မြန်မာ့ ရုပ်ရှင်လောကမှာ ကိုယ် ပိုင်ခေတ် တစ်ခေတ် ထူထောင်နိုင်ခဲ့ သူ ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ မင်းသားကြီး ဦးကျော်ဟိန်း ဟာ ဦး ပဉ္ဇင်း ဦးကိတ္တိသာရ အဖြစ်ရဟန်းဝတ် ကာ ဗုဒ္ဓဘာသာ သာသနာ အကျိုး သယ်ပိုး ဆောင်ရွက်လျက် ရှိ နေပါတယ်။ အခု ဦးပဉ္ဇင်း ဦးကိတ္တိသာ ရဟာ သြစတြေးလျနိုင်ငံမှာ သီတင်း သုံးလျက် ရှိနေပါတယ်။
သြစတြေးလျနိုင်ငံမှာ နေထိုင် နေတဲ့ ခင်ခင်ခ (ဦးကျော်ဟိန်း သမီး) ဟာ ဒီဇင်ဘာလ ၁၉ ရက်နေ့က ကျင်းပပြီးစီး သွား ခဲ့တဲ့ မောင်ဖြစ် သူ နေဝင်းရဲ့ မင်္ဂလာပွဲ အခမ်းအနားကို တက် ရောက် အားပေးဖို့အတွက် မြန်မာနိုင်ငံ ကို ခေတ္တ ခဏ ပြန် ရောက်ရှိ လာခိုက် မှာ မြန်မာနိုင်ငံ မှာ စီးပွားရေးလုပ်ဖို့ စဉ်းစားနေတဲ့ အကြောင်းနဲ့ ဦးပဉ္ဇင်း ဦးကိတ္တိသာရ အကြောင်း တို့ကိုပေါ်ပြူလာက တွေ့ ဆုံမေးမြန်းဖြစ် ခဲ့ပါတယ်။
မေး -မခင်ခ ဒီတစ်ခေါက် မြန်မာ နိုင်ငံကို ပြန်လာတာက ဘာအတွက် လဲ။ မြန်မာနိုင်ငံမှာ ပြန်ပြီးတော့ အခြေချဖို့ရှိမလား။
ဖြေ – မောင်လေးရဲ့ မင်္ဂလာဆောင် ကို လာတာ လည်းဖြစ်တယ်။ ပြီးတော့ အလုပ် နဲ့ပတ်သက် တာတွေကို လေ့လာတာ လည်းပါတယ်။ ဘာဖြစ် လို့လဲ ဆိုတော့ မြန်မာနိုင်ငံက ပွင့် လင်းလာတဲ့ အခြေအနေ ရှိတော့ သြစတြေးလျ ကနေပြီး ဘယ်လို လာပြီး၊ ကူညီပြီး အလုပ် လာလုပ်လို့ ရမလဲ ဆိုတာ လေ့လာတာပါ။ အဲဒါ ပေါ် မူတည်ပြီး ပြန်လာဖို့ရှိရင် ရှိမယ်။ ဒါမှမဟုတ်ရင်တော့ အမေ့ကို တစ်နှစ်တစ်ခါ ပဲဖြစ်ဖြစ် ၊ နှစ် နှစ်တစ် ခါပဲဖြစ်ဖြစ် လာတွေ့ပါတယ်။
မေး- ဖခင်က အနုပညာရှင် တစ် ယောက် ဖြစ်ခဲ့တော့ မခင်ခ အနေနဲ့ ကော အနုပညာ အလုပ်တွေ လုပ်ဖို့ ရှိ ဦးမလား။
ဖြေ – အခု အစီအစဉ် ထဲမှာတော့ မရှိပါဘူး။ ဝါသနာ အရတော့ နောက် ပိုင်းပေါ့။ အခု လောလောဆယ်တော့ အလုပ်နဲ့ပဲပေါ့။ အချိန် ရရင်တော့ ဝါသနာ အရ လုပ်ဖို့ရှိပါတယ်။
မေး – ဦးပဉ္ဇင်းကျော်ဟိန်း က သြစ တြေးလျမှာ သီတင်း သုံးတယ်လို့ သိ ရတယ်။ ဦးပဉ္ဇင်း အကြောင်းကိုလည်း ပရိသတ်တွေ သိအောင် ပြောပါဦး။
