0

|| ဆောင်းပါး - သန်းစိုးနိုင်||
၁၃၀၀ ပြည့်အရေးတော်ပုံကြီးပေါ်ပေါက်ခဲ့ပြီး ၇၇ နှစ်အကြာ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ လ ၂၀ ရက်နေ့မှာ ဒီမိုကရေစီပညာရေးလှုပ် ရှားမှု ဦးဆောင်ကော်မတီနဲ့ တက္ကသိုလ် ကျောင်းသားများ စုပေါင်းကာ မန္တလေးမြို့၊ အိမ်တော်ရာ ၁၄ ခန်းဇရပ်ကစတင်ပြီး ရန် ကုန်မြို့ကို ခရီးရှည် ခြေလျင်လျှောက် သ ပိတ်မှောက်ပွဲကြီး ကျင်းပခဲ့ကြပါတယ်။ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးဟာ နယ်ချဲ့ဗြိတိသျှကို လိုနီအစိုးရအဖွဲ့ကို ရေနံမြေအလုပ်သမားထုက သပိတ်မှောက်ဆန္ဒပြ ခရီးရှည်ချီတက်ခဲ့ ကြတာဖြစ်ပေမယ့် အခုအခါမှာတော့ ကိုယ့်မင်းကိုယ့်ချင်း သမ္မတဦးသိန်းစိန်အစိုးရရဲ့ ‘အမျိုးသားပညာရေးဥပဒေ’ ပြင်ဆင်ရေး အတွက် ကျောင်းသားထုက ခရီးရှည် ခြေလျင်လျှောက် သပိတ်မှောက်ဆန္ဒပြ ချီတက်ခဲ့ကြတာပါ။ ၁၃၀၀ ပြည့်အရေးတော်ပုံကာလက တပ်ဦး မှာ သုံးရောင်ခြယ်ဒေါင်းအလံတွေ တလူလူ လွှင့်ထူခဲ့ကြသလို ၂၀၁၅ ခုနှစ် ခရီးရှည် သပိတ်မှောက် ချီတက်ဆန္ဒပြပွဲမှာလည်း အနီ ရောင်ခွပ်ဒေါင်း အလံတွေ မိုးယံသို့တိုင် တလူ လူ လွင့်ပျံခဲ့ပါတယ်။ ၁၃၀၀ ပြည့်အရေးတော် ပုံ ခရီးရှည်ချီတက်ပွဲကို ကျောင်းသားပြည်သူ ရဟန်းရှင်လူအပေါင်း က သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသလို ဒီနေ့ကျောင်းသားထုရဲ့ ခရီးရှည် ချီတက် ဆန္ဒပြပွဲကြီးကိုလည်း ရဟန်းရှင်လူ ပြည်သူအပေါင်းက တက်ကြွလှိုက်လှဲစွာ ထောက်ခံကြိုဆိုခဲ့ကြပါတယ်။
ပညာရေးလေးပွင့်ဆိုင်
တကယ်တော့ ၂၀၁၄ ခု၊ နိုဝင်ဘာလ ၁ ရက်နေ့ကတည်းက ‘အမျိုးသား ပညာရေးဥပဒေ’ ပြင်ဆင်ပေးဖို့ ရန်ကုန်မြို့ ဆူးလေဘုရားအနီးက မြို့တော် ခန်းမရှေ့မှာ ထိုင်သပိတ် ဆင်နွှဲဆန္ဒပြပွဲ စတင်ခဲ့တာပါ။ နိုဝင်ဘာလ ၁၇ ရက်နေ့မှာတော့ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် အစိုးရအဖွဲ့၊ လွှတ် တော်အဖွဲ့၊ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာ ကွန်ရက် NNER အဖွဲ့နဲ့ ဒီ မိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော် မတီတို့ပါဝင်တဲ့ ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေး ပွဲတစ်ရပ်ကို ရက်ပေါင်း ၆၀ အတွင်းကျင်းပ ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ တကယ်လို့ ကျင်း ပမပေးခဲ့ရင် ၆၁ ရက်မြောက်နေ့မှာ တစ်နိုင် ငံလုံးအတိုင်းအတာနဲ့ ပိုမိုကြီးမား ကျယ်ပြန့် တဲ့ သပိတ်တိုက်ပွဲတွေ ဆင်နွှဲသွားမယ်လို့ ရာဇသံ ပေးခဲ့ပါတယ်။ ရာဇသံပေး ထားတဲ့အတိုင်း ရက် ပေါင်း ၆၀ လွန်မြောက်အောင် စောင့်ဆိုင်း ခဲ့ပေမယ့် အာဏာပိုင်တွေဘက်က တစ်စုံတစ် ရာ အရေးယူဆောင်ရွက်မှုမရှိတဲ့ အချိန်အခါ ရောက်မှ ကျောင်းသားတွေက အခုလို ခရီး ရှည်ဆန္ဒပြချီတက်ခဲ့၊ သပိတ်မှောက်ခဲ့တာဖြစ် ပါတယ်။
ဒီလို ကျောင်းသားတွေဘက်က ၄ ပွင့် ဆိုင်တွေ့ဆုံညှိနှိုင်းဖို့ ရက် ၆၀ ပေး ထားချိန် အတွင်းက ဦးသိန်းစိန်အစိုးရအဖွဲ့ဟာ အရင် စစ်အာဏာရှင် အစိုးရတွေလက်ထက်က အ ချိုးအတိုင်း ဂရုမစိုက်သလို၊ မတူမတန်သလို၊ တုတ်တုတ်မျှမလှုပ်ဘဲ ငြိမ်နေခဲ့ကြပါတယ်။ ဒါဟာ ပြဿနာကို အချိန်မီ လက်ဦးမှု ရှိရှိ ဖြေ ရှင်းဖို့ မကြိုးစားဘဲ မီးပွားကနေ တောမီး လောင်တဲ့ အထိ စောင့်ကြည့်နေချင်တဲ့ စစ် အစိုးရတွေရဲ့အချိုးနဲ့ တစ်မျိုးတစ်စားတည်း ပါပဲ။ တောမီးလောင်ပြီဆိုမှ အင်အားအလုံး စုံသုံးပြီး ငြှိမ်းသတ်ဖို့ ကြိုးစား တဲ့အခါ ‘အပ် နဲ့ထွင်ရမယ့်ကိစ္စကို ပေါက်ဆိန်နဲ့ပေါက်’ ရ တဲ့ကိန်း ဆိုက်သွား ခဲ့တာချည်းပါပဲ။ ဒီတော့ လည်း သမ္မတဦးသိန်းစိန်ရဲ့ ပြဿနာတွေ ကို တွေ့ဆုံဆွေးနွေးတဲ့ နည်းနဲ့ ဖြေရှင်းတဲ့ နိုင်ငံ ရေးယဉ်ကျေးမှုတစ်ရပ် ထွန်းကားရေးဆိုတဲ့ အဆိုပြုချက်ဟာ တကယ့် သဘောထားအမှန် ဟုတ်ရဲ့လားဆိုတာ များစွာ သံသယပွား စရာဖြစ်ခဲ့ရပါတယ်။
၂၀၁၅ ခု၊ ဇန်နဝါရီ ၂၅ ရက်နေ့ လမ်း လျှောက်သပိတ်မှောက် ဆန္ဒပြကျောင်းသား စစ်ကြောင်း၊ မြင်းခြံမြို့ကို ရောက်ရှိချိန်မှာတော့ ကြိုဆိုကြတဲ့ ရဟန်းရှင်လူပြည်သူများရဲ့ အ ရေအတွက် ဟာ ထောင်ဂဏန်း ကနေ သောင်း ဂဏန်းအထိ တိုးပွားများပြားလာခဲ့ပါပြီ။ မြင်း ခြံပြည်သူလူထုရဲ့ လှိုက်လှဲစွာ ကျွေးမွေးဧည့် ခံကြိုဆိုမှု၊ ရန်ကုန်နာရေး