အကယ်ဒမီ အိန္ဒြာကျော်ဇင်ကို Miss Myanmar International 2015 မှာ အကဲဖြတ်ဒိုင် အဖြစ် ဆောင်ရွက်တာတွေ့ရပါတယ်။ သားလေး မွေးဖွားတာ မကြာသေးတဲ့အတွက် ပွဲတွေတက်ဖြစ် တာ မတွေ့ရပေမယ့် ဒီအလှမယ်ပြိုင်ပွဲမှာ အကဲ ဖြတ်ဒိုင်အဖြစ် ဆောင် ရွက်ဖြစ်ပုံကိုတော့ အိန္ဒြာ ကျော်ဇင်က..
“Miss Myanmar International ပွဲက မနှစ်တုန်းကလည်း အကဲဖြတ်ဒိုင်လုပ်ပေးဖြစ် ပါတယ်။ ဒီနှစ်လည်း ဒိုင်လုပ်ပေးဖို့ ကမ်းလှမ်း လာတဲ့အတွက် လုပ်ဖြစ်တာပါ။ ဒါပေမဲ့ သား လေးက ငယ်သေးတယ်၊Miss ပွဲတွေက ကြာ တတ်တယ်လေ။ ပွဲက ည ၁၂ နာရီကျော်သွား တာမျိုး ဖြစ်တတ်တယ်။ ဒါကြောင့် ကမ်းလှမ်းတဲ့လူတွေ ကိုလည်း ပွဲချိန် ကြာရင်တော့ ဒိုင်လုပ်ပေးဖြစ်မှာ မဟုတ်ဘူးလို့ ကြိုပြောထား တယ်။ ဒီနှစ်က 5 Plus ကနေ တိုက်ရိုက် ထုတ်လွှင့်တယ်။ ည ၁၁ နာရီမှာ ပွဲအပြီးလုပ်ထားတယ်ဆိုတာနဲ့ အဆင်ပြေလို့ဒိုင် လုပ်ဖြစ်တာ ပါ။ ဒီနှစ် စီစဉ်ထားတဲ့ Plan တွေက တအားကောင်းတယ်။ ပွဲကျင်းပသွားတဲ့ပုံစံက အပိုအလိုမရှိ ကွက်တိပဲ” လို့ ပြောပါတယ်။
လောလောဆယ်မှာ သားနဲ့သမီးအတွက်ပဲ အချိန်ပေးဖြစ်နေတယ်လို့ဆိုတဲ့ အိန္ဒြာကျော် ဇင်က “ပွဲတွေလည်း သိပ်မတက်ဖြစ်ဘူး။ မျက်နှာနာရမယ့်ပွဲမျိုး၊ မတက်ရင် မကောင်း တဲ့ပွဲမျိုးလောက်ပဲ သွားဖြစ်တယ်။ သားလေး နားမှာပဲ
အချိန်ပေးနေဖြစ်တယ်။ အခု သမီး ကလည်း ကျောင်းတက်နေတော့ သူ့ ကို
လည်း ကျောင်းပို့ကျောင်းကြို လုပ်ပေးဖြစ်တယ်။ လောလောဆယ် တော့
ကလေးနှစ်ယောက်နဲ့ပဲ အလုပ် ရှုပ်နေတာပေါ့” လို့ ပြောပါတယ်။
အချိန်ပေးနေဖြစ်တယ်။ အခု သမီး ကလည်း ကျောင်းတက်နေတော့ သူ့ ကို
လည်း ကျောင်းပို့ကျောင်းကြို လုပ်ပေးဖြစ်တယ်။ လောလောဆယ် တော့
ကလေးနှစ်ယောက်နဲ့ပဲ အလုပ် ရှုပ်နေတာပေါ့” လို့ ပြောပါတယ်။
အနုပညာအလုပ်တွေ မလုပ် ဖြစ်ဘဲ လောလောဆယ်မှာ ပရိသတ်နဲ့
ခဏဝေးနေတဲ့ အတွက် ပရိသတ်တွေ နားလည်ပေးပါလို့ အိန္ဒြာကျော်ဇင်က
ပြောပါတယ်။
ခဏဝေးနေတဲ့ အတွက် ပရိသတ်တွေ နားလည်ပေးပါလို့ အိန္ဒြာကျော်ဇင်က
ပြောပါတယ်။
ခိုင်ဝေလွင်
ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)

Post a Comment