By ဒီဗွီဘီ 6 October 2015
ဖီးနစ်မြို့ကနေ ဘော့စတွန်ကို ဦးတည်ပျံသန်းနေတဲ့ အမေရိကန်လေကြောင်းလိုင်းက လေယာဉ်မှူးတဦး ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့က နေမကောင်းဖြစ်ပြီး သေဆုံးခဲ့ပါတယ်။
ဒါကြောင့် ပူးတွဲလေယာဉ်မှူးက လေယာဉ်ကို နယူးယောက်ပြည်နယ် စီရာကယုစ်မြို့မှာ ဘေးကင်းကင်း ဆင်းသက်ခဲ့တယ်လို့ လေကြောင်းလိုင်းနဲ့ ရဲအရာရှိတွေက ပြောပါတယ်။
Airbus A320 အမျိုးအစား လေယာဉ်ဟာ ခရီးသည် ၁၄၈ ဦးနဲ့ ဝန်ထမ်း ၅ ဦး ကို တင်ဆောင် ပျံသန်းခဲ့တာပါ။
ဆေးဘက် အရေးပေါ်အဖွဲ့ကို အဆင်သင့်ပြင်ထားဖို့ ပူးတွဲ လေယာဉ်မှူးက လေကြောင်းထိန်းချုပ်သူတွေဆီ အကြောင်းကြားခဲ့တယ်လို့ LiveATC.net မှာ တင်ပြထားပါတယ်။
အသက် ၅၇ နှစ်အရွယ် ယူတာပြည်နယ်သား လေယာဉ်မှူးဟာ လေယာဉ်ဆင်းသက်အပြီး မိနစ် နည်းနည်းအကြာမှာ သေဆုံးကြောင်း ကြေညာခဲ့ပေမယ့် သေဆုံးရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။
လေယာဉ်ဟာ ဝန်ထမ်းအစားထိုးအပြီး ဘော့စတွန်ကို ဆက်သွားခဲ့တာကို လေကြောင်းခရီးစဉ်တွေ တိုက်ရိုက်တင်ပြနေတဲ့ FlightAware.com အင်တာနက် စာမျက်နှာအရ သိရပါတယ်။
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.