0

ရန်ကုန် စက်တင်ဘာ ၂၁-
စံချိန် တင် စိတ်ကြွဆေးပြားများသိမ်းဆည်း ရမိမှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့က အဓိကအလိုရှိသူ Kalatan Delta Development မှ မန်းနေးဂျင်းဒါရိုက် တာကိုဖမ်းဆီးရမိပြီးနောက်ပိုင်း စစ် ဆေးချက် များအရ ဒဂုံမြို့သစ်(အရှေ့ ပိုင်း)ရှိ တက္ကသိုလ်ရိပ်မွန် အိမ်ရာတွင် စက်တင်ဘာ ၂၁ရက်က စိတ်ကြွ ဆေးပြား ၁၉ သိန်းကျော်နှင့် ဖန်စီ ဒိုင်းပုလင်း ၅၀၀ ကို ထပ်မံသိမ်းဆည်း ရမိခဲ့ကြောင်း နေပြည်တော် မူးယစ် တားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ သိရ သည်။
စက်တင်ဘာ ၂၁ရက်က မူး ယစ်အထူးတပ်ဖွဲ့မှ တာဝန်ရှိသူများ က အဆိုပါမြို့နယ် ၁၁၀ ရပ်ကွက်ရှိ တက္ကသိုလ်ရိပ်မွန်အိမ်ရာ အတွင်းရှိ နေ အိမ်တစ်အိမ်ကို အင်အားအလုံး အရင်းဖြင့် ဝင်ရောက်စစ်ဆေးရာမှ ယင်းကဲ့သို့ စိတ်ကြွဆေးပြားများအ ပြင် အဆိုပါနေအိမ်အတွင်းရှိ မူးယစ် ဆေးဝါးမှုများနှင့် ပတ်သက်ဆက် နွှယ်သည့်ပစ္စည်းများကိုလည်း သိမ်း ဆည်းခဲ့ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ နေပြည် တော် မူးယစ်တားဆီးနှိမ်နင်းရေး တပ်ဖွဲ့မှ တာဝန်ရှိသူက ''ဖမ်းဆီးရမိ တဲ့ မင်းဦးခိုင်ကို စစ်ဆေးရာ ကနေ အခုလို စိတ်ကြွဆေးပြားတွေရှာဖွေ တွေ့ရှိခဲ့တာပါ။ စိတ်ကြွဆေးပြား ၁၉ သိန်းကျော်နှင့် ဖန်စီ ဒိုင်းပုလင်း ၅၀၀ ဖမ်းမိပါတယ်''ဟု ပြောသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)ရဲစခန်း မှ မြို့နယ်မှူးရဲမှူးတင်ထွန်းက ''မူး ယစ်တပ်ဖွဲ့ က တာဝန်ရှိသူတွေ အဲဒီ အိမ်ကို သွားရောက် စစ်ဆေးရာ က နေ တွေ့ရှိခဲ့ တာပါ။ စိတ်ကြွဆေးပြား ၁၉ သိန်းကျော်နှင့် ဖန်စီဒိုင်းပုလင်း ၅၀၀ ဖမ်းဆီးရ မိပါ တယ်။ ဖမ်းဆီး ရမိထားတဲ့ မူးယစ်မှုနဲ့ပတ်သက်ပြီး ကွင်းဆက် သိမ်း ဆည်းရမိတာပါ''ဟု ပြောသည်။
အဆိုပါအမှုမှ ဖမ်းဆီး ရမိထား သူများမှာ Kalatan Delta Development Co.,Ltdမှ မန်နေးဂျင်း ဒါရိုက်တာ မင်းဦးခိုင်၊ ညွန့်ဝင်း၊ ရန် ရှောက်ဟွာ၊ သန်းရွှေ၊ ရန်ယုံရှင်း၊ ရန်ယုံဝှေ့၊ ထွန်းကျော်ဇံ၊ ဇော်ဇော် မင်း၊ ဝင်းငြိမ်းခိုင် ဆိုသူတို့ဖြစ်ပြီး ၎င်းတို့ကို ရန်ကုန်တွင် ချုပ်ရမန်ယူ ကာ စစ်ဆေးနေခြင်းဖြစ် သည်။
ဇူလိုင် ၂၆ရက်က အောင်မင်္ဂ လာကားဝင်းအနီးရှိ ကွန်တိန်နာ ယာဉ်ပေါ်မှ သိမ်းဆည်းရမိခဲ့သော စံချိန်တင်စိတ်ကြွဆေးပြား ၂၆ ဒသမ ၇ သန်း၊ စုစုပေါင်း တန်ဖိုးငွေကျပ် ၁၃၃ ဒသမ ၅ ဘီလီယံ တန်ဖိုးကို သိမ်းဆည်း ရမိပြီးနောက်တွင် မော် တော်ယာဉ် အမျိုးအစားနှင့် ယာဉ် နံပါတ်များ ကိုတွေ့ရှိခဲ့ပြီး ယာဉ်ပိုင် ရှင်ကို စုံစမ်းစစ်ဆေးရာတွင် ဒဂုံမြို့ သစ်မြောက် ပိုင်း၊ (၄၃)ရပ်ကွက်၊ ဇွဲ ကပင်လမ်း၊ အမှတ် (၁၁၁၃) နေအိမ် မှ ကုလား တန်နှင့် ပတ်သက်သော စာရွက်စာတမ်းများကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
ယင်းကုမ္ပဏီတည်ရှိသည့် မြောက်ဒဂုံ ၄၁ ရပ်ကွက် ပဒေသရာ ဇာလမ်းတွင် ရှိသည့်နေအိမ်ကို ထပ်မံ ရှာဖွေရာ ကုမ္ပဏီမန်နေ ဂျင်း ဒါရိုက် တာနှင့်အဖွဲ့ ဝင် များဖြစ်သူ မင်းဦးခိုင်၊ ကျော်အေးလှိုင် (ခ) ခိုင်အောင်စိုး၊ ဝင်းလှိုင်(ခ) ဦးဝင်းလှိုင်၊ လှမောင် (ခ) အောင်လင်း(ခ)ပြည်စိုး၊ အေး သန်း၊ သန်းမြင့် ၊ ရွှေသီးမောင်၊ သန်း ထွန်းတို့ဖြစ်သည်ဟု ရဲတပ်ဖွဲ့က စုံစမ်း တွေ့ ရှိခဲ့သဖြင့် Kalatan Delta Development Co.,Ltd ရုံးချုပ်၊ ကုမ္ပ ဏီရုံးခွဲနှင့် ၎င်းတို့၏နေအိမ်များကို ဩဂုတ် ၃ ရက်က စစ်ဆေးခဲ့ကြောင်း သိရသည်။
KMZ

Yangon Media Group

Post a Comment

 
Top