''သန်လျင်မှာကဈေးတွေကတော့ နေရာတိုင်းတက်တယ်။ ဒါပေမဲ့ အ ရောင်းအဝယ်ဖြစ်နေတာက စီမံကိန်း နဲ့ဆက်စပ် လယ်မြေတွေမှာပဲ။ ကျန် တဲ့နေရာတွေက ထင်သလောက် အ ရောင်းအဝယ်မရှိဘူး။ အရောင်းအ ဝယ်ဖြစ်နေတာကလဲ ပိုင်ဆိုင်မှုအ ထောက်အထား တိတိကျကျရှိတဲ့မြေ နေရာတွေလောက်ပါပဲ။ လယ်မြေတွေ ကတော့ အဝယ်နည်းကြတယ်'' ဟု ရွှေမင်္ဂလာအိမ်ခြံမြေအကျိုးဆောင် မှ ကိုဝေမင်းဖြိုးကပြောသည်။
သန်လျင်မြို့နယ်ရှိ လယ်မြေများ သည် ယခင်သီလဝါစီမံကိန်းမစတင် မီ ၂၀၁၁ခုနှစ်ဝန်းကျင်က တစ်ဧ လျှင် ကျပ်သိန်း ၂၀ ဝန်းကျင်ရှိခဲ့ရာ မှ သီလဝါအထူးစီးပွားရေးဇုန်စီမံ ကိန်း စတင်အကောင်အထည်ဖော် လိုက်သည့်နောက်ပိုင်း လယ်မြေများ သည် တစ်ဧကလျှင် အနိမ့်ဆုံးကျပ် သိန်း ၂၅၀ဝမှ ကျပ်သိန်း ၃၀၀၀ ဝန်းကျင်အထိ ဈေးမြင့်တက်လာ ခြင်းဖြစ်ကြောင်း သိရသည်။
''သန်လျင်ဟိုဘက် ကျိုက်ခေါက် ဘုရားဘက်ဆိုရင် မြို့တွင်းပိုင်းဆို တော့ ဈေးကတော့တက်တယ်။ ဒါ ပေမဲ့ အဝယ်က ထင်သလောက် မရှိ ဘူး။ အရောင်းအဝယ်က သီလဝါ ဆိပ်ကမ်းနဲ့တစ်လျှောက်ဘက်တွေ မှာပဲရှိတယ်''ဟု သန်လျင်မှ အိမ်ခြံ မြေအကျိုးဆောင်တစ်ဦးဖြစ်သူ ဒေါ် အေးသူက ပြောသည်။
သန်လျင်ဘက်ခြမ်းတွင် သီလ ဝါအထူးစီးပွားရေးဇုန်စီမံကိန်းအ
MMK(MyintMakha)
ACM Credit To: Yangon Media Group
http://
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.