၂၀၁၅ နီးလာလေလေ နောက်ကြောင်း ပြန်လှည့်သွားမလား ဆိုတဲ့ စိုးရိမ်ရတဲ့ အတွေးတွေ ပိုပိုပြီး များလာစေသလို ဖြစ်ပါတယ်။ ဆက်စပ်ပြီး ပြောရမယ် ဆိုရင်တော့ မဟာသန္တိသုခကျောင်းကို ဝင်ရောက်စီးနင်းမှု အနေအထားမျိုး၊ နောက် သတင်းဂျာနယ်တိုက်တွေကို ဒီလိုမျိုး စုံစမ်းစစ်ဆေးမှုတွေ ပြုတာမျိုး၊ ပြည်ထောင်စုဝန်ကြီး တစ်ဦးကိုတောင်မှ တာဝန်က ရပ်စဲလိုက်တဲ့ အချိန်မှာ လုံလောက်တဲ့ အကြောင်းပြချက်၊ လုံလောက်တဲ့ အကြောင်းပြချက် ဆိုတာက ဒါတွေကို ချိတ်ဆက်မိဖို့ အထူးစုံစမ်းစစ်ဆေးရေး ဌာနက ဆောင်ရွက်နေတာပေါ့။ ဒါတွေအားလုံး ကျွန်တော်တို့ မေ့ပစ်ခဲ့ချင်တဲ့ ခေတ်တစ်ခုရဲ့ လုပ်ဆောင်ချက်နဲ့ တော်တော်လေး တူနေပါတယ်။ ဒီလုပ်ဆောင်ချက်မျိုးကို ပြန်လည်ကျင့်သုံးနေတာဟာ တိုင်းပြည်အတွက် ရင်လေးစရာပါ။
ဇွန်လ ၂၈ ရက်နေ့ထုတ် မြန်မာသံတော်ဆင့်ဂျာနယ်ပါ
“သတင်းမီဒီယာများသို့ SB (သတင်းတပ်ဖွဲ့) များ စစ်ဆေးမေးမြန်းမှု ဖိအားပေးခြင်းသာဖြစ်” ဆောင်းပါးမှ ကောက်နုတ်ချက်
Aye Chan Mon Credit To: The Voice Weekly
http://
Post a Comment