(ရန်ကုန်-စက်တင်ဘာ ၂၄)
မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာ စက်မှုဇုံထဲမှာ ယနေ့နံနက်ကဖြစ်ပွားခဲ့တဲ့ ကိုကာကိုလာ ဂိုဒေါင် မီးလောင်မှုကိုသွားရောက်ငြိမ်းသတ်တဲ့ မီးသတ်တပ်ဖွဲ့ဝင် တစ်ဦး ဒဏ်ရာရရှိပြီး နေ့လည် ၁၂ နာရီလောက် မှာမီးကို ငြိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနကသိရပါတယ်။
လက်ရှိ ဒဏ်ရာရထားတဲ့ မီးသတ် ၀န်ထမ်းကိုတော့ ဆေးရုံကို ပို့ဆောင် ထားပြီး အခြေအနေ မသိသေးဘူးလို့ မီးသတ်ဦးစီးဌာနရဲ့ အဆင့်မြှင့် အရာရှိတစ်ဦးကပြောပါတယ်။
မီးလောင်မူကတော့ ပေါ့ဆမှုကြောင့်လောင်တာလို့ အကြမ်းဖျင်း သတ်မှတ် ထားပြီး လောင်ရတဲ့ အကြောင်းအရင်းအတိအကျကိုစစ်ဆေးနေဆဲ
ဖြစ်တယ်လို့ သူကပြောပါတယ်။
ဖြစ်တယ်လို့ သူကပြောပါတယ်။
မီးလောင်မှုဟာဆိုရင် ဒီိနေ့မနက် ၇ နာရီလောက်က စတင်လောင်ကျွမ်း ခဲ့တာဖြစ်ပြီင်္း နေ့လည် ၁၂နာရီမှာမှငြိမ်းသတ်နိုင်ခဲ့တာဖြစ်ပါတယ်။
မီးလောင်မှုကိုတော့ မြန်မာ့နိုင်ငံမီးသတ်တပ်ဖွဲ့ ၀င် ၊ကြက်ခြေနီ တပ်ဖွဲ့ဝင် နှစ်ရာကျော်လောက် ပူးပေါင်းငြိမ်းသတ်ခဲ့ရပြီး မီးသတ်ကား အစီး ၄၀ကျော် အသုံးပြုခဲ့ရတယ်လို့ မီးသတ်ဌာနရဲ့စာရင်းတွေ အရသိရပါတယ်။
အဆိုပါမီးလောင်မှုဖြစ်ပွားခဲ့တဲ့ ကိုကာကိုလာ ဂိုထောင်ကို စောင့်ကြပ်တဲ့ အစောင့် တစ်ဦးဖြစ်သူ ဦးခင်မောင်မြင့်ကတော့ ယခုလောင်ကျွမ်းမှု နဲ့ပတ်သတ်ပြီးအခုလိုပြောပါတယ်။
"မီးလောင်တာက ၇ နာရီ ၂၀လောက်မှာ။ ကျွန်တော်သန့်ရှင်းရေး လုပ်နေ တုန်းပဲ။ တစ်ဖျစ်ဖျစ်နဲ့ အသံကြားလို့လှမ်းကြည့်လိုက်တော့ မီးငွေ့တွေမြင်လိုက်
တယ်။ ကျွန်တော့်မှာလည်း ဘာမှ ကရိယာမရှိဘူး။ ဒါနဲ့ အပြင်ကို ထွက်ပြီးအော်တယ်။ ဖုန်းလည်းဆက်တယ်။ ဌာနဆိုင်ရာတွေကို ဖုန်းလှမ်းဆက်လိုက်တယ်" လို့ ပြောပါတယ်။
တယ်။ ကျွန်တော့်မှာလည်း ဘာမှ ကရိယာမရှိဘူး။ ဒါနဲ့ အပြင်ကို ထွက်ပြီးအော်တယ်။ ဖုန်းလည်းဆက်တယ်။ ဌာနဆိုင်ရာတွေကို ဖုန်းလှမ်းဆက်လိုက်တယ်" လို့ ပြောပါတယ်။
ကောင်းခန့်လင်း
ဓါတ်ပုံ-အောင်နိင်စိုး(ကစ္ဆပ)
ဓါတ်ပုံ-အောင်နိင်စိုး(ကစ္ဆပ)






Post a Comment