0

ရန်ကုန်၊ စက်တင်ဘာ ၆
ရန်ကုန် ပညာရေးတက္ကသိုလ် ဝင်ခွင့်ခေါ်ယူ ရာ၌ အထက်မြန်မာပြည်မှကျောင်း သား၊ ကျောင်းသူများကိုပါ ၁၀ ရာ ခိုင်နှုန်းခန့် လက်ခံပေးသွားမည်ဖြစ် ကြောင်း သိရသည်။
၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်ခွင့် လက်ခံရာတွင် ရန်ကုန်ပညာရေးတက္က သိုလ်သည် ယခင်နှစ်ကအထိ အောက် မြန်မာပြည်မှ ကျောင်းသား၊ ကျောင်း သူများကိုသာ ဝင်ခွင့်လက်ခံပေးခဲ့ရာ ယခုနှစ်တွင် အထက်မြန်မာပြည် မှ ကျောင်းသား၊ ကျောင်းသူများပါ တက် ရောက်နိုင်စေရန် အောက်မြန်မာပြည် မှ ကျောင်းအပ်သော ကျောင်းသား၊ ကျောင်းသူစုစုပေါင်း၏ ၁၀ ရာခိုင် နှုန်းကို အထက်မြန်မာပြည်မှ ကျောင်း သား၊ ကျောင်းသူများ လျှောက်ထား နိုင်စေရန် ခွဲဝေပေးသွားမည်ဖြစ် ကြောင်း ရန်ကုန်ပညာရေးတက္ကသိုလ် မှသိရသည်။
''အခုလို လက်ခံလိုက်တာဟာ နယ်မြေခွဲခြားတာမျိုးမလုပ်တော့တဲ့ သဘောမျိုးဖြစ်သွားတာပေါ့။ အရေ အတွက်တော့နည်းတာပေါ့။ လျှောက် တဲ့သူတွေများရင်တော့ အမှတ်နဲ့ဆုံး ဖြတ်သွားမှာပါ''ဟု ရန်ကုန်ပညာရေး တက္ကသိုလ်မှတာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခင်နှစ်ကအထိ ရန်ကုန်ပညာ ရေးတက္ကသိုလ်သည် အောက်မြန် မာ ပြည်မှကျောင်းသား၊ ကျောင်းသူများ ကိုသာ လက်ခံခဲ့ပြီး အထက်မြန်မာ ပြည်မှ ကျောင်းသား၊ ကျောင်းသူများ သည် စစ်ကိုင်းပညာရေးတက္ကသိုလ် တွင်သာ တက်ရောက်ခွင့်ရရှိခဲ့ကြ ကြောင်း စစ်ကိုင်းပညာရေးတက္ကသိုလ်၏ ဝင်ခွင့်အမှတ်သည် ယခင်နှစ်က ၄၇ရ မှတ်ရှိခဲ့ကြောင်း သိရသည်။
''ဒီလို အထက်မြန်မာပြည် အောက်မြန်မာပြည်ကို မခွဲတော့ဘဲ လက်ခံတာဟာ ပထမဆုံးအကြိမ်ဖြစ် ပါတယ်။ အပြောင်းအရွှေ့လုပ်နေရ တဲ့ ဝန်ထမ်း၊ အလုပ်သမားတွေရဲ့ သားသမီးတွေအနေနဲ့ ဒီလိုလက်ခံ ပေးတာဟာ အဆင်ပြေမယ်လို့ ယူ ဆပါတယ်'' ဟု ယင်းက ဆက်လက် ပြောသည်။
ယခုနှစ်တွင် ရန်ကုန်ပညာရေး တက္ကသိုလ်နှင့် စစ်ကိုင်းပညာရေးတက္က သိုလ်တို့မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၀၀ စီခေါ်ယူသွား မည် ဖြစ်ပြီး ကျောင်းသား ၅၀၊ ကျောင်းသူ ၅၀ စီ အချိုးကျခေါ်ယူသွား မည်ဖြစ် ကြောင်း တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်တွင် ဖော်ပြပါရှိသည်။
ပညာရေးတက္ကသိုလ်များအ တွက် တစ်ကျောင်းလျှင် ၃၀၀ စီ ခေါ်မည့်အထဲတွင် ဝိဇ္ဇာဘာသာရပ် အတွက် ၁၅၀ နှင့် သိပ္ပံဘာသာရပ် အတွက် ၁၅၀ စီခေါ်ယူမည်ဖြစ် ကြောင်း သိရသည်။
ပညာရေးတက္ကသိုလ်များ၏ ဝင်ခွင့်သတ်မှတ်ချက်အရ ၃၀၀ စီသာ သတ်မှတ်ထားသော်လည်း စာသင်ခန်းနှင့် ဆရာအင်အားလုံလောက်မှု တို့ကြောင့် ၃၀၀ ကျော်အထိ ခေါ်ယူကြောင်း သိရသည်။
ATK
Democracytoday‬
Photo Caption: ရန်ကုန်ပညာရေးတက္ကသိုလ်မုခ်ဦးရှေ့တွင် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများဖြည့်နေစဉ်။ Photo: မင်းမင်း။
Yangon Media Group

Post a Comment

 
Top