0


 ပြည်တွင်း၌ ဆန်ဈေး နှုန်း မြင့်တက်နေသဖြင့် တိုင်းနှင့် ပြည်နယ် အချို့တွင် ထိုင်းနိုင်ငံမှ ဆန်များကို နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းမှတစ်ဆင့် တင် သွင်းလာကြောင်း သတင်းရရှိ သည်။
ကရင်ပြည်နယ် မြ၀တီနယ် စပ်မှတစ်ဆင့် ဒေသတွင်းစားသုံး ရန် ယခုရက်ပိုင်းတွင် ဆန်တင် သွင်းမှုအချို့ ပြုလုပ်နေပြီး ယခင် ကလည်း တနင်္သာရီတိုင်းဒေသ ကြီး ကော့သောင်းမြို့သို့ ဆန်တင် သွင်းမှုများရှိနေသည်ဟု ဆန်ကုန် သည်များထံမှ သိရသည်။
ပြည်တွင်း၌ ဆန်ကြမ်းဈေး သည် ၅ မှတ်(အကျိုးအကြေ- ၅ ရာခိုင်နှုန်း) ဆန်တစ်အိတ်လျှင် ကျပ်၂၄,၀၀၀ မှ ကျပ်၂၅,၀၀၀ ကြား ဈေးရှိနေပြီး သယ်ယူစ ရိတ်ဖြင့်ဆိုပါက ဆန်တစ်အိတ် လျှင် ကျပ် ၃၀,၀၀၀ ခန့်ထိ ဖြစ် လာနိုင်ကြောင်း မြ၀တီမြို့နယ်မှ ကုန်သည်တစ်ဦးကပြောသည်။
ထိုင်းနိုင်ငံက နိုင်ငံတကာ ဈေးကွက်သို့ ရောင်းချသည့် ဆန် ဈေးနှုန်းသည် ၅ မှတ်ဆန်တစ် တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၀ မှ ၃၆၀ ကြားသာဈေးရှိနေ သည်။ ပြည်တွင်း လက်ရှိငွေလဲ  နှုန်းဖြင့် တွက်ချက်ပါက ထိုင်း ဆန်တစ်အိတ်လျှင်ကျပ် ၂၃,၀၀၀ ကျော်သာရှိသည်။
‘‘ဒီမှာ  ဈေးမြင့်နေတာနဲ့ သယ်ယူစရိတ်ကြောင့် ဟိုဘက် က သွင်းတာမျိုးပါ။ ဒီမှာက ဈေး ကမြင့်နေတယ်’’ ဟု ပြည်ပသို့ ဆန်တင်ပို့နေသော ကုန်သည် တစ်ဦးကပြောသည်။
ယခင်ကလည်း ထိုင်းနိုင်ငံမှ ဆန်ဝယ်ယူတင်သွင်းမှုများရှိခဲ့ပြီး ယင်းဆန်များကို ပြည်တွင်းလက် လီ အရောင်းဆိုင်များ၌ ပြန်လည် ရောင်းချကြသည်။
ဆန်အမျိုးအစား များသည် ဘာစမာတီ၊ ဆီးချိုဆန် စသောဆန်မျိုးဖြစ်ပြီး ဈေးနှုန်းကြီးခြင်း၊ ဆန်အရသာကို စားသုံးသူများက မနှစ်သက်ခြင်းတို့ကြောင့်အနည်းငယ်သာ တင်သွင်းရောင်းချနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကပြောသည်။
ယခုထိုင်းနိုင်ငံမှတင်သွင်းမှု သည်နယ်စပ်မှ တရားမ၀င်တင် သွင်းခြင်းမျိုးဖြစ်နိုင်ပြီး ဒေသခံ များအားဈေးနှုန်းသက်သာစွာဖြင့် ရောင်းချနိုင်ရန်ဖြစ်ကြောင်း ရန်ကုန်မြို့မှ ဆန်ကုန်သည်အချို့က ခန့်မှန်းနေကြသည်။
စက်တင်ဘာ ၁၅ ရက်တွင် ပြည်ပသို့ဆန်တင်ပို့မှုကို နယ်စပ် ကုန်သွယ်ရေးတွင် အကန့်အသတ်ဖြင့် ခွင့်ပြုပေးသဖြင့် စက် တင်ဘာ ၂၅ ရက်၌ မူဆယ် ကုန်စည်ဒိုင်သို့ ဆန်ကားအစီးရေ ၁၀၀ ကျော် ၀င်ရောက်လာ ကြောင်း မူဆယ်မှ ဆန်ကုန်သည် အချို့ကပြောသည်။
မူဆယ်ကုန်စည်ဒိုင်သို့ ၀င် ရောက်မှုသည် ပုံမှန်နီးပါး ပြန် လည်ဝင်လာပြီး ဆန်နှင့်ဆန်ကွဲ မှာ စက်တင်ဘာ ၂၅ ရက်တွင် တန်ချိန် ၄,၀၀၀ ခန့် ရှိနိုင်ကြောင်း သိရသည်။
လက်ရှိတွင် တရုတ်နိုင်ငံ၌ စပါးအသစ်များ ထွက်ပေါ်လာ သော်လည်း ပြည်တွင်းမှ တင်ပို့မှု တစ်လခွဲခန့် ရပ်နားထားသဖြင့် တရုတ်ကုန်သည်များက ၀ယ်ယူ စုဆောင်းမှုများ ပြုလုပ်နေ ကြောင်း သိရသည်။
လက်ရှိ တရုတ်-မြန်မာငွေ လဲနှုန်းမှာ မြန်မာကျပ် ၁,၀၀၀ လျှင် ၅ ယွမ်ခန့်ရှိပြီး တစ်ယွမ်၏တန်ဖိုးမှာ ၂၀၁ ကျပ်ခန့် ရှိနေသည်။
http://www.7daydaily.com/story/47307

Post a Comment

 
Top