ကူညီမှုအသင်း၊ သုခ ကုသိုလ်ဖြစ်ဆေးခန်းတို့ရဲ့ ဆေးဝါး၊ အချိုရည်၊ စာရေး ကိရိယာတွေ ပေးကမ်းလှူဒါန်းမှုတွေ ကြောင့် သပိတ်မှောက်ကျောင်းသားတွေ လန်း ဆန်းအမောပြေခဲ့ကြရပါတယ်။ ဒီအခါ သပိတ် မှောက်ကျောင်းသားတွေကလည်း မြင်းခြံနည်း ပညာကောလိပ် ကျောင်းဝင်းအတွင်းမှာ အ မျိုးသားပညာရေးဥပဒေ ကန့်ကွက်ကြောင်း ဟောပြောပွဲတွေ တက်ကြွစွာ ကျင်းပခဲ့ကြပါ တယ်။ တက်ကြွမှုလွန်ကဲတဲ့ ကျောင်းသား တချို့ကတော့ နိုင်ငံတော်အလံကိုဖြုတ် ချပြီး ကျောင်းသားသမဂ္ဂရဲ့ခွပ်ဒေါင်းအလံ လွှင့်တင် မိတဲ့အထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ တက် ကြွတာ အားရစရာကောင်းပေမယ့် အလွန်အကျွံ တွေ ဖြစ်မလာအောင်တော့ ဝိုင်းဝန်းထိန်းသိမ်း ပေးဖို့ လိုပါလိမ့်မယ်။ အလွန်အကျွံတွေ ဖြစ် လာရင် လူထုနဲ့ကင်းကွာသွားနိုင်သလို အပြစ် ရှာ အကွက်ကောင်းချောင်းနေတဲ့ အင်အားစု တွေရဲ့ ထောင်ချောက်ထဲ ကို ကျရောက်သွား နိုင်ပါတယ်။
နောက်တစ်နေ့ နေ့လယ် တောင်သာမြို့ နယ်အတွင်းက နန်းမြင့်တောင်ကြား အရောက် မှာတော့ မြို့နယ်အာဏာပိုင်များက လုံခြုံရေး ရဲတပ်ဖွဲ့ဝင် အပြည့် အစုံနဲ့ လမ်းပေါ်မှာ အရံ အတားများ ပိတ်ဆို့ချထားပြီး သပိတ်မှောက် ဆန္ဒပြ စစ်ကြောင်းကို တားဆီးဟန့်တားလိုက် ပါပြီ။ ညနေ ၃ နာရီခန့်မှာ အထက်မြန်မာ ပြည် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာ စိုးဝင်းနဲ့ အဖွဲ့ ရောက်ရှိလာ ပြီး ကျောင်းသားခေါင်းဆောင်တွေနဲ့ ဆွေး နွေးရာမှာ ပြေလည်မှုမရဘဲ အပြန်အလှန်ငြင်း ခုံကြပြီး၊ အခြေအနေတင်းမာပြင်းထန်လာခဲ့ပါ တယ်။ အဲဒီအချိန်က ဒေသခံပြည်သူလူထု တစ်ထောင်ကျော်က ဆန္ဒပြကျောင်းသား စစ် ကြောင်းကို ဝန်းရံကာကွယ်ထားကြတယ်လို့ လည်း သိရပါတယ်။ ဒီလို အနေအထားမျိုးမှာ ၁၃၀၀ ပြည့်အရေးတော်ပုံအတွင်းက မြင်းခြံ ခရိုင်၊ ရာဇဝတ်ဝန်နဲ့ ရေနံမြေသပိတ်စစ်ကြောင်း တို့ရဲ့ ထိပ်တိုက်ရင်ဆိုင်မှုမျိုး မဖြစ်အောင် ထိန်း ထိန်းသိမ်းသိမ်းရှိဖို့တော့ လိုအပ်ပါလိမ့်မယ်။ မြင်းခြံခရိုင် ရာဇဝတ်ဝန်က ရေနံမြေဆန္ဒပြ သပိတ်စစ်ကြောင်းကို စစ်ပုလိပ်တွေနဲ့တား