0
Written by: ထွန်းလင်းအောင်(မြစ်ကြီးနား)

ကချင်ပြည်နယ်သို့ လောင်စာဆီတင်သွင်းမှုအား ပြည်နယ်အတွင်းသို့ အဓိကဝင်ထွက်ရာလမ်းမကြီးများပေါ်တွင် တပ်မတော်တပ်ရင်းများမှ ပိတ်ပင်နေမှုကြောင့် ဖားကန့်မြို့ပေါ်တွင် ဓာတ်ဆီတစ်ဂါလန် ကျပ် ၁၃ဝဝဝ အထိ ရောက်ရှိလာကြောင်း သိရသည်။

ကချင်ပြည်နယ်သို့ ဆီတင်သွင်းလာသည့်ကားများကို ကချင်ပြည်နယ်အဝင် နန့်ဆီးအောင်ကျေးရွာအနီး ပြည်ထောင်စုကားလမ်းမကြီး ဂိတ်၊ မိုးကောင်းအနီး ရှစ်မိုင်လမ်းဆုံတွင်လည်းကောင်း၊ မိုးကောင်း- ဖားကန့်လမ်းပိုင်းရှိ နန့်ယားကျေးရွာဂိတ်၊ ဖားကန့်အဝင် လယ်ပြင်ဂိတ်တွင်လည်းကောင်း သက်ဆိုင်ရာတပ်မတော် တပ်ရင်းများက လွန်ခဲ့သော ဇွန်လကုန်ပိုင်းမှစတင်ကာ ပိတ်ထားဖြစ်ပြီး လောင်စာဆီဈေးနှုန်းများ တဖြည်းဖြည်းတက်လာကာ ဆီကားများပိတ်ထားသောကြောင့် ကားအစီးရေရာနှင့် ချီကာ ပိတ်မိနေကြောင်း သိရသည်။

ဖားကန့်ဒေသခံ ဦးထွန်းဝင်းက “ဓာတ်ဆီဈေးက တက်လာတာ ငါးရက်လောက်ရှိပြီ မနေ့က တစ်ဂါလန် ရှစ်ထောင်ဈေး၊ ဒီနေ့နေ့လယ်ပိုင်းမှာ တစ်သောင်းဈေး။ မိုးချုပ်တော့ ၁၃ဝဝဝ ရောင်းနေပြီ။ ဆီကားတွေ မဝင်ခိုင်းရင် ဒီထက်ဈေးတက်ဦးမှာ တခြားကုန်စည်တွေလည်း ဈေးမြောက်နေတယ်”ဟုဆိုသည်။

ကချင်ပြည်နယ် အစိုးရုံးမှ အဆင်မြင့်အရာရှိတစ်ဦးက ယင်းကိစ္စမှာပြည်နယ်အစိုးမှ ပိတ်ပင်နေခြင်းမဟုတ်ဘဲ ပြည်ထောင်စု၏ တိုက်ရိုက်ညွှန်ကြားချက်ဖြင့် လုပ်ဆောင်နေသဖြင့် ကချင်ပြည်နယ် နယ်လုံဝန်ကြီးဌာနသာ အကြောင်းစုံကိုသိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။ ကချင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဌာနသို့ ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။ ကချင်ပြည်နယ်ရှိ အခြားမြို့များတွင် တရားဝင် ဆီသယ်ဆောင်ခွင့်ရှိသူများကို ခွင့်ပြုနေပြီး လောင်စာဆီဈေးနှုန်းမှာ ကျပ် ၃ဝဝ ဝန်းကျင်သာ မြင့်တက်နေကာ ဖားကန့်ဒေသတွင် အဆမတန် ဈေးမြင့်နေခြင်းမှာ မည်သည့်လောင်စာဆီမျှ တင်သွင်းခွင့်မပြုသောကြောင့် ဖြစ်ကြောင်း သိရသည်။

ဖားကန့်ဒေသသည် နိုင်ငံတွင်းရွှေ့ပြောင်းလုပ်သားအများဆုံး နေထိုင်ရာ ဒေသတစ်ခုဖြစ်ပြီး ၂ဝ၁၃ ခုနှစ်တွင် ရွှေ့ပြောင်းလုပ်သား သုံးသိန်းဝန်ကျင်ရှိကြောင်း အစိုးရစာရင်းများအရ သိရသည်။

ACM Credit To: Eleven Media Group
http://www.ayechanmon-news1.com/

Post a Comment

 
Top