ဖြေ – ဦးပဉ္ဇင်းကတော့ Canberra မှာပဲ သီတင်း သုံးပါတယ်။ ဦးပဉ္ဇင်း ကလည်း အသက် ရလာပြီဆိုတော့ အဆင်ပြေအောင်ပေါ့။ တစ်ပတ် ကို နှစ်ခေါက်၊ သုံးခေါက်လောက် သွား ရောက် ဖူးတွေ့ဖြစ်တယ်။ အစ်မက လည်း ဦးပဉ္ဇင်း သီတင်းသုံးရာ အနီးနား မှာ ဆိုတော့ ဦးပဉ္ဇင်း လိုတာရှိရင် သွားဖြည့်ဆည်းပေးပါတယ်။
မေး – ရုပ်ရှင် မင်းသားကြီး ဦးကျော် ဟိန်းဆိုတာ ပရိသတ် အခိုင်အမာ ရှိ ခဲ့တယ်လေ။ အခုထက်ထိ လည်း ရှိ နေတုန်းပဲပေါ့။ သူ့ ပရိသတ်တွေ အတွက် သမီး တစ်ယောက်ဖြစ်တဲ့ မခင်ခက ဦးပဉ္ဇင်း နဲ့ပတ်သက်ပြီး အခုချိန်မှာ ဘာပြောချင်မလဲ။
ဖြေ – ဦးကျော်ဟိန်း တစ်ဖြစ်လဲ ဦးပဉ္ဇင်း ဦးကိတ္တိသာရက သူပြောတဲ့ စကားအတိုင်း သူဖြစ်အောင် လုပ် တယ်။ ဦးကျော်ဟိန်း အနေနဲ့ အလုပ် လုပ်ခဲ့တုန်းကလည်း သေသေချာချာ တိတိကျကျ သူ့အလုပ်ကို သူ အောင် မြင်အောင် လုပ်ခဲ့တယ်။ အဲဒီအတိုင်း ဦးကိတ္တိသာရ ဘဝ မှာလည်း သူပြော ခဲ့တဲ့အတိုင်း သေသေချာချာ လုပ် တယ်။ လွယ်တော့ မလွယ်ဘူး။ ဘာ ဖြစ်လို့လဲ ဆိုတော့ သူသေသေချာချာ စွန့်လွှတ်ပြီး လုပ်ရတာဆိုတော့ လေ။ ဒါက ဗုဒ္ဓဘာသာ တစ်ယောက် အနေ နဲ့ မွန်မြတ်တဲ့ အလုပ်ကို လုပ်နေတာ ဆိုတော့လေ။ ခင်ခ လည်း သူ့ရဲ့ ပရိ သတ်ထဲမှာပါတယ်လေ။ သူလုပ်တာ တွေ အကုန်လုံး အားရခဲ့တယ်။ သူလုပ်ချင်တာ လုပ်နိုင်နေတဲ့ အတွက် အဖေ လည်းဖြစ်တော့ လေးစားတယ်။
မေး -မခင်ခ က ရှေ့မှာပြောခဲ့သလို မျိုး မြန်မာနိုင်ငံမှာ အလုပ်ပြန်လုပ် ကိုင်ဖို့ ရှိမယ် ဆိုတော့ မြန်မာနိုင်ငံ အမှန်တကယ် ပြောင်းလဲ လာပြီ လို့ မြင်ပြီလား။
ဖြေ – အကုန်လုံးလည်း လေ့လာရင် သိမှာပါ။ နိုင်ငံ အခြေအနေက နောက်ဘယ်လို ဆက်ဖြစ်မလဲ ဆိုတာ ဘယ်သူမှ သေသေချာချာ မှန်းဆ လို့ မရဘူးလေ။ အဲဒါကို တစ်ချက်စောင့် ကြည့်ရမှာပေါ့။ ဥပမာ သြစတြေးလျ လူမျိုးက လာပြီးတော့ အလုပ်လုပ် ပြီဆိုရင် သူတို့တွေက တိကျမှုကို တန်ဖိုး ထားလို့မို့ တည်ရှိနေဖို့ သိပ်လိုအပ် တယ်လေ။ အခုချိန်ကတော့ စောင့် ကြည့်တဲ့ အချိန်ပဲ ဖြစ်နေတာပေါ့။
မျိုးမောင်၊
ဓာတ်ပုံ-အောင်ဇော်မင်း
http://popularmyanmar.com/
Post a Comment