ဆီးရိုက်နှက်ဖြိုခွဲပြီး သခင်ဖိုးလှကြီးခေါင်းဆောင် တဲ့ သပိတ်တပ်သားတွေကို ဖမ်းဆီးချုပ်နှောင် ခဲ့ပါတယ်။ တစ်ချိန်တည်းမှာ ‘မြင်းခွာတစ် ချက်ပေါက် ရင် ရေနံမြေ မီးဟုန်းဟုန်းတောက်စေရမယ်’ လို့ ကြွေးကြော်ခဲ့ တဲ့ ကျောင်းသား သမဂ္ဂခေါင်းဆောင် ကိုဗဟိန်းကိုလည်း ဖမ်း ဆီးထောင်ချခဲ့ပါတယ်။ ဒီနေ့လို ကိုယ့်မင်း ကိုယ့်ချင်း ကိုယ့်အစိုးရမင်း လက်ထက်မှာ တွေ့ ဆုံဆွေးနွေးတဲ့နည်းနဲ့ ဖြေရှင်းတဲ့ နိုင်ငံရေး ယဉ်ကျေးမှု မျိုးကိုပဲ ကျင့်သုံးဖို့လိုအပ်ပါလိမ့်မယ်။
လိုလားတောင်းဆိုချက်များ
ဇန်နဝါရီလ ၂၈ ရက်နေ့မှာတော့ သမ္မတ ရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦး ဆောင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ကျောင်း သားအဖွဲ့တို့ တွေ့ဆုံဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ ဒီတွေ့ဆုံပွဲအပြီးမှာ ပူးတွဲကြေညာချက်တစ် ရပ်လည်း ထုတ်ပြန်ကြေညာခဲ့ကြပါတယ်။ ဒီ ပူးတွဲကြေညာချက်ထဲမှာ ကျောင်းသားတွေ တောင်းဆိုထားတဲ့ အစိုးရ၊ လွှတ်တော်၊ကျောင်း သားနဲ့ NNER ကိုယ်စားလှယ်တွေပါဝင်တဲ့ ၄ ပွင့်ဆိုင် ညှိနှိုင်းဆွေးနွေးပွဲတစ်ရပ်ကို ဖေ ဖော်ဝါရီလ ၁ ရက်နေ့မှာ စတင်ကျင်းပဖို့ဆုံး ဖြတ်လိုက်ကြပါတယ်။
ဒီလိုတွေ့ဆုံရာမှာ ကျောင်းသားတွေဘက် က တင်ပြမယ့်အချက် ၁၁ ချက်ကို ဆွေးနွေး ညှိနှိုင်းအဖြေရှာဖို့ ကိုယ်စားလှယ်တွေနဲ့ အ ပြု သဘောဆောင်စွာ ဆွေးနွေးညှိနှိုင်းသွားဖို့ ဆွေးနွေးရန် ကျန်ရှိနေတာတွေ ကို ဆက်လက်ညှိနှိုင်းအဖြေရှာသွားဖို့နဲ့ ဒီလိုဆွေးနွေးပွဲစတင် တဲ့နေ့မှာပဲ သပိတ်ရပ်နားဖို့ စတဲ့အချက်တွေကို ပူးတွဲထုတ်ပြန်ခဲ့ကြပါတယ်။
တွေ့ဆုံဆွေးနွေးအဖြေရှာရေး နိုင်ငံရေး ယဉ်ကျေးမှုဆိုတာ တကယ်တော့ ဒေါ်အောင် ဆန်းစုကြည်ပြောသလို ‘နှစ်ဖက်ညှိနှိုင်းကြ ရာမှာ အပြန်အလှန် အပေးအယူ၊ အလျှော့ အတင်းတွေ ရှိကြဖို့ လိုပါလိမ့်မယ်’။ ဒီလို အလျှော့အတင်း အပေးအယူမရှိဘဲ ‘ငါ့စကား နွားရ’ လုပ်နေ ရင်တော့ အောင်မြင်စရာ အ ကြောင်းမရှိပါဘူး။ တစ်နည်းပြောရရင် မူကို ဆုပ်ကိုင်ပြီး နည်းနာအရ သိမ်မွေ့ပျော့ပျောင်း ဖို့ အရေးကြီးပါတယ်။ ဆန္ဒပြကျောင်းသား တွေရဲ့ တောင်းဆိုချက် ၁၁ ချက်ထဲမှာ မူအ ဖြစ်ဆုပ်ကိုင်ထားသင့်တာ။ ပညာရေးဥပဒေ တွေ ရေးဆွဲရာ မှာ ကျောင်းသားနဲ့ဆရာများ ရဲ့ ကိုယ်စားလှယ်တွေ ပါဝင်ခွင့်ရရေး၊ သမဂ္ဂ များ တရားဝင်ဖွဲ့စည်းခွင့်ရရေးနဲ့ အမျိုးသား ပညာရေးကော်မရှင် တက္ကသိုလ် များပေါင်းစပ် ညှိနှိုင်းရေးကော်မတီတွေမှာ ကျောင်းသားနဲ့ ဆရာများ ကိုယ်စားလှယ်တွေ ပါဝင်ဆုံးဖြတ် ခွင့်ရရေးတို့ပဲ ဖြစ်လိမ့်မယ်ထင်ပါတယ်။ တစ် ချိန်တည်းမှာ လတ်တလောလိုအပ်စွာ ထည့် သွင်းတောင်းဆို သင့်တာကတော့ အရေးအ ခင်းကြောင့် ကျောင်းထုတ်ခံ ရသူတွေ ကျောင်း ပြန်တက်ခွင့်ရရေး ဖြစ်ပါတယ်။ ဒီအခြေခံရ ပိုင်ခွင့်တွေ ရရှိထားတဲ့ အနေအထားအပေါ်မှာ အခြားဖြစ်သင့်ဖြစ်ထိုက် တဲ့ တောင်းဆို ချက် တွေကို အခြေအနေ အချိန်အခါနဲ့ လိုက် လျောညီထွေစွာ တစ်ဆင့် ချင်း၊ ရေရှည်ညှိနှိုင်း ဖြေရှင်းသွားကြရမှာပါ။ အရေးကြီးတာက ဒီ တောင်းဆို မှုတွေ မူသဘောအရ အမျိုးသား ပညာရေးဥပဒေထဲမှာ ထည့်သွင်းပါဝင်နိုင်ဖို့ လိုပါလိမ့်မယ်။
သမဂ္ဂတစ္ဆေ
တကယ်တော့ နယ်ချဲ့ခေတ်က ၁၃၀၀ ပြည့်အရေးတော်ပုံကြီးကို အမှတ်ရလောက် အောင် သပိတ်မှောက်ဆန္ဒပြကျောင်းသားတွေ မန္တလေးမြို့ကနေ ခြေလျင်ခရီးရှည်ချီတက်ပွဲ ကြီး ဆင်နွှဲခဲ့ရတာ သမ္မတ ဦးသိန်းစိန် အစိုးရ အဖွဲ့ရဲ့ သဘောထားမမှန်ကန်မှုနဲ့ ကိုင်တွယ် ဖြေရှင်းပုံ ညံ့ဖျင်းခဲ့လို့ပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄၊ ၁၇ ရက်နေ့အထိ ရန်ကုန်မြို့တွင်း ၄ နေရာမှာ ကျောင်းသားသပိတ်စခန်းတွေဖွင့် လှစ်ပြီး အမျိုးသား ပညာရေးဥပဒေပြင်ဆင် ခွင့်ရဖို့ ‘၄ ပွင့်ဆိုင်’ တွေ့ဆုံဆွေးနွေးခွင့်ကို အစိုးရတာဝန်ရှိသူတွေထံ သပိတ်မှောက်ခေါင်း ဆောင်တွေ က တောင်းဆို ခဲ့ကြပြီးဖြစ်ပါတယ်။ ခရီးရှည်ချီတက်ဆန္ဒပြပွဲ မစတင်မီ ရက်ပေါင်း ၆၀ အထိလည်း အစိုးရရဲ့ သဘောထားထုတ် ပြန်မှုကို သပိတ်မှောက်ကျောင်းသားတွေက စိတ်ရှည်စွာ စောင့်ခဲ့ကြပါသေးတယ်။ ဒါကို သမ္မတဦးသိန်းစိန်က သူ့ရဲ့လစဉ်မိန့်ခွန်းမှာ ‘အမျိုးသားပညာရေး