ရန်ကုန်၊ မဇ္ဈိမ။ ။ မန္တလေးမြို့တွင် ဖြစ်ပွားလျှက်ရှိသည့် ပဋိပက္ခသည် ရည်ရွယ်ချက်ရှိသည့် လူတစ်စု၏ လုပ်ကြံမှုသာဖြစ်ဟု ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွ
“ဘာသာဝင် အချင်းချင်း ဖြစ်ပွားတဲ့ ဖြစ်ရပ်မဟုတ်ပါဘူး။ မိမိအကျိုးပဲကြည့်တဲ့ အတ္တသမားအချို့ လူတစ်စုရဲ့ လုပ်ကြံမှုပါ။ အဲ့ဒီလူတွေက အာဏာရှိ၊ ငွေလည်းရှိတော့ ခက်ပါတယ်။ အဲ့ဒါကို အားလုံး နားလည်သဘောပေါက်စေချင်ပါတယ်”ဟု ဦးမြင့်ဆွေက ပြောသည်။
ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွ
အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ဗဟိုအလုပ်အမှုဆောင် ဓမ္မစက္ကဦးမောင်မောင်ကလည်း မန္တလေးတွင် ဖြစ်ပွားနေသော ပဋိပက္ခများနှင့်ပတ်သတ်၍ “အာဏာပိုင်တွေက ဥပဒေနဲ့ ထိန်းသိမ်းရမယ့် ကိစ္စတွေပါ။ ကြီးကြီးမားမား မဖြစ်စေချင်ပါဘူး။ နှစ်ဘက်ကောင်းကျိုးလည်း မရှိပါဘူး။ အမျိုးဘာသာ၊ သာသနာ ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်ေ
ဘာသာပေါင်းစုံငြိမ်းချမ်းရေး အဖွဲ့မှ ဇူလိုင်လ ၄ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် သဘောထားကြောညာချက်ကို သံရုံးများ၊ နိုင်ငံတကာလူမှုအဖွဲ့အစည်းများ၊ ၎င်းတို့အဖွဲ့နှင့် ချိတ်ဆက်ထားသည့် နယူးယောက်ခ်မြို့ရှိ ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွ
ယင်းအပြင် မြန်မာမှုဆလင်များအသင်း (BMA)ကလည်း ဇူလိုင်လ ၄ ရက် ရက်စွဲဖြင့် မန္တလေးမြို့တွင်ဖြစ်ပွားသည့် အကြမ်းဖက်မှုများအား သာမန် ဘာသာရေးပဋိပက္ခမျိုး မဟုတ်ဘဲ စနစ်တကျ လေ့ကျင့်ထားသော လူရမ်းကားအုပ်စု တစ်စုက သေချာ အကွက်ချ စီစဉ်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟ
မန္တလေးမြို့တွင် ဇူလိုင်လ ၁ ရက် ညက စတင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် လူနှစ်ဦးသေဆုံးခဲ့ပြီး ၁၇ဦး ဒဏ်ရာရရှိခဲ့သည်။ ပဋိပက္ခတွင် လှုံ့ဆော်သူ ၁၆ဦးကို ထိန်းသိမ်းထားသည်ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ လက်ရှိတွင် ဇူလိုင်လ ၃ရက်မှ စကာ ည၉နာရီမှ နံနက် ၅နာရီအထိ ညမထွက်ရအမိန့် ကာဖျူးကို ရက်အကန့်အသတ်မရှိ ထုတ်ပြန်လိုက်သည်။
ACM Credit To: Mizzima - News in Burmese
http://
Post a Comment