0

နေပြည်တော်၊ အောက်တိုဘာ ၂
နေပြည်တော်ရှိ လွှတ်တော်ကိုယ်စားလှယ်လောင်းများကို လုံခြုံရေးပေးရန် စီစဉ်ထားကြောင်း နေပြည်တော် တိုင်း၊ဒုတိယ ရဲတပ်ဖွဲ့မှူး ရဲမှုးကြီးဇော်ခင်အောင်က နေပြည်တော်ရှိ တိုင်းရဲတပ်ဖွဲ့မှူးရုံးတွင် အောက်တိုဘာလ ၂ ရက်နေ့က ပြုလုပ်သော ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးကိစ်္စနှင့် ပတ်သက်သော ရှင်းလင်းပွဲတွင် ပြောကြားသည်။
နေပြည်တော်ကောင်စီနယ်မြေတွင် ကိုယ်စားလှယ်လောင်းများမဲဆွယ်နေသည့် လက်ရှိအချိန်တွင် လုံခြုံရေးအတွက် ၄၀ဦးတာဝန်ချထားပြီး ဆက်လက် တာဝန်ချထားပေးရန် စီစဉ်ထားကြောင်း ၎င်းက ရှင်းပြသည်။
ကိုယ်စားလှယ်လောင်းများအနေနှင့် လုံခြုံရေးလိုအပ်သည့်ပုံစံများရှိပြီး အကူအညီလိုပါက ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
နေပြည်တော်ကောင်စီတွင် လက်ရှိရဲတပ်ဖွဲ့ဝင်အင်အား ၁၃၉၂ဦးရှိပြီး လုံခြုံရေးအင်အားအဖြစ် ပုံသေလုံခြုံရေး အင်အား ၆၉၆ ဦးနှင့် ရွေးကောက်ပွဲကာလအတွက် ၆၉၆ ဦးကို ဆက်လက် တာဝန်ချထားသွားမည်ဖြစ်ကြောင်း ၎င်းင်းက ပြောကြားသည်။
ယင်းလုံခြုံရေးတွင် အထူးရဲများကိုပါ တာဝန်ပေးသွားမည်ဖြစ်ပြီး မဲလက်မှတ်လုံခြုံရေးမှစ၍ နယ်မြေ အတွင်း စည်းအပြင် စည်းများကို သီးသန့်ခွဲခြား၍ နေရာချထားသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယင်းအပြင် ယခုကာလမှစ၍ နိုင်ငံရေးတွင် ဘာသာရေး၊လူမျိုးရေးနှင့် ဆိုင်သောပဋိပက္ခများမဖြစ်ပေါ်ရန် ပြည်သူ အပါအ၀င် တာဝန်ရှိသူများက ထိန်းသိမ်းပေးသွားရန်လိုအပ်ကြောင်း နေပြည်တော်ကောင်စီ ၊နယ်စပ်ရေးရာနှင့်လုံးခြုံရေးဝန်ကြီး က ဖြည့်စွက်ပြောကြားသည်။
နေပြည်တော်လုံခြုံရေးကိစ္စသည် ရွေးကောက်ပွဲအကြိုကာလမှစ၍ ရွေးကောက်ပွဲအပြီး အစိုးရသစ်ဖွဲ့စည်းပြီးသည့်အချိန်ထိ တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်
ကြောင်း ရဲမှူးကြီးဇော်ခင်အောင်က ထပ်လောင်းပြောကြားသည်။

The Voice Weekly

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top