0

ပထမမြောက် နိကိုလပ် ဇာဘုရင်
ရုရှားပြည် ပထမမြောက် နိကိုလပ် ဇာဘုရင်(၁၈၂၅ -၁၈၅၅)
လက်ထက်ကပါ။သူလက်ထက်မှာ သူ၏စစ်သားရဲဘော်အသစ်တွေ
ကို စစ်ရေးလေ့ကျင့်မှု တစ်ခုမဖြစ်မနေလုပ်စေပါတယ်။ဘယ်လိုလဲ
ဆိုတော့ ရဲဘော်တွေရဲ့ ဦးထုပ်မြင့်မြင့်ကြီးတွေ အပေါ်မှာ ရေအပြည့်
ထည့်ထားတဲ့ ဖန်ခွက်တစ်ခုကိုတင်ပေးထားပါတယ်။ပြီးတော့ လူကို
တစ်နေရာတည်းမှာ မြဲမြဲ ခိုင်ခိုင်ရပ်စေပြီး ခြေထောက်ကိုမြှောက်ချည်
ချချည် လုပ်ခိုင်းပါတယ်။
ဒါကတော့ လေ့ကျင့်သားပြည့်ဝအောင်လုပ်ခိုင်းတာမို့ မဆိုးပါဘူး။
အဲ…ဆိုးတာက သူအပြစ်ပေးတဲ့ပုံစံကတော့နဲနဲ နားလည်ရခက်ပါတယ်။
အဲဒီလို စစ်ရေးလေ့ကျင့်နေရင်း ခေါင်းပေါ်ကဖန်ခွက်ထဲက ရေတွေဖိတ်
စင်သွားရင်…ရေတစ်စက်ကျရင် နောက်တစ်နှစ်စစ်မှုဆက်ထမ်းရပါတယ်
ကျသွားတဲ့ ရေစက်တိုင်းကို ရေတွက်ပြီး စစ်မှုထမ်းသက်ကိုတစ်နှစ်စီတိုး
ကာမဖြစ်မနေ ထမ်းဆောင်ရပါတယ်။
တစ်ဖန်ခွက်လုံးများမှောက်ကျသွားရင်တော့ မတွေးဝံ့ စရာနော်။
တမင်ညစ်တယ်လို့ ထင်ရလောက်အောင်သက်မှတ်ထားတဲ့ သူ့ ရဲ့ အမိန့် ပါ။
နောက်ထပ် အဖြစ်လေးကလည်း တစ်မျိုးဆန်းနေပါတယ်။
၁၈၁၅ ခုနှစ်ကပါ။ ဗြိတိသျှတပ်မတော်(ယော့ရှိုင်းယားနှင့်လန်ကက်စ်တာ)
တပ်ရင်း အမှတ်(၈၄)က တပ်သား ပရိုက်ဗိတ် ဂျွန် ဝီလ်ဆန် ကို အထက်အရာရှိ
ရဲ့ အမိန့် ကိုအာဏာဖီဆန်မှုဖြင့် စွဲချက်တင်ပါတယ်။စွဲချက်ကလည်းထူးဆန်း
ပါတယ်။ဒါကတော့ အာဏာဖီဆန်မှုထဲမှာ စစ်သားများနေ့ စဉ်သောက်ဖို့ ပေးတဲ့
ရမ်အရက်ရာရှင်ကို လက်ခံရန်ငြင်းပယ်ခြင်း ဆိုတာ ပါဝင်နေပါတယ်။
၁၈၁၅ နိုဝင်ဘာလ ထဲ အိန္ဒိယပြည် ဘန်ဂလောမှာသူ့ ကိုစစ်ခုံရုံးတင်
စစ်ဆေးခဲ့ပါတယ်။ သူကတော့
သေရည်သေရက်ကို တစ်သက်လုံးရှောင်ဖို့ သစ္စာပြုထားသူပါလို့ ခုံရုံးမှာ
အသနားခံတင်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း အပြစ်ရှိတယ်လို့ ဆုံးဖြတ်ပြီး
သူ့ ကို ပစ်သက်လိုက်ကြပါတယ်။ဘန်ဂလော က အက်ဂရမ်သင်္ချိင်းမှာ
မြှုပ်နှံပေးပြီး ကမ္ပည်းကျောက်စာကိုတော့ သင့်သလိုရေးပေးထားပါတယ်။
သြော်…အရက်မသောက်တာ အာဏာဖီဆန်တာလားဗျာ။ကျန်တဲ့ပြစ်ချက်
တွေကြောင့် သေရတယ်ဆိုတောင် ဒီစွဲချက်တစ်ခုကတော့ အရုပ်ဆိုးပါ
တယ်။တကယ်လို့ အပြစ်မရှိပဲ အထက်အရာရှိတွေက မတည့်လို့ လုပ်တာ
ဆိုရင်ဖြင့် ………
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ ကြပါစေ။

နေခရမ်း
The Express Times

Post a Comment

 
Top