0

Byမောင်ဉာဏ

မန္တလေးတွင် လူအုပ်စုထိပ်တိုက်တွေ့ဆုံမှုများအတွင်း သေဆုံးခဲ့သည့် ကိုထွန်းထွန်း (၃၆) နှစ်၏ အသုဘသို့လိုက်ပို့ရာလမ်းတွင် နိုင်ငံတော်သီချင်းသီဆိုနေကြသူများ (ဓာတ်ပုံ − ငြိမ်းချမ်းနိုင်/အီးပီအေ)
အချင်းချင်း အပြန်အလှန် ချစ်ကြည်ရင်းနှီးမှု၊ ယဉ်ကျေးမှု၊ နားလည်ဖေးမမှု၊ စာနာမှုတွေရှိ သော မြန်မာနိုင်ငံ၏တတိယမြို့ တော်မန္တလေးမြို့သည် ဇူလိုင် ၁ ရက်၊ ၂ ရက်နေ့များတွင်ဖြစ်ပွားခဲ့ သည့် ဘာသာရေးအသွင်ဆောင် ပဋိပက္ခများကြောင့် ဖရိုဖရဲဖြစ်ခဲ့ ရလေသည်။

မန္တလေးမြို့အတွက် ရုပ်ဆိုး အကျည်းတန်ဖွယ်ရာ၊ ချောက် ချားဖွယ်ရာ နေ့ရက်များဟုပင် ပြောလို့ရပေသည်။အမှန်တကယ်တွင်တော့ မန္တလေးမြို့သည်မတူ ကွဲ ပြားရာဘာသာပေါင်းစုံလက်တွဲ ချစ်ကြည်စွာနေထိုင်ရာမြို့ တစ်မြို့ဖြစ်သည်။ဘာသာပေါင်းစုံ၏ ဘာသာရေးအဆောက်အအုံများကို နေရာတိုင်းတွင် တွေ့မြင်နိုင်သလို ဘာသာရေးပွဲတော်များ၊ သာရေးနာရေးကိစ္စရပ်များတွင်လည်းမြို့ခံအချင်းချင်း ရင်းနှီးကူးလူးဆက်ဆံမှုများစွာရှိသည်။

ထိုကဲ့သို့ရှိသော မန္တလေးမြို့ တွင် လှုံ့ဆော်မှုအချို့ကြောင့် ယခုရက်ပိုင်း၌ အုံကြွမှု၊ ဆူပူရမ်းကားမှုများရှိလာပြီး အချင်းချင်းသံသ ယတွေပွား၊ အမုန်းတရားတွေများ လာကာ သေဆုံးဒဏ်ရာရပြီး ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့လေတော့သည်။

ဘာသာတရားတိုင်းသည် ချစ်ခြင်းမေတ္တာကိုအခြေခံသည်။ လမ်းညွှန်ပြသသည်။ အမုန်းတရားကိုဘာသာတရားများကလက်မခံသလို လမ်းညွှန်မှုလည်းမရှိကြပေ။ ဘာသာတရားကိုသက်ဝင်ယုံကြည် သူအချို့၏မုန်းတီးစိတ်၊ ကိုးကွယ်ယုံကြည်ရာ ဘာသာ တရား ကို ခု တုံးလုပ်ပြီးလှုံ့ဆော်သူအချို့၏ ယုတ်ညံ့သောအပြုအမူလုပ်ရပ်များကြောင့် မတူညီရာဘာသာဝင်အချင်းချင်း ယုံကြည် မှု၊ ဖေးကူညီမှု၊ လူသားဆန်မှုများခပ်တင်းတင်း ဖြစ်ရလေခြင်းပင်ဖြစ်သည်။

မန္တလေးတွင် ယခုလ ၁ ရက် ဖြစ်ပွားခဲ့သည့်ပဋိပက္ခများသည် ရာဇဝတ်မှုတစ်ခုကျူးလွန်သည် ဟု အမှုဖွင့်တိုင်ကြားခဲ့သည်ကို အကြောင်းပြုပြီး ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။ အဆိုပါရာဇဝတ်မှု သည် ဘာသာရေးအသွင်ပြောင်း လဲလှုံ့ဆော်မှုများ၊ ခိုင်မာသည့် သတင်းရင်းမြစ်ကိုအခြေမခံသည့် သတင်းများ လူမှုကွန်ရက်ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင်ပျံ့နှံ့ခဲ့ခြင်း ကြောင့် ယခုလိုပဋိပက္ခများ ဖြစ်ခဲ့ရသည်ဟုဆိုကြသည်။ ရလဒ်ကား ပဋိပက္ခဆူပူရမ်းကားမှုများ ကြောင့် အပြစ်မဲ့မြို့ခံအချို့သေ ကြေဒဏ်ရာရကြသည်။ ပျက်စီးဆုံးရှုံးကြရသည်။

