0


နေပြည်တော်၊ဒီဇင်ဘာ၂၈

လွှတ်တော်သက်တမ်းတစ်လျှောက်လုံးတွင် တင်သွင်းခဲ့သောအရေးကြီးအဆိုနှင့် အဆိုများကိုအကောင်အထည်ဖော်မှုအားနည်းခြင်းကြောင့် အစိုးရရော လွှတ်တော်ပါနာမည်ပျက်ရကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကပြောကြားသည်။
"လွှတ်တော်အတွင်းမှာ အဆိုတွေ၊ အဆိုတွေတင်လိုက်ကြတယ်။ အဆိုတွေအောင်မြင်သွားတယ်။ အဲဒီအဆိုတွေအောင်မြင်သွားသော်လည်း သက်ဆိုင်ရာတာဝန်ရှိတဲ့အဖွဲ့အစည်းတွေက ဒီအဆိုကိုဘယ်လောက်အထိများ အရေးယူအကောင်းအထည်ဖော်ပေးတာတွေရှိသလဲ။ ကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင် နာမည်ပျက်တာပဲရှိမယ်" ဟု ၎င်းကဆိုသည်။
ယင်းကိစ္စကို တစ်နိုင်ငံလုံးမှအသိဖြစ်သော်လည်း လွှတ်တော်အတွင်းရှိ ကိုယ်စားလှယ်များ၏ဆွေးနွေးမှုမှတ်တမ်းများသာကျန်နေကြောင်း ၎င်းကထပ်လောင်းပြောသည်။
" သူနာမည်ပျက် ကိုယ်နာမည်ပျက်မယ့်အစား ဘာပဲဖြစ်ဖြစ် ဒီလိုလွှတ်တော်ထဲမှာဆွေးနွေးခြင်းအားဖြင့် ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်များအပြင် တစ်တိုင်းပြည်လုံးကသိပါတယ်။ လွှတ်တော်ထဲမှာဆွေးနွေးထားတဲ့မှတ်တမ်းကျန်ခဲ့တယ်" ဟု၎င်းကဆိုသည်။
ဒီဇင်ဘာလ၂၈ရက်နေ့က ကျင်းပပြုလုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများအတွင်း တင်ပြခဲ့သောအဆိုများနှင့်စပ်လျဉ်း၍ ၎င်းကယင်းသို့ထောက်ပြပြောဆိုခဲ့ခြင်းဖြစ်သည်။
လွှတ်တော်တွင်မေးခွန်းနှင့်အဆိုများကိုအကောင်အထည်ဖော်ရန် အစိုးရကကတိအဖြစ်တာဝန်ယူဆောင်ရွက်မည့် ကိစ္စများသည် လက်ရှိအစိုးရသက်တမ်းတွင်ဘ ဏ္ဍာငွေခွဲဝေသုံးစွဲမှုမရရှိခြင်း၊ နှစ်ရှည်လုပ်ကိုင်ရမည့်လုပ်ငန်းများဖြစ်ခြင်း နှင့် အစိုးရတစ်ခုတည်းအနေနှင့် လုပ်ဆောင်ရန်မဖြစ်နိုင်သည့်ကိစ္စများဖြစ်နေသောကြောင့် ကတိအဖြစ်မှပယ်ဖျက်ရန်လိုကြောင်း အစိုးရကတင်ပြခဲ့သည်။
ယင်းတင်ပြမှုကို လွှတ်တော်က နိုဝင်ဘာ၂၀ရက်နေ့တွင် အတည်ပြုပေးခဲ့သည်။

The Voice Weekly

Post a Comment

 
Top