0

ဥရုဂွေးတိုက်စစ်မှူး လူးဝစ်ဆွာရက်ဟာ မနေ့ညက အီတလီနဲ့ ကစားခဲ့တဲ့ အုပ်စုနောက်တဆင့်တက်ရေး အဆုံးအဖြတ်ပွဲမှာ အီတလီနောက်ခံလူ Giorgio Chiellini ရဲ့ ဘယ်ဘက်ပုခုံးကိုကိုက်လိုက်ပါတယ်။ ဟန်ဆောင်ကောင်းခဲ့တဲ့ ဆွာရက်ဟာ အဝါကဒ်တောင်မထိခဲ့ပါဘူး။ ပွဲအပြီး ရုပ်သံအနှေးပြကွက်တွေမှာတော့ ရည်ရွယ်ချက်ရှိရှိနဲ့ Giorgio Chiellini ပုခုံးကို ကိုက်ခဲ့တဲ့ အတွက် အရေးယူခံရဖွယ်ရှိပါတယ်။

လီဗာပူး အသင်းရဲ့ တိုက်စစ်မှူးလည်း ဖြစ်တဲ့ လူးဝစ် ဆွာရက်ဟာ ၂၀၁၃ ခုနှစ် English Premier League ပွဲစဉ်တခုဖြစ်တဲ့ ချဲလ်ဆီးနဲ့ လီဗာပူးပွဲစဉ်မှာလည်း ချဲလ်ဆီးနောက်ခံလူ အိုင်ဗန်နိုဗစ်ရဲ့ ညာဘက်လက်ကို ကိုက်ခဲ့ပါသေးတယ်။ လီဗာပူး အသင်းကို မရောက်ခင် အေဂျက် အသင်းမှာ ကစားစဉ် ၂၀၁၀ ခုနှစ်ကလည်း အေဂျက်အသင်းနဲ့ PSV အသင်းတို့ ကစားတဲ့ ပွဲမှာ PSV ကစားသမား Otman Bakkal ရဲ့ ပုခုံးကိုကိုက်ခဲ့ဖူးပါတယ်။

ဆွာရက်ဟာ ကမ္ဘာကျော်တိုက်စစ်မှူး စာရင်းဝင်ကစားသမားတဦးဖြစ်ပေမယ့် စိတ်ဓာတ်ပိုင်းဆိုင်ရာမှာတော့ အားနည်းချို့ယွင်းချက်တွေ ရှိနေပါတယ်။ ၂၀၁၂-၁၃ English Premier League ပြိုင်ပွဲမှာလည်း မန်ချက်စတာယူနိုက်တက် နောက်ခံလူ အီဗရာကို လူမျိုးရေးခွဲခြားပြောဆိုခဲ့တဲ့အတွက် ၂၀၁၃-၁၄ ရာသီအစမှ ပွဲပယ်ပြစ်ဒဏ်ထိခဲ့ပါသေးတယ်။

အီတလီ ကစားသမား Giorgio Chiellini ကိုကိုက်ခဲ့တဲ့ ရုပ်သံ -http://www.youtube.com/watch?v=8W8VC-WY-V8

ချဲဆီးကစားသမား အိုင်ဗန်နိုဗစ်ကို ကိုက်ခဲ့တဲ့ ရုပ်သံ - http://www.youtube.com/watch?v=GopdzPxE2gk

PSV ကစားသမား Otman Bakkal ကိုကိုက်ခဲ့တဲ့ ရုပ်သံ -http://www.youtube.com/watch?v=na3jBn2jdS0

Aye Chan Mon Credit To: The Irrawaddy (Burmese Version)
http://www.ayechanmon-news1.com/
 (5 photos)

Post a Comment

 
Top