အဆိုပါ ဆုံးရှုံးမှုအားလုံး သည် မန္တလေးမြို့ဆုံးရှုံးခြင်းပင် မဟုတ်ပါလား။ ပိုပြီးတိတိကျကျ ပြောရလျှင် မန္တလေး၏တန်ဖိုး ယုတ်လျော့ဆုံးရှုံးခြင်းပင်ဖြစ်လေတော့သည်။ ဘယ်ကမှန်း မသိသည့်လှုံ့ဆော်မှု၊ ဘာမှန်း မသိသည့်သွေးထိုးမှုများကြောင့် အရှည်တည်တံ့ခဲ့သည့် အချင်း ချင်းအပြန်အလှန်ယုံကြည်မှုချစ် ကြည်ရင်းနှီးမှုများသည် ခဏတာ အတွင်းကျိုးပျက်သွားသည့် သ ဘောပင်ဖြစ်သည်။

ဘာသာရေးအသွင်ဆောင် သည့်မန္တလေးမြို့ပဋိပက္ခတွင် နှစ် ဖက်ဘာသာရေး ခေါင်းဆောင် များက စနစ်တကျကိုင်တွယ်ထိန်း သိမ်းဖို့ကြိုးစားခဲ့ကြသေးသည်။ သို့သော် အားကောင်းမောင်းသန် သွေးထိုးလှုံ့ဆော်မှုများက ဘာ သာရေးခေါင်းဆောင်များ၏စနစ် တကျထိန်းသိမ်းမှုများကို တွန်း လှန်ဖျက်ဆီးအနိုင်ယူသွားသည်။ မန္တလေးပဋိပက္ခ ဖြစ်ပွားသည့် ပထမနေ့ဖြစ်သည့် ဇူလိုင် ၁ရက် ညဦးပိုင်းတွင် လူရာချီပြီးရှိနေခဲ့ သော်လည်း ဖျက်ဆီးမှု၊ ဆူပူရမ်း ကားမှုမရှိခဲ့ပေ။ လူစုလူဝေးသာ ဖြစ်ခဲ့သည်။ အချိန်တစ်နာရီခွဲခန့် သာ လူစုလူဝေးကြောင့် ရုတ်ရုတ် သဲသဲဖြစ်ခဲ့ပြီး အေးအေးချမ်းချမ်း ပင်လူစုကွဲသွားခဲ့သည်။ အဆိုပါ ညတွင်ပင် ပဋိပက္ခဒုတိယပိုင်းဟု ဆိုရမည့် ဖြစ်စဉ်ဆက်လက်ဖြစ် ပွားခဲ့ပြန်သည်။

ဒုတိယပိုင်းကား ပထမပိုင်း ထက်ပိုမိုပြင်းထန်သည်။ လှုံ့ဆော်သွေးထိုးမှုများ၊ ဖျက်ဆီးမှုများ၊ ရမ်းကားမှုများပါဝင်လာသည်။ မန္တလေးသည် ချောက်ချားဖွယ် ရာမြို့တစ်မြို့အဖြစ် အချိန်ပိုင်း လေးအတွင်း ပြောင်းလဲသွားခဲ့ လေတော့သည်။ ထိုညအတွက် အနှစ်ချုပ်ကား လူလေးဦးဒဏ်ရာ ရခြင်း၊ အိမ်နှင့်ဆိုင်ခန်းအချို့ပျက် စီးခြင်း၊ ကား ၁၁ စီးဖျက်ဆီးခံရ ခြင်းပင်ဖြစ်သည်။

ထိုပထမနေ့ပဋိပက္ခဖြစ်စဉ် နှင့်ပတ်သက်ပြီး မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြရသည့် မြို့ခံများက သက်ဆိုင်ရာတာဝန်ရှိသူများ၏ ပဋိပက္ခဖြစ်စဉ်အပေါ် စီမံကိုင် တွယ်မှုကို မေးခွန်းထုတ်ကြသည်။ ဝေဖန်ကြသည်။ ရဲတပ်ဖွဲ့ တာဝန်ရှိသူတို့အဆိုအရ ပဋိပက္ခဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ဝင်အင်အား ၇၀၀ ခန့်လုံခြုံရေးတာဝန်ယူခဲ့သည်ဟုသိရှိရပါသည်။

