0

-
ရန်ကုန်၊ စက်တင်ဘာ ။ ။ ကားနဲ့ပတ်သက်ပြီး လိမ်လည်မှု အများစုက ဂိုဏ်းအဖွဲ့အစည်းနဲ့ အကွက်ကျကျ ဖန်တီးလိမ်လည်နေ တယ်လို့ သိရပါတယ်။
“အစ်မတို့ဆီကို ကုမ္ဗဏီလိုင်စင်တွေ၊ သန်းခေါင်စာရင်းတွေ၊ မှတ်ပုံတင်တွေ ပြပြီး လာငှားတယ်၊ ကုမ္ဗဏီနေရာတွေ လိုက် ကြည့်တော့လဲ ဖွင့်ထားတယ်၊ သေချာတယ်ဆိုပြီး ငှားပေးလိုက်တယ်၊ တစ်နှစ် တိတိ ပိုက်ဆံကိုလဲ ပုံမှန်ပေး တယ်၊ နောက် ထပ် သူ့သူငယ်ချင်းက ငှား ချင်လို့ဆိုပြီး နောက်တစ်စီး ထပ်ငှား တယ်၊ အထည်ချုပ် လုပ်ငန်းလုပ်တယ်တဲ့၊ သွားကြည့်တော့လဲ အိမ်ရှိတယ်၊ သန်း ခေါင်စာရင်းလဲ အမှန်ပဲ၊ ငှားပေးလိုက်ပြီး ဒုတိယလမှာ ရောက်မ လာတာနဲ့ လိုက်တဲ့ အခါမှာ နာမည်အတုနဲ့ လူလိမ်တွေမှန်း သိ လိုက်ရတယ်”လို့ ဟိန်းကားအကျိုးဆောင်ဝန်ဆောင်မှုလုပ်ငန်းက မချစ်ချစ် သွေးက သူ့အတွေ့အကြုံကို ပြောပြပါတယ်။
ကားလိမ်လည်တဲ့လူတစ်ယောက်မှာ နာမည် ၁၀ မျိုးလောက်ရှိပြီး လိုင်စင်၊ မှတ် ပုံတင်၊ သန်းခေါင်စာရင်းအတုတွေနဲ့ စနစ် တကျ စီစဉ်ဖန်တီးလိမ်လည်ကြတာ ဖြစ်ပါ တယ်။
အဲသည်ဂိုဏ်းအဖွဲ့ အစည်းဟာ အ ယောက် ၆၀ လောက်ရှိမယ်လို့ ခန့်မှန်းရပြီး စာအုပ်အတုလုပ် ပေးတဲ့အဖွဲ့၊ ကားငှားပေး တဲ့အဖွဲ့နဲ့ ပေါင်တဲ့အဖွဲ့ဆိုပြီး အသီးသီး လှုပ်ရှားကြတယ်လို့ သိရပါတယ်။ အဲသည်ထဲမှာ အရပ်ပွဲစားတချို့လည်း ပါဝင်ပြီး လိမ်လည်နေမှန်းသိသိကြီးနဲ့ လုပ်ပေးကြတာတွေ လည်း ရှိတယ်လို့ ကားအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်နေ တဲ့ သူ တစ်ဦးဆီက သိရပါတယ်။
၂၀ဝ၈ ခုနှစ်က ၁၀ ယောက်အထက် ရှိတဲ့ ကားလိမ်လည်တဲ့ အဖွဲ့အစည်း တစ်ခုကို စီအိုင်ဒီက သေချာစစ်ဆေးပြီး လိုက်လံဖြိုခွင်းရာ လူလိမ်တွေ ပျောက် ကွယ်သွားပါတယ်။ ဒါပေမဲ့ ၂၀၁၂-၂၀၁၃ မှာ ကားလိမ်လည်တဲ့ ဂိုဏ်းတွေ ပြန်ပေါ် လာတယ်လို့ သိရပါတယ်။
