ရန်ကုန်၊စက်တင်ဘာ၂၆
ပြီးခဲ့တဲ့ရက်ပိုင်းက ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့မှာ ဖြစ်ပွားခဲ့တဲ့ လူပိမှုကြောင့် သေဆုံးသွားသူတွေထဲမှာ မြန်မာနိုင်ငံကအစ္စလာမ်ဘာသာဝင်တွေ ပါဝင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့မှ အဖွဲ့ဝင် ဦးဝဏ္ဏရွှေက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။
လူ ၇၀၀ကျော်သေဆုံးသွားခဲ့တဲ့ သူတွေထဲမှာ မြန်မာကနေအစိုးရမဲနဲ့ ဟာ့ဂ်ျဘာသာရေးပွဲသွားတဲ့ တာမွေမှာနေတဲ့ မော်လ၀ီဆရာ တစ်ဦးအပြင် အေးဂျင့်နဲ့သွားတဲ့ လှည်းကူးမှာနေတဲ့ အစ္စလာမ်ဘာသာဝင်အမျိုးသမီးတို့ သေဆုံးသွားခဲ့တယ်လို့ သူကပြောပါတယ်။
ဒီစာရင်းက အဖွဲ့အနေနဲ့ လက်တစ်လော အခိုင်အမာရရှိထားတဲ့စာရင်းဖြစ်ပြီး မြန်မာကနေ ဆော်ဒီအာရေဗီဗျ ကိုသွားတဲ့ စုစုပေါင်းအရေအတွက် က ၄၀၀၀နီးပါးရှိနေတာကြောင့် သေဆုံးမှုဦးရေဟာ ဒီထက်လည်း ပိုရင်ပိုနိုင်တယ်လို့ ဦးဝဏ္ဏရွှေကပြောပါတယ်။
ဒါ့အပြင် ယနေ့အချိန်အထိအဆက်အသွယ်လုံးဝမရတဲ့ သူ ၁၂ဦးလည်း ရှိနေသေးပြီး၊သူတို့နဲ့အဆက်အသွယ်ရဖို့သက်ဆိုင်သူတွေကကြိုးစားနေတယ်လို့ ဦးဝဏ္ဏရွှေကဆက်ပြောပါတယ်။
ကမ္ဘာ့နိုင်ငံပေါင်းစုံက အစ္စလာမ်ဘာသာဝင်တွေ သွားရောက်ဝတ်ပြုဆုတောင်းတဲ့ အဲဒီ့ဘာသာရေးပွဲမှာ ဘုရားဖူးတွေဟာ အချင်းချင်းတက်နင်းမိကြရင်း သေဆုံးသွားခဲ့ကြတာပါ။
News by PN-051
Post a Comment