မိုဘိုင်းဖုန်းတွေ ခေတ်စားလာချိန်၊ လူမှု ကွန်ရက်တွေ အသုံးများလာချိန်မှာ Selfie လို့ ခေါ်တဲ့ ကိုယ့်ကိုယ် ကို ဓာတ်ပုံရိုက်ပြီး လူမှု ကွန်ရက်တွေပေါ် တင်ကြတာတွေ က လည်း တွင်ကျယ်လာနေပါတယ်။ အခု ကိစ္စကတော့ တစ္ဆေ Selfie ဖြစ်စဉ်ပါ။ ရိုမေးနီးယားနိုင်ငံမှာ သေလွန်ပြီးသား သူ တဦးက Selfie
ဓာတ်ပုံ ရိုက်ပြီး အသက် ၃၄ နှစ် ရှိပြီ ဖြစ်တဲ့ မြေးဖြစ်သူ မစ္စ Gina Mihai ရဲ့ တယ်လီဖုန်းကို ပို့လိုက်တာပါဘဲ။ တကယ်တော့ Gina Mihai ရဲ့ အဖွားဟာ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက သေဆုံးသွားခဲ့ပြီးဂျီနာကလည်း အဖွားဖြစ်သူရဲ့ သင်္ချိုင်းကို ဘာအစားအသောက်ကိုမှ မပို့ပေးခဲ့ဖြစ်ဘူးတဲ့။ အခုတော့ အဖွားဖြစ်သူက သူ့လည်ပင်းမှာ မြွေတစ်ကောင်ပတ်ထားသလို ရှိတဲ့ ဓာတ်ပုံကို သူ့ မိုဘိုင်း တယ်လီဖုန်းဆီ ပို့လာတယ်လို့ ဆိုပါတယ်။ အရပ်ထဲက ဗေဒင်ဆရာတွေကပြောတာကတော့ ကွယ်လွန်သွားသူဟာ ဘဝတပါးမှာ သူ့အပြစ်အတွက် တခုခု အပြစ်ပေးခံနေရပုံရပြီး သူ့ လွတ်မြောက်ရေးအတွက် ကုသိုလ်ကောင်းမှု လုပ်ပေးဖို့ မြေးဖြစ်သူဆီ သတင်းစကား ပါးတာဖြစ်တယ်လို့ ဟောပါတယ်။ ဒါနဲ့ ရပ်ထဲ ရွာထဲက လူတွေ စုပြီး
ကွယ်လွန်သူအတွက် ဆုတောင်းမှုတွေနဲ့ အလှူဒါနပြုမှုတွေ လုပ်ကြတယ်လို့ သိရပါတယ်။ ရိုမေးနီးယားနိုင်ငံမှာ သူတို့ ဓလေ့ ထုံးစံအရ သေသွားသူအတွက် တစ်နှစ်ကို တကြိမ် သချုင်္ိုင်းကို သွားပြီး အစားအစာသွားပို့ကာ
အလှူအတန်းလုပ်လေ့ ရှိကြပါတယ်လို့လည်း သိရပါတယ်။
Source;The Mirror
The Myanma Age
Post a Comment