အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လုံခြုံရေးအရ ကျည်ကာဝတ်ရန် အကြံပေးသည်ကို ငြင်းပယ်လိုက်ပြီး လုံခြုံရေးအတွက် ဘတ်ဂျက် သီးသန့်ထားရှိခြင်း လုပ်ဆောင်ထားခြင်း မရှိကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအောင်နိုင်ရေးအဖွဲ့မှ သိရှိရသည် ။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်များသို့ မဲအသိပညာပေး ဟောပြောပွဲများနှင့် ပါတီစည်းရုံးရေး လုပ်ငန်းများ အတွက် သွားရောက်မည်ဖြစ်ရာ ၎င်း၏ လုံခြုံရေးအတွက် အကြံပေးသည် ကို ငြင်းလိုက်ခြင်းဖြစ်ကြောင်း NLD ဗဟိုအောင်နိုင်ရေးအဖွဲ့မှ ဦးဝင်းထိန်က ပြောသည် ။
“ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ကျည်ကာဝတ်ဖို့ လုံးဝသဘောမတူဘူး။ လုံခြုံရေးတာဝန် ယူတဲ့သူတွေကလည်း လက်နက်လည်း မရှိဘူး ။ သူတို့က ပရော်ဖက်ရှင်နယ်တွေ မဟုတ်ဘူး ။ ဘာနဲ့ ကာကွယ်လဲဆိုတော့ သူတို့ကိုယ်ခန္ဓာနဲ့ အကာအကွယ်ပေးပြီး လုံခြုံရေး ယူကြတာ ။ ဒေါ်အောင်စုကြည် လုံခြုံရေးကို သူတို့ ကိုယ်ခန္ဓာနဲ့ပဲ အကာအကွယ် ပေးကြမှာ” ဟု ဦးဝင်းထိန်က ပြောသည် ။
လက်ရှိတွင် ရခိုင်ပြည်နယ် ခရီးစဉ်ကို သွားရောက်မည့်အပေါ် ကန့်ကွက်မှုတချို့ ရှိနေကြောင်း သိရသည် ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ပါတီစည်းရုံးရေး ခရီးစဉ်များအဖြစ် စက်တင်ဘာ ၂၆ ရက်နှင့် ၂၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ခန္တီးမြို့နယ်များသို့ လည်းကောင်း၊ အောက်တိုဘာ လဆန်းတွင် ကချင်ပြည်နယ် မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ ၀ိုင်းမော်မြို့များသို့ လည်းကောင်း၊ အောက်တိုဘာ လလယ်တွင် ရခိုင်ပြည်နယ် သံတွဲ၊ တောင်ကုတ်၊ ဂွမြို့နယ်များသို့ လည်းကောင်း သွားရောက်မည်ဖြစ်ကြောင်း ပါတီဗဟိုအောင်နိုင်ရေးအဖွဲ့မှ သိရသည် ။
သတင်း - MMK
The Ladies News Journal
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.