ထိုအင်အားများဖြင့် တားမြစ်ထိန်းသိမ်းနိုင်စွမ်းရှိနေပါလျက်အဘယ်ကြောင့် ရမ်းကားသူတွေ ကို ရမ်းကားခွင့်၊ ဖျက်ဆီးခွင့်၊ ဆူ ပူခွင့်ပေးထားရသနည်း။ ပဋိပက္ခ ဒုတိယညဖြစ်သည့် ဇူလိုင် ၂ ရက် ညအခြေအနေကား ပထမည ထက်ပိုဆိုးရွားခဲ့သည်။ ပိုချောက် ချားစရာဖြစ်ခဲ့သည်။ ပိုရုပ်ဆိုး အကျည်းတန်ခဲ့သည်။ အပြစ်မဲ့ ဗုဒ္ဓဘာသာဝင်တစ်ဦးနှင့် အစ္စလာမ်ဘာသာဝင်တစ်ဦး သေဆုံးခဲ့ရ သည်။ အပြစ်မဲ့မြို့ခံ ၁၄ ဦးဒဏ် ရာအနာတရ ဖြစ်ခဲ့သည်။ ထိန်း မနိုင်သိမ်းမနိုင်ဖြစ်ခဲ့ရသည်။ လုံ ခြုံရေးအင်အားများစွာ ယူထား သည်ဟုဆိုသော ရဲတပ်ဖွဲ့ဝင်များ ရှိနေပါလျက် ယခုလိုသေဆုံးဒဏ် ရာရမှုတွေကို ထိရောက်စွာမဟန့် တားနိုင်ခဲ့ခြင်းကြောင့် မန္တလေးမြို့ ခံပြည်သူများ၏ မလုံခြုံမှု၊ စိုးရိမ်ပူပန်မှုများပိုတိုးလာခဲ့ကြသည်။

နောက်ဆုံးတွင် မြို့ခံပြည်သူ များ၏ လွတ်လပ်စွာနေထိုင်သွား လာမှုကို ကန့်သတ်ချုပ်ချယ်သည့် ပုဒ်မ ၁၄၄ ဖြင့်မန္တလေးမြို့ပဋိပက္ခ ကိုထိန်းချုပ်လိုက်လေတော့သည်။ ဇူလိုင် ၃ ရက်က မန္တလေးခြောက် မြို့နယ်၊ ၄ ရက်က နောက်ထပ်တစ်မြို့နယ်၊ ပေါင်းခုနစ်မြို့နယ် ကို ညကိုးနာရီမှ နံနက်ငါးနာရီအထိ လူစုလူဝေးဖြင့်သွားလာ ခွင့်ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

မန္တလေးမြို့ ပုဒ်မ ၁၄၄ အောက်ထိန်းချုပ်ခံရခြင်းသည် အစ္စလာမ် ဘာသာဝင်များ၏ကျ ဆုံးခြင်းမဟုတ်သလို ဗုဒ္ဓဘာသာဝင်များ၏ကျဆုံးခြင်းလည်းမဟုတ်ပေ။ ယဉ်ကျေးမှုမြို့၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေ ထိုင်လာကြသည့် မန္တလေးမြို့၏ကျဆုံးခြင်းပင်ဖြစ်သည်။

မတူကွဲပြားသည့် လူမျိုး၊ဘာသာတရားများကြား ပဋိပက္ခ ကင်းစွာယှဉ်တွဲနေထိုင်ဖို့ စည်း ကမ်းတွေ၊ ဥပဒေတွေထိန်းချုပ်ရုံ ဖြင့် ရေရှည်တည်တံ့သည့်အေးချမ်းမှုမျိုးရရှိလိမ့်မည်မဟုတ်ပေ။ ခေတ္တခဏသာ ငြိမ်သက်ကောင်း ငြိမ်သက်သွားနိုင်သည်။ တစ်ခါ တစ်ရံ ထိုငြိမ်သက်နေခြင်းကပင် ပိုပြီး ကြောက်လန့်စရာကောင်း သည့် အနေအထားကိုရောက် တတ်သည်မဟုတ်ပါလော။ သွေး ထိုးလှုံ့ဆော်မှုကြောင့် ဖရိုဖရဲဖြစ် နေသော၊ လုံခြုံစိတ်ချမှုကင်းမဲ့လု လုဖြစ်နေသော မန္တလေးမြို့ကို ပြန်လည်ကယ်တင်ဖို့ မန္တလေးသူ၊ မန္တလေးသားအားလုံးတွင်တာဝန်ရှိနေသည်။

ဖြစ်ခဲ့ပြီးသောပဋိပက္ခများ ကိုချေဖျက်ပြီး ယုံကြည်မှုများပြန် လည်တည်ဆောက်ဖို့၊ ချစ်ကြည် ရင်းနှီးဖို့၊ နားလည်ဖေးမဖို့၊ အတူ ယဉ်တွဲပြီး ငြိမ်းချမ်းစွာနေထိုင်ဖို့ အရေးတကြီးလိုအပ်နေပေသည်။ ဒါမှသာ ရေရှည်တည်တံ့မည့်၊ အေးချမ်းတည်ငြိမ်မည့် ဘေးအန္တ ရာယ်ကင်းရှင်းမည့်မန္တလေးမြို့ အဖြစ်ပြန်လည်ရောက်ရှိမည်ဖြစ် ပေသည်။ ။

7 Day Daily
Photo: ချစ်ခြင်းမေတ္တာတွေဖွဲ့သီကြရမည့် မန္တလေး

Post a Comment

Top