မန္တလေးမြို့တော်မှာ ရှိတဲ့ ဘာသာရေးကျောင်းတွေဆီကို ဘာသာပေါင်းစုံ လူငယ်တွေဟာ ဇွန်လ ၂၈ ရက်နေ့ မနက် ၈ နာရီကနေ ညနေ ၅ နာရီအထိ နေ့ချင်းပြန် လေ့လာရေးတွေ သွားရောက်မှာဖြစ်တယ်လို့ Smile Education က တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
ဒီလေ့လာရေးခရီးကို လိုက်ပါလိုတဲ့ လူငယ်တွေဟာ အသက် ၁၅ နှစ်ကနေ ၂၅ နှစ်အတွင်း ရှိရမှာဖြစ်ပြီး ငြိမ်းချမ်းရေးမှာ ပါဝင်လိုစိတ် ရှိရပါမယ်။ ဒါ့အပြင် အဖွဲ့အစည်းနဲ့ ပူးပေါင်းလိုစိတ်၊ ကိုးကွယ်ရာဘာသာတွေအကြား ကွဲပြားခြားနားမှုကို နားလည်နိုင်ရမှာဖြစ်ပြီး လေ့လာရေးခရီးစဉ်မှာ အပြည့်အ၀ ပူးပေါင်းပါဝင်နိုင်ရမှာဖြစ်ပါတ
ဒီခရီးစဉ်မှာ လိုက်ပါလိုတဲ့ လူငယ်တွေဟာ အမှတ် (၃၄) ၊ ၇၀-၇၁ လမ်းကြား၊ ၃၃ လမ်း၊ (၅)လွှာ၊ ရန်မျိုးလုံရပ် ကွက် ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့မှာရှိတဲ့ Smile Education and Development Foundation (Mandalay) ဆီမှာ ဇွန်လ ၂၅ ရက်နေ့ကို နောက်ဆုံးထားပြီး ဆက်သွယ် အကြောင်းကြားပေးရမှာပါ။
Aye Chan Mon Credit To: The Voice Weekly
http://
Post a Comment