လိမ်သူတွေဟာ နာမည်၊လိပ်စာ၊သန်း ခေါင်စာရင်း၊ မှတ်ပုံတင်နဲ့ လုပ်ငန်းလိုင်စင် တွေ အတုလုပ်ပြီး ကားအကျိုးဆောင်တွေကို ချိတ်ပါတယ်။ ပြီးရင် လိုချင်တဲ့ ကားတွေကို တစ်လစာနဲ့ စပေါ်ငွေပေးပြီး စာ ချုပ် ချုပ်တယ်။ မှန်ကန်တဲ့ အကျိုးဆောင် တွေလည်း ရှိသလို ပေါင်းလုပ်တဲ့ အကျိုး ဆောင်တချို့လည်း ရှိပါတယ်။ မှန်တဲ့ အ ကျိုးဆောင်တွေက သေချာလိုက်လံစုံစမ်း တဲ့အခါမှာလည်း ယုံကြည်အောင် အယုံ သွင်းတတ်ပါတယ်။ လချီနှစ်ချီပြီး လခကို ပုံမှန်ပေးပြီး ကားလည်းအရှိပြပြီး စိတ်ချရ ပြီဆိုရင် နောက်တစ်ဖွဲ့ တစ်ဖွဲ့နဲ့ ဆက်ငှား လာကြတယ်။ ငှားတဲ့ကားတွေကို တစ် နေရာမှာ ပေါင်လိုက်ပြီး လိမ်ကြတယ်။ တ ချို့လည်း without တွေလုပ်ပြီး မှောင်ခို ပြန်ရောင်းတာရှိသလို ကားကို အပျောက် လုပ်ပစ်လိုက်တာလည်း ရှိကြတယ်။
မချစ်ချစ်သွေးက “သူတို့က ရွှေတွဲလဲ ငွေတွဲလဲနဲ့အလန်းစားပုံစံတွေ၊ တချို့ဆိုလဲ ခပ်ချောချော ခပ်မိုက်မိုက်လေးတွေနဲ့ ထင်ရက်စရာတောင် မရှိကြဘူး၊မြင်တာနဲ့ လုံးဝ လုပ်ငန်းရှင်လိုလို အထင်ကြီးအောင် လုပ်တတ်ကြတယ်၊ အစ်မတို့လို သေချာစိစစ် ပြီး လည်တဲ့သူတောင်ခံရတယ်ဆိုတော့ စဉ်းစားသာကြည်ပေတော့၊ အစ်မတို့လဲ လဝကက မဟုတ်တော့ အတုလား အ စစ်လားဆိုတာတော့ လိုက်မစစ်နိုင်ဘူး လေ၊ တချို့ အစစ်အမှန်တွေကျတော့လဲ သိက္ခာကိုလဲ ငဲ့ရတော့ မကောင်းဘူးလေ”လို့ ပြောတယ်။
ဂျိုကာ
ဂိုဏ်းခေါင်းဆောင်တွေကနေ ဂျိုကာ တွေ ခွဲပြီးတော့ ငှားခိုင်းတယ်။ ဂျိုကာတွေဆိုတာ ရပ်ကွက်ထဲမှာ ပွဲစားအသေးစား လေး တွေက ဘာမှ မသိဘဲနဲ့ ငှားပေးရင်း ငှားပေးရင်းနဲ့ အဲသည်ဂိုဏ်းဝင်တွေလို ဖြစ် သွားတယ်။ နောက်ဆုံးကျတော့ ဂျိုကာ တွေက အချုပ်ထဲ ဝင်လိုက်ရတယ်။ တ ကယ် လုပ်ခိုင်းတဲ့သူတွေက လွတ်ပြီးတော့ ငွေအနည်းငယ်ရပြီး နည်းနည်းပါးပါးပါ ဝင် တဲ့သူတွေကပဲ အသုံးချခံလိုက်ရတဲ့ ပုံစံ ဖြစ်တယ်။
“ကားတစ်စီးကိုငှားပေးရင် ဘယ် လောက်ရမယ်ဆိုပြီး ငှားခိုင်းတယ်၊ အစ်မ ကို တစ်စီးကို တစ်သိန်းပေးတာနဲ့ လိုက် ငှားပေးဖြစ်တာပါ၊ အစ်မ ငှားပေးပြီးတာနဲ့ ကားကို သူတို့က ယူသွားတယ်၊ အစ် မက ကားတွေကို လိုက်ငှားပေးရတာ”လို့ မအေးအေးဝင်းက ပြောပါတယ်။
မအေးအေးဝင်းကတော့ လက်ရှိမှာ တာမွေမြို့နယ်ရဲစခန်းမှာ ထိန်းသိမ်းခံထား ရပါတယ်။
ဝင်လိုက်ထွက်လိုက်
