0

ရန်ကုန်၊ ဧပြီ ၁၉
ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ဧပြီလအတွင်း၌ နေ့အပူချိန်များ ဆက်လက်မြင့်တက်လာနိုင်ပြီး မိုးတိမ်တောင်ကြောင့် လေပြင်းတိုက်ခတ်မှု အန္တရာယ်ကိုလည်း သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောကြားသည်။
နွေရာသီ၏ အပူပြင်းဆုံးကာလ ဖြစ်သည့် ဧပြီလ (မိုးကြိုကာလ) အတွင်း နေ့အပူချိန်များ ဆက်လက်မြင့်တက်လာပြီး ပင်လယ်ဘက်ခြမ်းမှ ရေခိုးရေငွေ့များ ဝင်ရောက်လာခြင်းကြောင့်လည်း တိမ်ဖြစ်ထွန်းမှုများပြီး မိုးတိမ်တောင်များ ဖြစ်ပေါ်ကာ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေကျခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် စိုက်ဆင်း လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း ၎င်းက ပြောဆိုသည်။
ကမ်းရိုးတန်းဒေသများတွင်လည်း အရှေ့ဘက်မှ လေပြင်းများ တိုက်ခတ်ပြီး လှိုင်းကြီးနိုင်သည့်အပြင် မိုးတိမ်တောင်များကြောင့်လည်း စိုက်ဆင်းလေပြင်း တိုက်ခတ်နိုင်သည့်အတွက် ရေကြောင်းခရီးသွားလာရေးတွင်လည်း သတိပြုရန် လိုအပ်ကြောင်း ဦးကျော်မိုးဦးက သတိပေး ပြောကြားသည်။
“မိုးတိမ်တောင်ကြောင့် လေပြင်းတိုက်တာတွေ မိုးသီးကြွေတာတွေကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေကို ထိခိုက်နိုင်တယ်။ ဒါ့အပြင် အနောက်ဘက်က လေပွေလှိုင်းတွေ ဝင်လာတာကြောင့်လည်း တောင်ပိုင်းဒေသတွေမှာ အချိန်အခါမဟုတ် မိုးရွာနိုင်တယ်” ဟု ၎င်းကဆိုသည်။
ထို့ပြင် ဧပြီလ ၁၉ ရက်နေ့မှ ၂၆ ရက်နေ့အတွင်း မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် မိုးထစ်ချုန်း ရွာသွန်းနိုင်ပြီး တစ်ခါတစ်ရံ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းချက် ထုတ်ပြန်ထားသည်။
The Voice Weekly

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top