0


အဆင့်မြင့် သန့်စင်ထုတ်လုပ်ထားတဲ့ အဖြူရောင်သကြားတွေဟာ ကမ္ဘာမှာ ကျန်းမာရေးအတွက် အဆိုးဆုံး အစားအစာ မဟုတ်သေးပါဘူး။ အဲ့ဒီထက် ဆိုးတာက ပဲပုပ်ပဲဆီ (soybean oil) ပဲ ဖြစ်ပါတယ်။

ဒီအရာက ကျန်းမာရေးနဲ့ ကိုက်ညီမှု လုံးဝမရှိကြောင်း သုတေသနပြုချက်တစ်ခုက သက်သေပြခဲ့ပါတယ်။

သိပ္ပံပညာရှင်များက ကြွက်တစ်အုပ်စုကို စားအုန်းဆီကျွေးပြီး တခြားအုပ်စုတစ်ခုကိုတော့ ပဲပုပ်ပဲဆီ (soy bean oil) ပေးခဲ့ပါတယ်။ အဲဒီအစားအစာများအပြင် ကြွက်များက အဆီဓာတ်ကြွယ်ဝပြီး သစ်သီးသကြားပါထည့်ထားတဲ့ အထူးအစားအစာများ ရရှိခဲ့ကြတယ်။

ပဲပုပ်ပဲဆီ (soybean oil) ကိုသာ စားတဲ့ကြွက်များဟာ စားအုန်းဆီ စားတဲ့ကြွက်အုပ်စုထက် ခန္ဓာကိုယ်အလေးချိန် ၉% ပိုများကြတယ်။ ပြီးတော့ သူတို့မှာ အသည်းအဆီပိုများပြီး (insulin) သကြားဓာတ်သွေးထဲ ဝင်မှုကို ထိန်းပေးတဲ့ဒြပ်ခုခံအား ဖြစ်ပေါ်စေခဲ့ကြောင်း သက်သေပြခဲ့ပါတယ်။

တခြားတစ်ဖက်မှာ စားအုန်းဆီကို ကျန်းမာရေးအတွက် အကောင်းဆုံးအစားအစာများအနက် တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ သို့ပေမယ့် ဈေးနှုန်းမြင့်မားမှုကြောင့် အများစု ဝယ်မစားနိုင်ကြပါဘူး။

Ref: timefornaturalhealthcare
http://www.trend.com.mm/2015/09/21/health-7701

Post a Comment

 
Top