0

နယူးယောက်ခ်-ဇွန်၂၅

အမေရိကန်-ကနေဒါ R&B အဆိုတော် ရိုဘင်သစ်ကီသည် ၎င်း၏ ဇနီးဟောင်း အကြောင်းရေးဖွဲ့ထားသည့် “Get Her Back” တေးသီချင်းသစ် အား လေးလေး နက်နက်ဖြင့် ၀မ်းနည်းစွာ သီဆိုထားသည့် ဗွီဒီယိုဖိုင်ကို အွန်လိုင်းပေါ်တွင် တင်ထားသည်ဟု Daily Mirror ကရေးသားထားသည်။
ယင်း ဗွီဒီယိုဖိုင် အတွင်း ရိုဘင်သစ်ကီသည် အပေါ်ပိုင်း အကျီဗလာဖြင့် ဇနီးဟောင်း ပေါလ်ပတ်တွန်အား ခွင့်လွှတ်ရန် တောင်းပန် ထားသည့် တေးသီချင်းကို ခံစားချက် အပြည့်ဖြင့် သီဆိုထားသည်။
မျှော်လင့်ချက် ကင်းမဲ့နေဟန်ရှိသည့် သစ်ကီ၏ မျက်နှာတွင် ဒဏ်ရာဗလပွနှင့် သွေးများ စွန်းထင်နေပြီး ဇနီးကို ပြန်လာစေချင်သည့် အဓိပ္ပာယ်ပါသည့် သီချင်းကို ဆိုညည်းထားသည်။ ယင်းတေးသီချင်းသည် “Paula” တေးအယ်လ်ဘမ်ထဲ မှဖြစ်ပြီး ၎င်းအယ်လ်ဘမ်သည် သစ်ကီ၏ ဇနီးသည်ကို အဓိက ရည်ညွှန်း သီဆိုထားသည့် အယ်လ်ဘမ်ဖြစ်သည်။
ယခု တင်ထားသည့် ဗွီဒီယိုဖိုင် အတွင်းတွင်လည်း “ငါမင်းကိုနွေးထွေးမှုတွေပေးနိုင်ဖို့ အမြဲကြိုးစားနေပါတယ် မင်းကသာ ငါ့ကိုအဝေးကြီး တွန်းပို့လိုက်တာပါ” ဟူသော စာသားကိုလည်း အသားပေး ဖော်ပြထားသည်။ ရိုဘင်သစ်ကီနှင့် ပတ်တွန်တို့သည် ကိုးနှစ်နီးပါး ပေါင်းသင်းလာခဲ့ပြီး ဖေဖော်ဝါရီလ အတွင်းကမှ လမ်းခွဲခဲ့ခြင်းဖြစ်သည်။ သို့သော် ၎င်းတို့နှစ်ဦးသည် အကောင်းဆုံး မိတ်ဆွေများအဖြစ် အမြဲရှိနေမည်ဟုလည်း ပြောကြားခဲ့သည်ကို People Magazine ကို ပေးပို့သည့် ပူးတွဲကြေညာချက် တစ်စောင်တွင် ပါရှိသည်။
၎င်းတို့ ဇနီးမောင်နှံသည် ဆယ်ကျော်သက် အရွယ်ကတည်းက ဆုံတွေခဲ့ကြခြင်း ဖြစ်ပြီး၂၀၀၅ခုနှစ်တွင် လက်ထပ်ကာ ၂၀၁၀ပြည့်နှစ်တွင် ဂျူလီယံ အမည်ရှိ သားတစ်ယောက် ရခဲ့သည်။ ရိုဘင်သစ်ကီနှင့် မိုင်လီဆိုင်းရပ်တို့၏ ကောလဟလ သတင်းများကြောင့်သာ လမ်းခွဲခဲ့ကြဟန် ရှိသည်ဟု Daily Mirror က ရေးသားဖော်ပြ ထားသည်။

Aye Chan Mon Credit To: Mizzima - News in Burmese
http://www.ayechanmon-news1.com/

Post a Comment

 
Top