ဂိုဏ်းခေါင်းဆောင်တွေက အခန့်မသင့်လို့ ရဲက ဖမ်းမိသွားရင် တရားရုံးတွေမှာ အမှုရင်ဆိုင်ရတဲ့နေရာတွေက ၁၀ ခု မကရှိတယ် (ဥပမာ ဗိုလ်တထောင်၊ ရန် ကင်း၊ တာမွေ) ။ ဒါပေမဲ့လည်း တစ်ခုချင်း စီမှာ သူတို့က အာမခံနဲ့ ပြန်လွတ်သွား တယ်။ လွတ်သွားပြီးရင် သည်လောကထဲ ကို ပြန်ရောက်လာပြီး ပြန်လိမ်လည်၊ သံ သရာလည်ပြီး ဝင်လိုက် ထွက်လိုက်လုပ် ကြတယ်။ အမှုတွေ ဘယ် လောက်များနေ လဲဆိုတာကို မဆန်းစစ် ကြဘူးလို့ မချစ် ချစ်သွေးက ဆိုပါတယ်။
သူက “တချို့ဆိုရင်အဘိုးကြီး အဘွားကြီးတွေ အိုကြီးအိုမတွေရဲ့ ချွေးနှဲစာလေး တွေနဲ့ ဝယ်ပြီး ငှားထားတယ်၊ အလိမ်ခံ လိုက်ရတော့ ကျန်းမာရေး ထိခိုက်တဲ့အထိ ခံစား ရတယ်၊ လိမ်တဲ့သူတွေကတော့ ဘန် ကောက်ကို ရှော့ပင်းထွက်လိုက်၊ ဂျင် ဆော့လိုက်နဲ့ အေးအေးဆေးဆေးပဲ”လို့ ဆက် ပြောပါတယ်။
လိမ်တဲ့သူတွေဟာ ကားပိုင်ရှင်တွေ ဆီကနေကားကို ငှားပြီးရင် တခြားနေရာမှာ စာအုပ်အတုတွေနဲ့ ပေါင်လိုက်ကြတယ်။
အယုံမလွယ်သင့်
ကားပိုင်ရှင်တွေက သေချာစစ်ဆေး ရမယ်။ ကိုယ်ဆက်သွယ်မယ့် ကားအကျိုး ဆောင်ဟာ အစိုးရမှာ မှတ်ပုံတင်ထားသ လား၊ တရားဝင်မဝင်၊ နာမည်ပျက်ရှိမရှိ၊ တစ်စုံတစ်ခုဖြစ်လာရင်လည်း တာဝန်ယူမှု အာမခံချက် ဘယ်လောက်ရှိလဲ သေချာ စစ်ဆေးပါ။ သတင်းစာမှာ ကြော်ငြာပါတာ နဲ့ ဖုန်းလေးနဲ့ အဆက်အသွယ်လုပ်ရုံနဲ့ မဖြစ်ဘဲ အမှန်တကယ် ရုံးခန်း ရှိမရှိ ကိုယ် တိုင် သွားရောက်စုံစမ်းသင့်ပါတယ်။ Car rentel ရဲ့ ဝတ္တရားက အဲဒါတွေကို သေချာ အာမခံပေးနိုင်ရမယ်။ အမှုဖြစ်ခဲ့ရင်လည်း သေချာ သက်သေလုပ်ပေးရမယ်။ ကားကို လည်း လိုက်ရှာပေးရမှာ ဖြစ်ပါတယ်။
“တချို့ ကားပိုင်ရှင်တွေက ဘယ် လောက်ရိုးလဲဆိုရင် သတင်းစာတွေမှာ ကြော်ငြာတွေ့တာနဲ့ဖုန်းဆက်ပြီး ကားအပ် ထားတယ်၊ ငှားတဲ့သူရှိလို့ အကျိုးဆောင် က ဆက်သွယ်လိုက်တဲ့အခါ အိမ်ကိုပဲ လာ ခိုင်း ပြီး ဈေးတည့်လို့ အဆင်ပြေရင် စာ ချုပ်ချုပ် ပြီး ကားကို သည်အတိုင်းပေး လိုက်ရော၊ ဘာမှလဲ မစုံစမ်းဘူး၊ အဲဒါဟာ တကယ်တော့ မြန်မာလူမျိုးတွေရဲ့ ရိုး သားမှု၊ လူ တိုင်းကို အယုံလွယ်မှုကြောင့် ပေါ့”လို့ ကား ပိုင်ရှင်တစ်ဦးက ပြောပါ တယ်။
author ရင်ငြိမ်း၊ မေဘယ်လ်
(စက်တင်ဘာလ ၈ ရက်နေ့ ထုတ် ကုမုဒြာဂျာနယ်မှ)

Kumudra

Post a Comment

 
Top