တရုတ်နိုင်ငံတောင်ပိုင်း ရှန်ဇန်းမြို့တွင် ဖြစ်ပွားသည့် မြေပြိုမှုကြီးအတွင်း အဓိက တာဝန်ရှိသူအဖြစ် သတ်မှတ်နိုင်သည့် အရာရှိကြီးတစ်ဦး မိမိကိုယ်ကို အဆုံးစီရင်သွားကြောင်း သိရသည်။
ဂွမ်မင်းမြို့၏ မြို့ပြရေးရာ စီမံခန့်ခွဲမှု အုပ်ချုပ်ရေးဗျူရိုမှ ညွှန်ကြားရေးမှူးဟောင်းဖြစ်သူ မစ္စတာဇူသည် တိုက်ပေါ်မှ ခုန်ချကာ သေကြောင်းကြံစည်သွားခဲ့ကြောင်း ဒီဇင်ဘာ ၂၈ ရက်တွင် ရဲဌာနက ပြောကြားခဲ့သည်။ ရဲများက မျိုးရိုးအမည်ကိုသာ ဖော်ပြခဲ့သော်လည်း နိုင်ငံတွင်းရှိ ဩဇာကြီးမားသော စီးပွားရေး မဂ္ဂဇင်းကြီး တစ်စောင်က အဆိုပါ အရာရှိကြီး၏ အမည်မှာ ဇူယွန်နန်ဖြစ်ကြောင်း ဖော်ထုတ် ရေးသားခဲ့သည်။
ဒီဇင်ဘာ ၂၀ က ဂွမ်မင်းတွင် စွန့်ပစ်ပစ္စည်းများ စုပုံထားသည့် နေရာတစ်ခုမှ အစပြု၍ မြေပြိုမှု ဖြစ်ပွားရာ ကြီးမားကျယ်ပြန့်သည့် မြေပြင်ဧရိယာ အတိုင်းအတာကို အနီရောင် ရွှံ့ရည်များ ဖုံးအုပ်သွားခဲ့သည်။ ဇူသည် အဆိုပါ စွန့်ပစ်ပစ္စည်း ထားရှိရာ ဧရိယာ၏ လုံခြုံရေး သတ်မှတ်စံနှုန်းများကို တာဝန်ယူ စစ်ဆေးခဲ့သူ ဖြစ်သည်။
လူနေတိုက်ခန်း တစ်ခု၏ အထပ်မြင့်မှ ဒီဇင်ဘာ ၂၇ ရက်တွင် ဇူခုန်ချပြီး သေကြောင်းကြံသွားခြင်းသည် ဂွမ်မင်းမြို့ မြေပြိုမှုနှင့် တိုက်ရိုက်ဆက်စပ်မှု ရှိမရှိ မသိရသေးကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ သို့သော်လည်း တရုတ်တွင်
မြေပြိုမှုများ၊ မိုင်းတွင်း ပြိုကျမှုများနှင့် ပတ်သက်၍ အာဏာပိုင်များက ယခင်ထက် ပိုမိုထိရောက် ပြင်းထန်စွာ အရေးယူလာမှုများကြောင့် ဇူက ယခုလို ထွက်ပေါက် ရှာသွားခြင်းဟု ယူဆရသည်။
မြေပြိုမှုများ၊ မိုင်းတွင်း ပြိုကျမှုများနှင့် ပတ်သက်၍ အာဏာပိုင်များက ယခင်ထက် ပိုမိုထိရောက် ပြင်းထန်စွာ အရေးယူလာမှုများကြောင့် ဇူက ယခုလို ထွက်ပေါက် ရှာသွားခြင်းဟု ယူဆရသည်။
ဒေသတွင်း မီဒီယာများက ဇူသည် ယခုနှစ်၊ ဇူလိုင်လထိ ဗျူရို၏ ညွှန်ကြားရေးမှူး တာဝန်ကို ယူထားခဲ့ပြီး စွန့်ပစ်ပစ္စည်းများ အဆိုပါ နေရာတွင် စုပုံမှုကို ၎င်း၏ ဗျူရိုက ဘေးကင်းမှု ရှိမရှိ တာဝန်ယူ စစ်ဆေးပြီး ခွင့်ပြုချက်
ပေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ထို့ကြောင့် မြေပြိုမှုကို ပြန်လည် စစ်ဆေးရာတွင် ဇူသည် အဓိက အကျဆုံး တာဝန်ရှိသူ တစ်ဦးအဖြစ် တရားရင်ဆိုင်ရမည့် အလားအလာ ကြုံနေရသည်။
ပေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ထို့ကြောင့် မြေပြိုမှုကို ပြန်လည် စစ်ဆေးရာတွင် ဇူသည် အဓိက အကျဆုံး တာဝန်ရှိသူ တစ်ဦးအဖြစ် တရားရင်ဆိုင်ရမည့် အလားအလာ ကြုံနေရသည်။
အာဏာပိုင်များက ယခုဖြစ်ရပ်သည် မတော်တဆ သဘာဝ ဘေးတစ်ရပ် မဟုတ်ဘဲ လုံခြုံရေး စံနှုန်းများကို မျက်ကွယ်ပြုခဲ့သည့် ချွတ်ယွင်းချက်ကြောင့်ဟု ဖော်ထုတ် ပြောဆိုလိုက်ချိန်တွင် ဇူက အဆုံးစီရင်သွားခြင်း ဖြစ်သည်။ အဆိုပါ မြေပြိုမှုအတွင်း ယခုအချိန်ထိ လူ ၄ ဦး သေဆုံးပြီဟု အတည်ပြုထားပြီး အပျက်အစီး ရွှံ့ချပ်များအောက်တွင် နောက်ထပ် လူပေါင်း ၇၀ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်သည်။
“ဒီဖြစ်ရပ်အတွက် တာဝန်ရှိသူတွေ အားလုံးကို ဖော်ထုတ်ပြီး ဥပဒေ၊ စည်းမျဉ်းသတ်မှတ်ချက်တွေအတိုင်း ပြင်းပြင်းထန်ထန် အပြစ်ပေး အရေးယူသွားပါမယ်”ဟု မြေပြိုမှု နောက်ဆက်တွဲ စုံစမ်းရေး ကော်မရှင်က ကြေညာခဲ့သည်။
မြေပြိုမှု ဖြစ်ပွားပြီးနောက် ယခုအချိန်ထိ ကယ်ဆယ်ရေး လုပ်ငန်းများတွင် လူပေါင်း ၄၀၀၀ ကျော် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်လျက် ရှိသော်လည်း နောက်ထပ် အသက်ရှင် ကျန်ရစ်သူများ တွေ့ရှိနိုင်ရေး
မျှော်လင့်ချက်များ တစ်စထက်တစ်စ လျော့ပါးလာပြီ ဖြစ်သည်။
မျှော်လင့်ချက်များ တစ်စထက်တစ်စ လျော့ပါးလာပြီ ဖြစ်သည်။
စွန့်ပစ်ပစ္စည်းပုံကြီး ပြိုကျမှုနှင့်အတူ အနီရောင် ရွှံ့ရည်များ ဖုံးလွှမ်းသွားသည့် အကျယ်အဝန်းသည် စတုရန်းမီတာ ၃၈၀၀၀၀ ကျော်၊ တစ်နည်းအားဖြင့် ဘောလုံးကွင်း ၆၀ စာမျှရှိသည်။ အချို့နေရာများတွင် အပျက်အစီးပုံ
များသည် လေးထပ်တိုက် တစ်လုံးစာမျှ အမြင့်ထိ ရှိနေသည်။ ထို့အပြင် မြေပြိုချိန်၌ ဓာတ်ငွေ့ပိုက်လိုင်းတစ်ခုလည်း ပေါက်ကွဲသွားခြင်းကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နှောင့်နှေးမှုများ ကြုံခဲ့ကြောင်းလည်း သိရှိရသည်။

Ref: CNN
http://www.7daydaily.com/story/54286
Post a Comment