ဥပဒေ၊ ဘက်စောင့်ထောင့် စုံက လွှမ်းခြုံHမိအောင် ရေးဆွဲထားတဲ့ ဥပဒေ ဖြစ်ပြီး နည်းဥပဒေနဲ့ ကဏ္ဍအလိုက် ဥပဒေ တွေ မထွက်သေးလို့ ပြီးပြည့်စုံမှု မရှိနိုင်သေးကြောင်း’ ဆင်ခြင်ပေးရင်းနဲ့ ဒီဥပဒေကို ပြင် ဆင်စရာ မလိုတဲ့သဘော တုံ့ပြန်ပြောဆိုသွား ခဲ့တယ်။ တစ်ဆက်တည်းမှာ တက္ကသိုလ်တိုင်း မှာ ပါမောက္ခချုပ်တိုင်းက အမျိုးသားပညာ ရေးဥပဒေ ရှင်းလင်းပွဲတွေလုပ်ခဲ့ကြပေမယ့် သ ပိတ်မှောက်ကျောင်းသားတွေ ရဲ့ လေးပွင့် ဆိုင် တွေ့ဆုံဆွေးနွေးရေး တောင်းဆိုမှုကို ဘာမှ အလေးဂရုပြုမှု မလုပ်ခဲ့ပါဘူး။ ဒီလိုတွေ့ဆုံ ဆွေးနွေးဖို့ တောင်းဆိုမှုကို ဥပေက္ခာပြု လိုက် တော့လည်း သဘာဝကျစွာ သပိတ်မှောက် ကျောင်းသားတွေကလည်း လမ်းပေါ်ထွက်ခဲ့ကြ တာပါပဲ။
အရင်းခံအားဖြင့်ချုပ်ပြောရရင် ‘အမျိုးသားပညာရေးဥပဒေ’နဲ့ပတ်သက် လို့ ကျောင်းသားတွေ ရင်အနာဆုံး၊ အနာကြည်းဆုံးခံစား ရတဲ့အဖြစ် ကတော့ ကျောင်းသားသမဂ္ဂဆိုတဲ့ စကားလုံးတစ်လုံးမှမပါဝင်တာပါပဲ။ ‘ကျောင်းသားသမဂ္ဂ’ ဆိုတဲ့ စကားလုံးဟာ ခေတ်အဆက်ဆက် တိုက်ပွဲဝင် ခဲ့တဲ့ ကျောင်းသား/သူ မှန်သမျှ မြတ်နိုးတန်ဖိုးအထားဆုံး အသည်း နှလုံးဖြစ်တယ်။ ကျောင်းသားသမဂ္ဂဆိုတဲ့ နှ လုံးသားကို ခေတ်အဆက်ဆက်မှာ ကျောင်း သားထုက သွေး၊ ချွေး၊ အသက်များစွာ စ တေးပေးလှူကာ ထိန်းသိမ်းကာကွယ်ခဲ့ကြပါတယ်။ စစ်အာဏာရှင်အစိုးရအဆက်ဆက်က သမိုင်းဝင်သမဂ္ဂအဆောက်အအုံကို ဖြိုချ ဖျက်ဆီးခဲ့ကြပေမယ့် သမဂ္ဂဆိုတဲ့ ဝိညာဉ်က တော့ အစဉ်အဆက် ကျောင်းသားထုရင်ထဲမှာ ထာဝစဉ်ရှင်သန်တည်ရှိနေမြဲပါပဲ။ ဒီနေ့အထိ စစ်အာဏာရှင်အနွယ်အဆက်တွေ အားလုံး ကလည်း ‘သမဂ္ဂ’ ဆိုတဲ့ ‘စကားလုံးတစ္ဆေ’ ခြောက်ခံနေရဆဲပါပဲ။ ဒါကြောင့်လည်း အုပ်စိုးသူ အသိုင်းအဝိုင်းအဆက်ဆက်က ‘သမဂ္ဂ’ ဆိုတဲ့စကားလုံးကို နားခါးစွာ ရှောင်ရှားတတ် ကြပါတယ်။ ဒါပေမဲ့ ကျောင်းသားထုရှိနေသမျှ ‘သမဂ္ဂ’ ဆိုတာလည်း ရှိနေရဦးမှာပါပဲ။ သမဂ္ဂ အလံတော်အောက်မှာ ကျောင်းသားထုတစ်ရပ်လုံး စည်းလုံးညီညွတ်ကြဖို့ပဲ အရေးကြီးပါတယ်။ အရေးကြီးပြီ သွေးစည်းကြ။
The Ladies News Journal

Post a Comment

 
Top