အမုန်းပွားစေမည့် လှုံ့ဆော်မှုများမရှိမှ တိုင်းပြည် တည်ငြိမ်၊ အေးချမ်းမည်ဟု သမ္မတပြော
မင်းမင်း
ရန်ကုန်၊ မဇ္ဈိမ။ ။ ပြည်သူများအကြား မုန်းတီးမှုဖြစ်ပွားစေမည့် ပြုမူ၊ ပြောဆို၊ ရေးသားမှုများနှင့် လှုံ့ဆော်မှုများ မရှိမှသာ တိုင်းပြည် တည်ငြိမ်အေးချမ်းမှုရှိမည်ဖြစ်သလို သို့မှသာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများအောင်မြင်နိုင်မည်ဟု
သမ္မတ ဦးသိန်းစိန်က ပြောဆိုလိုက်သည်။
“အမုန်းတရားများ ပွားစေမယ့် အပြုအမူ၊ အပြောအဆို၊ အရေးအသားများကို ကျွန်တော်တို့ လူ့အဖွဲ့အစည်းအေ နနဲ့ ရှုတ်ချပြစ်တင်ဆန့်ကျင်ကြရမှာလည်းဖြစ်ပါတယ်” ဟု သမ္မတက လစဉ်ရေဒီယိုမိန့်ခွန်းတွင် ဇူလိုင် ၃ရက်က ပြောဆိုလိုက်ခြင်း
ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် တိုင်းရင်းသားပေါင်းစုံ၊ ဘာသာပေါင်းစုံဖြင့်ဖွဲ့စည်းထားသည့် နိုင်ငံဖြစ်သည့်အတွက် နိုင်ငံ သားများအနေဖြင့် တစ်ဦးနှင့်တစ်ဦး သဟဇာတရှိရှိ နေထိုင်ကြရန်လည်း သမ္မတက တိုက်တွန်းသည်။
ယင်းအပြင် “အမုန်းတရားတွေကြောင့် စည်းလုံးညီညွတ်မှုပျက်ပြားပြီး ပြည်သူတွေ ဒုက္ခမျိုးစုံ တွေ့ကြုံနေကြရ တာကို ကမ္ဘာ့ဖြစ်စဉ်၊ ဖြစ်ရပ်များက သက်သေပြနေပါတယ်” ဟုလည်း သမ္မတဦးသိန်းစိန်က ရေဒီယိုမိန့်ခွန်းတွင် သတိပေးထားသည်။
သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် ဘာသာရေး၊ လူမျိုးရေးအသွင်ဆောင်သည့် ပဋိပက္ခများ ၂၀၁၂ ခုနှစ် က စတင်ဖြစ်ပေါ်ခဲ့ပြီး အစိုးရသက်တမ်း တစ်နှစ်ကျော်သာကျန်တော့သည့် လက်ရှိအချိန်ထိ အဆုံးသတ်နိုင်ခြင်းမရှိသေးပေ။
ACM Credit To :Mizzima - News in Burmese
http://www.ayechanmon-news1.com/
Post a Comment