0



စက်တင်ဘာ ၂၂ရက်နေ့ မနက် ၈ နာရီခွဲခန့်က ဂရမ်းမီးရထားဝန်းရှိ ကားပါကင်တွင် မော်တော်ယဉ်တစီး ကားပါကင်ထိုးရာမှ အုတ်တံတိုင်းကိုတိုက်မီပြီး တဖက်ခြမ်းသို့ ထိုးဖောက်ထွက်သည့် ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ကားကို အမဖြစ်သူက ညီမကို ကားပါကင်ထိုး သင်ပေးရာမှ lever နှင့် break မှားနင်းပြီး အရှိန်မထိန်းနိုင်ဘဲ အုတ်တံတိုင်းကို တိုက်မိပြီး တဖက်ကို ရောက်သွားတာ”ဟု ဂရမ်းမီးရထားဝန်လုံခြုံရေးဝန်ထမ်းတဦးက ပြောကြားသည်။
ဝုန်းဆိုပြီးအသံကြားလိုက်တော့မှ ကားကအုတ်တံတိုင်းကို ဖောက်ပြီးထွတ်လာတာဗျ၊ကားက မတ်တူးရွှေငါးလေးပါ။ မောင်တာကလည်း အမျိုးသမီး။ FMI က ၀န်ထမ်းလို့သိရတယ်”ဟု မျက်မြင်တဦးမှ ပြောကြားသည်။
မင်းဇာနည်
News Watch(စောင့်ကြည့်သတင်းဂျာနယ်) 

Post a Comment

 
Top