကျပ်ဆောင်ရွက်မယ်ဆိုတဲ့ သတိပေး တဲ့ ပုံစံမျိုးနဲ့ ထုတ်ပြန်ထားတာပါ။ ဒီလိုတစ်ဘာ သာချင်းကို ကျောင်းခေါ် ကြိမ်ယူတယ်ဆိုတာက ဘာသာရပ် တစ်ခုမှာ ကျောင်းသားတစ်ယောက် ကကျောင်းခေါ်ကြိမ် မပြည့်ဘူးဆိုရင် အဲဒီဘာသာရပ်ကို ကောင်းကောင်း မတတ်ဘူးလို့ယူဆပါတယ်။ ဒါကြောင့် အခုလိုသတ်မှတ်တာဖြစ်ပါတယ်''ဟု ရန်ကုန်နည်း ပညာတက္ကသိုလ်မှ ပါ မောက္ခ ဌာနမှူးဒေါက်တာဉာဏ်မြင့် ကျော်ကပြောသည်။
သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာန လက်အောက်တွင် အဆင့်မြင့်နည်း ပညာတက္ကသိုလ်ရန်ကုန်နှင့် မန္တလေး အပါအဝင်နည်း ပညာတက္ကသိုလ် စုစု ပေါင်း ၃၀ ကျော်ရှိနေကြောင်း သိရ သည်။
သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာန လက်အောက်တွင် အဆင့်မြင့်နည်း ပညာတက္ကသိုလ်ရန်ကုန်နှင့် မန္တလေး အပါအဝင်နည်း ပညာတက္ကသိုလ် စုစု ပေါင်း ၃၀ ကျော်ရှိနေကြောင်း သိရ သည်။
Post a Comment