ထိုင်းနိုင်ငံ ထေရ၀ါဒဘာသာဝင် ရဟန်းတော်များရဲ့ ကမ္ဘာ့ခရီးအရှည်လျားဆုံး ပန်းခင်းလမ်းပေါ်တွင် ခရီးရှည် လျှောက်လှမ်းပြီး ကျင်းပတဲ့ ဓမ္မဒူတ သာသနာခရီးရှည်ပူဇော်ပွဲဟာ ၂၀၁၄ ခုနှစ် ဂင်းနစ်ကမ္ဘာ့မှတ်တမ်းမှာ ဖော်ပြခြင်းခံခဲ့ရပါတယ်။ ယခုနှစ် ဇန်န၀ါရီလ ၂ ရက်နေ့ ၂၈ ရက်နေ့အထိ ကျင်းပတဲ့ ထို ဓမ္မတဒူတခရီးစဉ်မှာ ထိုင်းထေရ၀ါဒ သံဃာတော် ၁၁၂၉ ပါး ပါဝင်ခဲ့ပြီး ရွှေဝါရောင်ထပ်တစ်ရာပန်းများ အပြည့်ခင်းထားတဲ့ ခရီး ၄၅၃ ကီလိုမီတာ(၂၈၁.၄၈ မိုင်) ကို ရက်ပေါင်း ၂၇ ရက်ကြာ အောင် လျှောက်လှမ်းပူဇော်ခဲ့ကြတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ စီရင်စု ၇ စုကို ဖြတ်ကျော်ပြီး ကြွချီရတဲ့ တတိယအကြိမ်မြောက် ဓမ္မဒူတ သာသနာပြုခရီးမှာ ရဟန်းတော်များဟာ နေ့စဉ်ရက်ဆက် တစ်ချိန်လုံးမှာ တရားဓမ္မများကို ရွတ်ဖတ်ပွားများရင်း ကြွချီခဲ့ကြပြီး ညအချိန်ပိုင်းများမှသာ ခေတ္တရပ်နားခဲ့ကြပါတယ်။
ရက်ပေါင်း ၂၇ ရက်ကျော်ကြာ ခရီးစဉ်များမှာ နှစ်ရက်သာ ဗုဒ္ဓအခမ်းအနားများကျင်းပရန် ရပ်နားခဲ့ကြခြင်းဖြင့် ၂၀၁၄ ခုနှစ်ရဲ့ ဂင်းနစ်ကမ္ဘာ့စံချိန်များ မှတ်တမ်းမှာ ထေရ၀ါဒဗုဒ္ဓရဟန်းတော်များရဲ့ ကမ္ဘာ့ခရီးအရှည်ဆုံးပန်းခင်းလမ်းလျှောက်ဓမ္မဒူတ ခရီးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီး ဖြစ်ပါတယ်။
Ref : Guinness World Records
ACM Credit To:Yangon Media Group
http://www.ayechanmon-news1.com/
Related Posts
“ချစ်စ ရှည်စေ”
•••••••••••••••••••••••
အပြစ်တင်နေလျှင်တော့
အချစ်ဝင်လာစရာ အကြောင်းမရှိ။
အပြစ်ဆိုနေလျှင်လည်း
[...]
Dec 29, 2015 “မင်းတို့၏ ကျင့်စဉ်”
လျှောက်ထားလိုပါသည်၊
မင်းကျင့်တရားဆယ်ပါးလို့ ကြားဘူးပါသည်။
အဲဒီဆယ်ပါးကို အကျဉ်းမျှ သိလိုပါသည်။
ယနေ[...]
Sep 23, 2015
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.