0
မြစ်ကြီးနား ၊ ၃-၇-၂၀၁၄

ဇွန် ၃ဝ ရက် ည ၁၁ နာရီခွဲ အချိန်က မြစ်ကြီးနားမြို့ (မြစ်ကြီးနား - တနိုင်း) ခရီးသည်နှင့် ကုန်စည် ပို့ဆောင်ရေး ရွှေလှိုင်း မော်တော်ယာဉ် အသင်းမှ ယာဉ်နောက်လိုက် လှိုင်ဝင်းမင်း နှင့် ယာဉ်မောင်း စိုးသူ မောင်းနှင် သည့်
ယာဉ်အမှတ်၊ ၈က/၁၆၇၁ မှန်လုံယာဉ်သည် မြစ်ကြီးနားမှ မိုးကောင်းသို့ မောင်းနှင် လာစဉ် မြစ်ကြီးနားမြို့ အလယ် မော်ဖောင်းကျေးရွာ အရောက်၌ လူငယ်(၇) ဦးမှ ခဲများ ကိုင်ဆောင်ကာ လမ်းမပေါ်သို့ တက်၍ ကားအား တားဆီးပြီး ဆိုင်ကယ် များပျက်၍ ကားအား တားဆီးခြင်း ဖြစ်ပြီး ၄င်းတို့အား ပိုက်ဆံပေးရန် တောင်းဆိုခဲ့ရာ ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက် တို့က ၄င်းတို့တွင် ပိုက်ဆံမပါကြောင်း ပြန်လည် ပြောဆိုသော်လည်း ယာဉ်နှင့်လူအား ခဲဖြင့်ထုမည် ပြောသဖြင့် ယာဉ်နောက်လိုက်မှ ပိုက်ဆံ ထုတ်နေစဉ် လူငယ်တစ်ဦးက ငွေများကို လုယက်ပြီး ဆိုင်ကယ် တစ်စီးအား လူငယ်(၃)ဦး စီးနင်း ထွက်ပြေး သွားပြီး ကျန်လူငယ် (၄)ဦးမှ ဆက်လက်
၍ ငွေတောင်းခံ သဖြင့် ယာဉ်နောက် လိုက်မှ ငွေကျပ် ၁ဝဝဝဝ ထုတ်ပေးခဲ့ကာ နောက်မှ မော်တော်ယာဉ် တစ်စီးထပ်မံ ရောက်ရှိသဖြင့် လူငယ်အားလုံး ထွက်ပြေး သွားခဲ့သည်။

ဖြစ်စဉ်ကြောင့် ဇူလိုင် ၁ ရက် နံနက် ၈ နာရီ အချိန်တွင် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်သိန်း ဦးစီး တပ်ဖွဲ့ဝင်များ ၊ နယ်မြေခံ နယ်ထိန်း တပ်ဖွဲ့ဝင်များ ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် အသိသက်သေများ ပူးပေါင်း စုံစမ်းရာ
ပြစ်မှု ကျူးလွန်သူ များဖြစ်သည့် ဘွမ်ယိန်း (၁၉)နှစ် (ဘ)ဦးဇောင်းလွမ်း ၊ ဆွမ်ဆိုင်းအောင် (၁၇)နှစ် (ဘ)ဦးနော်မိုင် ၊ လွမ်းဆောင်(၁၅)နှစ် (ဘ)ဦးချမ်းဂမ် ၊ ဒန်းမိုင်(၁၇)နှစ် (ဘ)ဦးလမိုင် မော်ဖောင်းကျေးရွာ နေသူ(၆)ဦးအား
သက်သေခံ ငွေကျပ် ၄၁ဝဝဝ ၊ ဆိုင်ကယ်(၂)စီး နှင့်အတူ ဖမ်းဆီး ရမိခဲ့ပြီး ပြစ်မှုကျူး လွန်ရာတွင် ပါဝင်သူ ဘောမ်ခေါ(၁၇)နှစ် (ဘ)ဦးတန့်ဘွမ် မှ ထွက်ပြေး တိမ်းရှောင်လျက် ရှိကာ ပြစ်မှု ကျူးလွန်သူ များအား သက်ဆိုင်ရာ
ဥပဒေပုဒ်မ များဖြင့် အမှုဖွင့် အရေးယူ နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

ACM Credit To :The Myawady Daily
http://www.ayechanmon-news1.com/

Post a Comment

 
Top