0
      မန္တလေးမြို့၊ အမရပူရမြို့နယ်မှ အမျိုးသမီးသည် တရုတ်ပြည်သို့ ရောင်းချခံခဲ့ရပြီး လေးနှစ်အကြာမှ တရုတ်ရဲများ အကူအညီဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီး ၎င်းကို ရောင်းချခဲ့သူကို စက်တင်ဘာလ (၂) ရက်နေ့တွင် အမှုဖွင့်ခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီး လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့မှ ရဲမှူးဖေသိန်းကျော်က ပြောသည်။
      ၎င်းအမျိုးသမီးအား ၎င်း၏အိမ်နီးချင်း ဖြစ်သူမှ တရုတ်ပြည်တွင် တစ်လလျှင် မြန်မာငွေ ငါးသိန်းခန့်ရမည်ဟု ပြောဆိုကာ တရုတ် အမျိုးသား တစ်ဦးထံ ရောင်းချခဲ့ခြင်း ဖြစ်သည်။
      “ရောင်းစားခံရသူက ပြန်လာရမှာ ရှက်တာပေါ့၊ ပြီးတော့ တရုတ်က မိန်းမအဖြစ် ယူပြီးရင် မျက်စိဒေါက်ထောက် ကြည့်နေတာ။သွားလေရာ၊ တကောက်ကောက် လိုက်တယ်။ ပြီးတော့ အစပိုင်းက နည်းနည်းကောင်းမှာပေါ့။ အဓိက လူကုန်ကူး ခံရတယ်ဆိုတာ ယုံကြည်လွယ်တာ၊ အားနာတတ်တာ၊ စီးပွားရေး အဆင်မပြေတာ၊ ပြီးတော့ ထွက်ပေါက် မရှိတာ။ အဲဒါတွေကြောင့် လူကုန်ကူးခံရတာပါ”ဟု ရဲမှူး ဖေသိန်းကျော်က ပြောသည်။
      လူကုန်ကူးခံရသူများမှာ အသက် (၁၈)နှစ်မှ (၂၅)နှစ်အတွင်း အမျိုးသမီး အများဆုံး ဖြစ်ပြီး အဓိကအားဖြင့် တရုတ်နိုင်ငံမှ ၀ယ်ယူခြင်းဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံ၏ ယခင်တစ်အိမ်ထောင် ကလေးတစ်ယောက်နှုန်း ဥပဒေကြောင့် မိန်းကလေးများ ရှားပါလာပြီး မြန်မာနိုင်ငံမှ မိန်းမများကို ၎င်းတို့မျိုးဆက် ရရှိရန် ၀ယ်ယူ၍ ခိုးယူ ပေါင်းသင်းကြခြင်း ဖြစ်သည်။
      “တရုတ်က ယောက်ျားတွေမှာ ကောင်းတဲ့သူက ၀ယ်တာမဟုတ်ဘူး၊ ကြံခုတ်၊ လယ်လုပ် အုတ်ဖုတ် အဲဒီအလုပ်ကြမ်း သမားတွေက ၀ယ်တာ၊ သူတို့ဆီက မိန်းမတွေ တင်တောင်းစရိတ်မတတ်နိုင်တော့ အလွယ်ရတဲ့ မြန်မာ မိန်းကလေးတွေကို ၀ယ်ကြတာပါ”ဟု ၎င်းက ဆက်ပြောသည်။
      လူကုန်ကူးခံရမှုကို ကာကွယ်ရန် လူကုန်ကူးမှု ဥပဒေကို ၂၀၀၅ခုနှစ်တွင် စတင် ပြဋ္ဌာန်းခဲ့သည်။ ပြီးခဲ့သည့် သြဂုတ်လ အတွင်း မြန်မာနိုင်ငံတွင် လူကုန်ကူးခံရသူ (၂၁၉)ဦးကို ရဲတပ်ဖွဲ့မှ ကယ်တင်နိုင်ခဲ့ပြီး၊ ၂၀၀၆ခုနှစ်မှ ၂၀၁၅ခုနှစ် သြဂုတ်လအထိ လူကုန်ကူးမှု (၁၂၀၅)မှု ရှိခဲ့ပြီး လူကုန်ကူးသူ (၂၁၉၆)ဦး ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

http://messengernewsjournal.com/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top